မာဆေးလ်အသင်းကတော့ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ အာဆင်နယ် တိုက်စစ်ကစားသမား အက်ဒီ အန်ကယ်တီယာကို ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်သွားဖို့ထက် ဒေါ့မွန်ရဲ့ ကြယ်ပွင့် ကစားသမားလေးဖြစ်တဲ့ ယူဆွတ်ဖာ မူခိုခိုကိုသာ ခေါ်ယူသွားတော့မှာ ဖြစ်ပါတယ်။

မာဆေးလ်က ဒီရာသီမှာ အင်္ဂလန် တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်ကို မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ခေါ်ယူခဲ့ပြီးတဲ့နောက် အသင်းတိုက်စစ်ပိုင်းအတွက် နောက်ထပ် အင်္ဂလန် ကစားသမားဖြစ်သူ အန်ကယ်တီယာကိုပါ ထပ်မံ ကြိုးပမ်းလာခဲ့ပါတယ်။

Photo Credit : Transfermarket

ဒါကြောင့် မာဆေးလ်က ဂရင်းဝုဒ်နဲ့ စပါး ကွင်းလယ်လူ ဟွိုင်းဘယက်ကို ခေါ်ယူခဲ့ပြီးတဲ့နောက် အန်ကယ်တီယာကို ကြိုးပမ်းလာပြီး ပြောင်းရွှေ့ကြေး ယူရို (၂၇)သန်းတန် ကနဦး ကမ်းလှမ်းချက်လည်း ပြုလုပ်ခဲ့ပေမယ့် အာဆင်နယ်ကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့သလို ယူရို (၃၅)သန်းနဲ့ ကမ်းလှမ်းမှသာ စဉ်းစားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

မာဆေးလ်ဘက်က အန်ကယ်တီယာအတွက် ယူရို (၃၅)သန်းအထိ အသုံးပြုသွားဖို့ ဆန္ဒမရှိတော့တဲ့အတွက် အန်ကယ်တီယာအစား မူခိုခိုကိုပဲ ပြောင်းလဲ အာရုံစိုက်လာခဲ့ပါတယ်။ အသက် (၁၉)နှစ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ၂၀၁၇ကတည်းက ဒေါ့မွန်အကယ်ဒမီဆီကို ရောက်လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသင်းနဲ့ လမ်းခွဲသွားဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

Photo Credit : Transfermarket

အရည်အသွေးမြင့် လူငယ်ကစားသမားလေးဖြစ်တဲ့ မူခိုခိုကို အရောင်းစာရင်း တင်လိုက်တဲ့ အချိန်မှာ ကလပ်အသင်းများစွာက အပြိုင်အဆိုင် ချဉ်းကပ်လာခဲ့ရင်း ဒီအသင်းတွေထဲကမှ မာဆေးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ မူခိုခိုကိုယ်တိုင် ရွေးချယ်လိုက်ပြီး အပြောင်းအရွှေ့ကတော့ အငှား + အပြီးသတ်ခေါ်ယူခွင့်နဲ့ ဖြစ်လာပါလိမ့်မယ်။

မူခိုခိုဟာ ဒေါ့မွန်မှာ ပွဲကစားခွင့်တွေ သိပ်မရတာကြောင့် ဒီနွေမှာပဲ အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ပြီး မာဆေးလ်ကတော့ အသင်းတိုက်စစ်ပိုင်းအတွက် ဂရင်းဝုဒ်အပြင် မူခိုခိုကိုပါ ခေါ်ယူဖြည့်တင်းလိုက်နိုင်တာက အသင်းအတွက် အလွန် အားရစရာကောင်းတဲ့ ခေါ်ယူမှု ဖြစ်လာပါလိမ့်မယ်။