မနေ့ညက ကျင်းပသွားခဲ့တဲ့ ကာဇတ်စတန်အသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်းမှာ ပြင်သစ်အသင်းအတွက် အဖွင့်ဂိုးမှာ ပါဝင်ပတ်သတ်ခဲ့ကြတဲ့ အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်သော အန်တိုနီမာစီယဲလ်နဲ့ အူစမန်ဒမ်ဘီလီတို့နှစ်ယောက်ရဲ့ ခြေစွမ်းပိုင်းတွေကို ပြင်သစ်လက်ရွေးစင်နည်းပြ ဒီိဒီယာဒေ့ရှောင့်ကနေပြီး ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : beIN Sports

ပြင်သစ်အသင်းဟာ ကာဇတ်စတန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ခြေစစ်ပွဲစဉ်အတွင်းမှာ တောင့်တင်းလှတဲ့ လူစာရင်းမျိုးနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီး တိုက်စစ်ပိုင်းမှာလည်း တိုက်စစ်မှုူး မာစီယဲလ်ကို အထောင်ထားကာ သူရဲ့နောက်က နောက်ချန်တိုက်စစ်နေရာမှာတော့ ဂရီးဇ်မန်းကို သုံးလာခဲ့သလို တောင်ပံနှစ်ဖက်မှာတော့ သောမတ်စ်လီမာနဲ့ ဒမ်ဘီလီတို့ကို အသုံးပြုလာခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ပြင်သစ်အသင်းက ပထမပိုင်းမှာ သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးတွေနဲ့ပဲ ပွဲကိုအနိုင်ရရှိခဲ့ပြီး ရမှတ်(၄)မှတ်နဲ့ အုပ်စု(D)ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေနိုင်ခဲ့ပါတယ်။

Photo Credit : The Jarkata Post

ဒီပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒမ်ဘီလီနဲ့ အဲ့ဒီသွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ မာစီယဲလ်တို့နဲ့ပတ်သတ်ပြီး ဒေ့ရှောင့်က “သူတို့နှစ်ယောက်စလုံးက စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေကို လုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ အူစမန်ကလည်း ညာတောင်ပံ တိုက်စစ်အခြမ်းမှာ ပြန်လည်ကစားနိုင်ခဲ့တယ်။ သူက ညာဘက်ခြမ်းမှာ ပြေးလွှားကစားမှုကို ထပ်တလဲလဲ လုပ်ဆောင်နိုင်ခဲ့ပြီး မတူကွဲပြားတဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြသနိုင်ခဲ့တယ်။ အသင်းအတွက်ကိုလည်း သွင်းဂိုးရယူပေးနိုင်ခဲ့ပါသေးတယ်။ အန်တိုနီကလည်း ဒီဂိုးမှာ ပါဝင်ပတ်သတ်ခဲ့တယ်။ ဒါက သူတို့အတွက်တော့ တကယ့်ကိုကောင်းမွန်တဲ့ အရာပါပဲ။ ကျွန်တော် သူတို့နှစ်ယောက်ကို လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခဲ့စဉ်တုန်းက သူတို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာကလပ်အသင်းတွေမှာ ပွဲထွက်ကစားသမားတွေအဖြစ် ပါဝင်နေကြပါပြီ။ ကျွန်တော်တို့မှာက တခြားတိုက်စစ်ကစားသမားတွေလည်း ရှိနေတယ်ဆိုပေမယ့် ပြိုင်ဘက်အသင်းရဲ့ ကစားသမားအခြေအနေတွေကိုကြည့်ပြီး ပြိုင်ဘက်အသင်းသားတွေကို အလိမ်အခေါက်တွေနဲ့ ကျော်ဖြတ်ဖို့ လိုအပ်တဲ့အတွက် သူတို့ကို ရွေးချယ်လိုက်ရတာဖြစ်ပါတယ်။ သူတို့ကလည်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်” လို့ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။