MySport Myanmar

ဘရိုက်တန်နဲ့ ရာသီသစ် အဖွင့်ပွဲမှာ မာရှယ်ရဲ့ အရန်အဖြစ်သာ ပါဝင်ခွင့်ရမယ့် ရိုနယ်ဒို

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ယခုတပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁)မှာ အသင်းရဲ့ ပွဲထွက်လူစာရင်း ကနေ ပါဝင်ရဖို့ မရှိပဲ အရန်ကစားသမား အဖြစ်သာ ပါဝင်ခွင့်ရမယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ယခု နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့သလို အသင်းရဲ့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေကိုလည်း လာရောက် ပူးပေါင်းဖို့ ပျက်ကွက်ခဲ့သူပါ။

Photo Credit: Metro

ဒါကြောင့်ပဲ ခရစ္စတီယာနို ရိုနယ်ဒိုက ရာသီကြိုကာလမှာ မန်ချက်စတာ ယူနိုက်တက် အတွက် စုစုပေါင်း ၄၅မိနစ်သာ ပါဝင် ကစားပေးထားနိုင်ပြီး သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေကလည်း ယူနိုက်တက်ရဲ့ အခြား တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ မာရှယ်နဲ့ ရက်ဖို့ဒ်တို့ကို မမှီသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကလည်း ဗယ်လက်ကာနိုနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ခြေစမ်းပွဲမတိုင်မီ ရိုနယ်ဒိုရဲ့ ကြံ့ခိုင်မှု အနေအထားဟာ အသင်းရဲ့ အခြား ကစားသမားတွေကို မမှီသေးကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားခဲ့သလို ရိုနယ်ဒိုကို ပွဲထွက်ခွင့် ပေးဖို့ဟာ အနည်းငယ် ခက်ခဲနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုနယ်ဒိုဟာ တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်မှာ မာရှယ်ရဲ့ အရန်အဖြစ်သာ ကစားခွင့် ရဖို့ ရှိနေပြီး အကယ်၍ သူကသာ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိနေရင် လူစာရင်းကနေပါ ချန်လှပ်ခံရနိုင်ကြောင်း သိရပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ရှိ လူစာရင်းမှာ မာရှယ်နဲ့ ရိုနယ်ဒိုတို့ နှစ်ဦးထဲကသာ အထောင်တိုက်စစ်မှူး အဖြစ် ကစားနိုင်စွမ်း ရှိတာကြောင့် တန်ဟက်ဂ်အနေနဲ့ ရိုနယ်ဒိုကို ပွဲထွက်ခွင့် မပေးရင်တောင် အသင်းရဲ့ လူစာရင်းထဲမှာ ထည့်သွင်းဖို့ သေချာသလောက် ရှိနေ

Exit mobile version