အာဆင္နယ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကို ရွုံးပြဲမရွိစံခ်ိန္နဲ႔ ရယူနိုင္ခဲ့ဖူးတဲ့ ဂႏၲဝင္ ကစားသမားႀကီး မာတီကီအြန္ကေတာ့ လက္ရွိ ေဘာလုံးရာသီမွာ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ဖလားကို ရွုံးပြဲမရွိစံခ်ိန္နဲ႔ ရယူနိုင္မွာ ျဖစ္သလို လီဗာပူးလ္အသင္းရဲ့ အဓိက ေနာက္ခံလူ ဗာဂ်ယ္ဗန္ဒိုက္ကိုလည္း ပရီးမီးယားလိဂ္ရဲ့ သမိုင္းမွာ အေကာင္းဆုံးေနာက္ခံလူလို႔ ခ်ီးက်ဴး ေျပာဆိုသြားခဲ့ပါတယ္။

Photo Credit: Metro.com

လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ အတြင္းမွာ ရွုံးပြဲတစ္ပြဲမွ မရွိခဲ့သလို ေနာက္ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ္ ၃၇ပြဲဆက္ ရွုံးပြဲ ၾကဳံေတြ႕ထားျခင္းမရွိတဲ့ အသင္းျဖစ္ၿပီး ဗာဂ်ယ္ ဗန္ဒိုက္ဟာလည္း လက္ရွိအခ်ိန္မွာ ကမၻာ့ အေကာင္းဆုံးေနာက္ခံလူအျဖစ္ သတ္မွတ္ခံထားရတာေၾကာင့္ ကီအြန္က အခုလို ခ်ီးက်ဴး ေျပာဆိုသြားခဲ့တာလည္း ျဖစ္ပါတယ္။

Photo Credit: Metro.com

ဗန္ဒိုက္ဟာ သူျမင္ဖူးတဲ့ ပရီးမီးယားလိဂ္ ေနာက္ခံလူေတြထဲမွာ အေကာင္းဆုံး ေနာက္ခံလူျဖစ္ေၾကာင္း ကီအြန္က ” ကၽြန္ေတာ့္အထင္ သူက ျမင္ဖူးသမၽွ ပရီးမီးယားလိ​ဂ္ ေနာက္ခံလူေတြထဲမွာ အေကာင္းဆုံးပါပဲ။ သူ ကစားေနရတာကို ၾကည့္ရတာဟာ အရမ္းကို ျပည့္စုံေနပါတယ္ ” လို႔ ေျပာဆိုသြားခဲ့တာပါ။

Photo Credit: Metro.com

ယခုတစ္ပတ္မွာေတာ့ လီဗာပူးလ္အသင္းဟာ စပါးအသင္းနဲ႔ ပြဲက်ပ္တစ္ပြဲကို ကစားသြားရမွာျဖစ္ၿပီး အဆိုပါပြဲစဥ္မွာသာ ရွုံးပြဲမရွိခဲ့ပါက လီဗာပူးလ္အသင္းဟာ ၃၈ပြ​ဲ ဆက္တိုက္ ရွုံးပြဲမရွိတဲ့စံခ်ိန္ကို ရရွိမွာျဖစ္ၿပီး အဆိုပါစံခ်ိန္နဲ႔အတူ လီဗာပူးလ္အသင္းဟာ ဥေရာပရဲ့ ရွုံးပြဲမရွိ စံခ်ိန္ မွတ္တမ္းေတြထဲမွာ နံပါတ္၁၀ေျမာက္အသင္းအျဖစ္ မွတ္တမ္းဝင္မယ္လို႔ သိရပါတယ္။

အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ရှုံးပွဲမရှိစံချိန်နဲ့ ရယူနိုင်ခဲ့ဖူးတဲ့ ဂန္တဝင် ကစားသမားကြီး မာတီကီအွန်ကတော့ လက်ရှိ ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရှုံးပွဲမရှိစံချိန်နဲ့ ရယူနိုင်မှာ ဖြစ်သလို လီဗာပူးလ်အသင်းရဲ့ အဓိက နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်ကိုလည်း ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှာ အကောင်းဆုံးနောက်ခံလူလို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အတွင်းမှာ ရှုံးပွဲတစ်ပွဲမှ မရှိခဲ့သလို နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၃၇ပွဲဆက် ရှုံးပွဲ ကြုံတွေ့ထားခြင်းမရှိတဲ့ အသင်းဖြစ်ပြီး ဗာဂျယ် ဗန်ဒိုက်ဟာလည်း လက်ရှိအချိန်မှာ ကမ္ဘာ့ အကောင်းဆုံးနောက်ခံလူအဖြစ် သတ်မှတ်ခံထားရတာကြောင့် ကီအွန်က အခုလို ချီးကျူး ပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

ဗန်ဒိုက်ဟာ သူမြင်ဖူးတဲ့ ပရီးမီးယားလိဂ် နောက်ခံလူတွေထဲမှာ အကောင်းဆုံး နောက်ခံလူဖြစ်ကြောင်း ကီအွန်က ” ကျွန်တော့်အထင် သူက မြင်ဖူးသမျှ ပရီးမီးယားလိ​ဂ် နောက်ခံလူတွေထဲမှာ အကောင်းဆုံးပါပဲ။ သူ ကစားနေရတာကို ကြည့်ရတာဟာ အရမ်းကို ပြည့်စုံနေပါတယ် ” လို့ ပြောဆိုသွားခဲ့တာပါ။

Photo Credit: Metro.com

ယခုတစ်ပတ်မှာတော့ လီဗာပူးလ်အသင်းဟာ စပါးအသင်းနဲ့ ပွဲကျပ်တစ်ပွဲကို ကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာသာ ရှုံးပွဲမရှိခဲ့ပါက လီဗာပူးလ်အသင်းဟာ ၃၈ပွ​ဲ ဆက်တိုက် ရှုံးပွဲမရှိတဲ့စံချိန်ကို ရရှိမှာဖြစ်ပြီး အဆိုပါစံချိန်နဲ့အတူ လီဗာပူးလ်အသင်းဟာ ဥရောပရဲ့ ရှုံးပွဲမရှိ စံချိန် မှတ်တမ်းတွေထဲမှာ နံပါတ်၁၀မြောက်အသင်းအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။