ပြင်သစ်တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ဟာ လက်ရှိ လာလီဂါကလပ် ဆီဗီလာအသင်းမှာ အငှားစာချုပ်နဲ့ သွားရောက်ကစားနေပေမယ့် လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ သူရဲ့မူလ ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြန်သွားဖို့ ဆန္ဒမရှိတော့ပဲ ဆီဗီလာကို အပြီးသတ် ပြောင်းရွှေ့တာ ဒါမှမဟုတ် တခြားအသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့တာမျိုးကိုသာ လုပ်ဆောင်သွားချင်နေတယ်လို့ သိရှိရပါတယ်။

Anthony Martial: La Liga club Sevilla have loan offer for Manchester United  and France forward rejected - report - Eurosport

Photo Credit : Eurosport

အသက်(၂၆)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ၂၀၁၅ခုနှစ်ကတည်းက ယူနိုက်တက်အသင်းဆီကို ရောက်ရှိနေတာဖြစ်ပေမယ့် နောက်ပိုင်းနှစ်တွေမှာ အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသဖို့ ရုန်းကန်နေရတာကြောင့် ပွဲကစားခွင့်တွေပါ နည်းပါးလာခဲ့ရပြီး ဆောင်းစျေးကွက်အတွင်းမှာပဲ ဆီဗီလာအသင်းဆီကို ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ရပါတယ်။ ယူနိုက်တက်မှာ ပါဝင်ကစားခွင့်ရဖို့ ခက်ခဲနေရတဲ့ မာစီယဲလ်ဟာ ဆီဗီလာမှာတော့ ပွဲတိုင်းနီးပါး ပါဝင်ခွင့် ရရှိနေတဲ့အပြင် အယ်လ်ချီနဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး ဖန်တီးနိုင်ခဲ့သလို ဒိုင်နမိုဇာဂရက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာပါ သူရဲ့ဆီဗီလာ ကစားသမားဘဝ ပထမဆုံး သွင်းဂိုးကိုလည်း စတင်သွင်းယူနိုင်ခဲ့ပါတယ်။

Sevilla director names big change with Anthony Martial since leaving  Manchester United - Manchester Evening News

Photo Credit : Manchester Evening News

မာစီယဲလ်က ယူနိုက်တက်ကနေ ဆီဗီလာအသင်းဆီ ဒီနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်ထိသာ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အပြီးသတ် ပြောင်းရွှေ့ခွင့်ကိုပါ ထည့်သွင်းထားခြင်း မရှိတာကြောင့် အငှားသက်တမ်း ပြည့်မြောက်ပြီဆိုတာနဲ့ ယူနိုက်တက်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာစီယဲလ်ကတော့ ယူနိုက်တက်အသင်းမှာ မပျော်ရွှင်တော့သလို အသင်းအပြောင်းအလဲ မလုပ်ဆောင်ခင်မှာလည်း ယူနိုက်တက်နည်းပြ ရန်းနစ်နဲ့ပါ ဆက်ဆံရေးပိုင်း အဆင်မပြေ ဖြစ်နေရတာကြောင့် ယူနိုက်တက်ဆီ ပြန်သွားလိုခြင်း မရှိပဲ အသင်းပြောင်းဖွယ်သာ ရှိနေတယ်လို့ Sunday Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းကလည်း လာမယ့်နွေမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကာဗာနီ မာစီယဲလ်တို့အပြင် ရော်နယ်လ်ဒိုကိုပါ လက်လွတ်ရနိုင်တဲ့ အခြေအနေမျိုးတွေနဲ့ ကြုံနေရတာဖြစ်လို့ တိုက်စစ်ပိုင်း ပြန်လည်အားဖြည့်ဖို့အတွက် ကစားသမားများစွာ ပစ်မှတ်ထားနေပြီး မနေ့ညက အသင်းဘက်ကို ဒုတိယ ချေပဂိုး သွင်းယူခဲ့တဲ့ လိဒ်စ်ယူနိုက်တက် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ညာကိုလည်း ခေါ်ယူသွားချင်နေတယ်လို့ သိရှိရရပါတယ်။