MySport Myanmar

ဘိုင်လီကို အပြီးသတ် ခေါ်ယူမှာ မဟုတ်ပဲ မန်ယူဆီသာ ပြန်ပို့မယ့် မာဆေးလ်

ပြင်သစ် လီဂူးဝမ်းရဲ့ နာမည်ကျော် ကလပ်အသင်း မာဆေးလ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ ခံစစ်ကစားသမား အဲရစ်ဘိုင်လီကို အပြီးသတ် ခေါ်ယူမှာ မဟုတ်ပဲ မန်ယူနိုက်တက်ဆီသာ ပြန်လည် ပို့ဆောင်မယ်လို့ သိရှိရပါတယ်။

Photo Credit : Caught Offside

အသက် (၂၉)နှစ်အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ဗဟိုခံစစ်မှူး ဘိုင်လီဟာ ၂၀၁၆ခုနှစ်ကမှ ဗီလာရီးယဲလ်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ (၆)ရာသီအထိ ဖြတ်သန်းခဲ့ရာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၁၃)ပွဲသာ ကစားထားခဲ့ရပါတယ်။ ဒီရာသီမှာတော့ ယူနိုက်တက်ကနေ မာဆေးလ်အသင်းဆီ အငှားနဲ့ သွားကစားခဲ့ရတဲ့ ဘိုင်လီဟာ သူရဲ့ ထုံးစံအတိုင်း ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့အပြင် ပွဲတစ်ပွဲမှာလည်း ပြိုင်ဘက် ကစားသမားအပေါ် ကြမ်းတမ်းစွာ ပြုမှုခဲ့ခြင်းကြောင့်ပါ ပွဲရှည် ပွဲပယ်ခံခဲ့ရပါသေးတယ်။

Photo Credit : UK Daily Post

မာဆေးလ်အသင်းဟာ ဘိုင်လီကို အငှားစာချုပ်နဲ့ ခေါ်ယူခဲ့စဉ်တုန်းက အပြီးသတ် ခေါ်ယူခွင့်ပါ ထည့်သွင်းခဲ့ပေမယ့် မာဆေးလ်ဘက်က အဲ့ဒီ အပြီးသတ် ခေါ်ယူခွင့်ကို အသုံးပြုမှာ မဟုတ်ပဲ ဘိုင်လီကို သူရဲ့မိခင်ကလပ် ယူနိုက်တက်ဆီ ပြန်ပို့ဆောင်ဖွယ်သာ ရှိနေပါတယ်။ ဘိုင်လီက ယူနိုက်တက်အသင်းနဲ့ ၂၀၂၄ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ယူနိုက်တက်ဘက်က ဘိုင်လီကို အသင်းမှာ နေရာ ပြန်ပေးဖွယ် မရှိတော့ပဲ နွေဈေးကွက်အတွင်းမှာပဲ ရောင်းထုတ်သွားဖို့သာ ရှိနေပါတယ်။ ယူနိုက်တက်က လာမယ့် ဈေးကွက်ထဲမှာ အသင်းရဲ့ ခံစစ်ပိုင်းထဲကမှ အသင်းခေါင်းဆောင် မက်ဂွိုင်းယား အပါအဝင် ဘိုင်လီ ဖေးလ်ဂျုံးစ် တွမ်ဇီဘီတို့ အားလုံးကို အပြီးသတ် ရောင်းချသွားဖို့ အစီအစဉ် ရှိနေတယ်လို့ သိရပါတယ်။

Exit mobile version