မန်ယူတိုက်စစ်မှူး မာရှယ်ကတော့ နည်းပြ မော်ရင်ဟိုအနေနဲ့ မန်ယူအသင်းကို နည်းပြခဲ့စဉ်က မျက်နှာချင်းဆိုင် တိုက်ရိုက် ပြောသင့်ပြီး လူတွေရှေ့မှာ မပြောသင့်ပါဘူးလို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၄) နှစ်မှာတော့ နည်းပြ မော်ရင်ဟိုဟာ နည်းပြ ဗန်ဟားလ်ရဲ့ နေရာကို အစားထိုး နေရာယူပြီး မန်ယူအသင်းရဲ့နည်းပြသစ် ဖြစ်ခဲ့ပေမဲ့ ကစားသမားတွေနဲ့ အဆင်မပြေ တင်းမာမှုတွေ များသထက် များလာတာကြောင့် မန်ယူနည်းပြအဖြစ်က အထုတ်ခံခဲ့ရပါတယ်။

Photo Credit: Goal

လက်ရှိ စပါး နည်းပြ မော်ရင်ဟိုဟာ လွန်ခဲ့တဲ့ (၂၀၁၆) ခုနှစ်ကနေ (၂၀၁၈) ခုနှစ်အထိ မန်ယူ အသင်းကို နည်းပြခဲ့ပြီး မန်ယူအသင်းကို နည်းပြခဲ့စဉ်က ပြိုင်ပွဲစုံပွဲစဉ် (၁၄၄) ပွဲ နည်းပြခဲ့ရာမှာ (၈၄) ပွဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ နည်းပြ မော်ရင်ဟိုကို မန်ယူအသင်းရဲ့ နည်းပြအဖြစ်က ထုတ်ပယ်ခဲ့ပြီး နည်းပြ ဆိုးလ်ရှားကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး တိုက်စစ်မှူး မာရှယ်ကတော့ မော်ရင်ဟိုအနေနဲ့ လူထုရှေ့မှာ မဆူသင့်ပါဘူးလို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မာရှယ်က “မော်ရင်ဟိုအနေနဲ့ ကျွန်တော့်ကို တိုက်ရိုက် ပြောရင် ကျွန်တော် ပိုသဘောကျတယ် ဆိုတာ အမှန်ပါပဲ။ သူ လူထုရှေ့မှာ ပြောစရာ မလိုပါဘူး။ နောက်ပြီးတော့ သူ မှားတယ် ဆိုတာကို ကျွန်တော် သက်သေပြချင်ခဲ့ပါတယ်။ သူ နည်းပြခဲ့တဲ့ ပထမ ပွဲစဉ် အနည်းငယ်မှာ သူ ကျွန်တော့်ကို မသုံးချင်ခဲ့ပါဘူး။ ကျွန်တော် ပွဲထွက်ခွင့် ရတိုင်း ကျွန်တော် ဂိုးသွင်းပါတယ်။ သူ့ကို ပွဲထွက်ခွင့်ရဖို့ ထိုက်တန်တယ် ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။