မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဟားဂရေ့စ်ကတော့ လက်ရှိ မန်ယူအသင်း တိုက်စစ်မှူး မာရှယ်ကို ချီးကျူးသွားခဲ့ပြီး မာရှယ်က ဖယ်ရာရီကားနဲ့ တူတယ်လို့ ခိုင်းနှိုင်းပြောဆိုသွားခဲ့သလို ပေါင် သန်း (၁၀၀) တန်ပါတယ်လို့လည်း BT Sport မှာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး မာရှယ်ဟာ ကိုပင်ဟေဂင်အသင်းကို အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ပင်နယ်တီ ရယူပေးနိုင်ခဲ့တာ ဖြစ်ပြီး သူကြောင့် ရရှိနိုင်ခဲ့တဲ့ ပင်နယ်တီကို အသင်းဖော် ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်က အမှားမယွင်းမရှိ သွင်းဂိုး အဖြစ် ပြောင်းလဲခဲ့ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ ကိုပင်ဟေဂင်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ် စွမ်းရည်ကို ပြသခဲ့ပြီး ဂိုးပေါက်တည် ကန်သွင်းမှု (၁၄) ကြိမ် ပြုလုပ်ခဲ့ရာမှာ (၂) ကြိမ် ဂိုးတိုင် ထိသွားခဲ့တာ ဖြစ်ပြီး ဟားဂရေ့စ်ကတော့ တိုက်စစ်မှူး မာရှယ်ကို ပေါင် သန်း (၁၀၀) တန်တယ်လို့ ပြောခဲ့ပါတယ်။ BT Sport မှာ ဟားဂရေ့စ်က “လူတိုင်းက မာရှယ်ရဲ့ ပက်သက်ပြီး သူတို့ရဲ့ အမြင်တွေကိုလည်း ပြောနိုင်တယ်။ ကျွန်တော့်ရဲ့ အမြင်မှာတော့ သူက ဖယ်ရာရီကားနဲ့ တူပါတယ်။ သူက ပေါင် သန်း (၁၀၀) တန်တဲ့ ကစားသမား ဖြစ်ပါတယ်”လို့ မှတ်ချက်ပေး ပြောကြားသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဗန်ပါစီကလည်း ကိုပင်ဟေဂင်အသင်းနဲ့ ပွဲစဉ်က မန်ယူ တိုက်စစ်မှူး မာရှယ်ရဲ့ စွမ်းဆောင်ရည်ကို ထပ်လောင်းချီးကျူးသွားခဲ့တာ ဖြစ်ပြီး တိုက်စစ်မှူး မာရှယ်က အထောင် တိုက်စစ်မှူး တစ်ဦး ဖြစ်ဖို့ လိုအပ်တာ မှန်သမျှ ရှိတယ်လို့ ပြောခဲ့ပါတယ်။ မန်ယူ တိုက်စစ်မှူးဟောင်း ဗန်ပါစီကလည်း “အခု ကျွန်တော် တွေးနေမိတာကတော့ မာရှယ်က ပွဲစဉ်ကို ပြောင်းလဲနိုင်တယ် ဆိုတာပါပဲ။ သူမှာ ဘာမဆို ရှိပါတယ်။ သူက ကစားသမားကိုလည်း ကျော်ဖြတ်နိုင်တယ်။ သူက ဂိုးတွေလည်း သွင်းနိုင်ပါတယ်။ သူက အထောင် တိုက်စစ်မှူး တစ်ယောက် ဖြစ်ဖို့ ဘာမဆို ရှိပါတယ်”လို့ အခိုင်အမာ ချီးကျူးပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။