အာဆင်နယ်အသင်းရဲ့ ဂိုးသမား လီနိုကတော့ အသက် (၁၈) နှစ်အရွယ် လူငယ် ကြယ်ပွင့် အသင်းဖော် ဖြစ်တဲ့ မာတင်နယ်လီကို ချီးကျူးခဲ့ပြီး နောင်တစ်ချိန်မှာ ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက် ဖြစ်လာနိုင်ပါတယ်လို့ Soccer AM သတင်းမှာ အခိုင်အမာ ပြောကြားသွားလိုက်ပါတယ်။ အာဆင်နယ် ရှေ့တန်းကစားသမား မာတင်နယ်လီဟာ အာဆင်နယ်အသင်းကို နည်းပြ အူနိုင်း အမ်မရီ နည်းပြခဲ့တဲ့ အချိန်မှာ အာဆင်နယ်အသင်းကို ပေါင် (၆) သန်းနဲ့ ရောက်ရှိလာခဲ့ပြီး နည်းပြ အမ်မရီရဲ့ လက်အောက်မှာ ကတည်းက အာဆင်နယ်အသင်းအတွက် အရေးပါနေခဲ့ပါတယ်။

Photo Credit: Goal

မာတင်နယ်လီဟာ အာဆင်နယ်အသင်းအတွက် ပွဲစဉ် (၂၆) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၀) ဂိုးအထိ သွင်းယူထားပြီ ဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့ (၂-၂) သရေကျ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆိုရင် အလွန် လှပတဲ့ တစ်ကိုယ်တော် သွင်းဂိုးကိုလည်း သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ မာတင်နယ်လီဟာ လက်ရှိ အာဆင်နယ် နည်းပြ အာတီတာရဲ့ လက်အောက်မှာလည်း ပွဲထွက် ကစားခွင့် ရရှိနေပြီး လေဗာကူဆင်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွေ့လာခဲ့တဲ့ ဂိုးသမား လီနိုက မာတင်နယ်လီကို ကမ္ဘာ့ အဆင့် ကစားသမား ဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

Photo Credit: Goal

ဂိုးသမား လီနိုက “မာတင်နယ်လီက ကမ္ဘာ့အဆင့်ကစားသမား ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကမ္ဘာ့အဆင့်ကစားသမား ဖြစ်လာနိုင်ပါတယ်။ (၁၀၀) ရာခိုင်နှုန်း သေချာတယ်။ ဘာလို့လဲဆိုရင် သူ့မှာ ပင်ကိုယ်စွမ်းရည်ရှိတယ်။ သူ့မှာ အရည်အချင်း ရှိတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ အကြီးမားဆုံး အားသားချက်ကတော့ သူ့ရဲ့ စိတ်ဓါတ် ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ သူက မယုံနိုင်စရာ ကောင်းလောက်အောင် ကြိုးစားပါတယ်။ ကျွန်တော်တို့ အခက်အခဲ ကြုံပြီး အလွန် ရုန်းကန်နေခဲ့ရစဉ်မှာ သူက အလွန် ကြိုးစားခဲ့ပါတယ်။ သူက ခေါင်းဆောင်တွေထဲက တစ်ယောက်ပါပဲ။ သူ အသက် (၁၈) နှဏ် အရွယ်ပဲ ရှိသေးတယ်။ သူ ဘယ်ကနေ လာသလဲ ဆိုတာကို မသိခဲ့ကြဘူး။ အရင်က သူ့ကို ဘယ်သူ့မှ မသိခဲ့ကြဘူး။ သူ အခုလို ကစားနေတာ နဲ့ အခုလို ဓိတ်ထားရှိတာကို မြင်ရတာက အလွန် ကောင်းပါတယ်”လို့ ပြောကြားသွားပါတယ်။