MySport Myanmar

ဂရင်းဝုဒ် အသင်းဖော်ဟောင်း ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူချင်နေတဲ့ မာဆေးလ်

မာဆေးလ်အသင်းကတော့ တိုက်စစ်ကစားသမား အီလီ ဝါဟီကို ဖရန့်ဖတ်အသင်းဆီ ရောင်းချသွားရဆေတာ့မှာဖြစ်လို့ တိုက်စစ်ပိုင်း ပြန်လည် အားဖြည့်သွားဖို့အတွက် မန်ချက်စတာ ယူနိုက်တက်က မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ ဘိုင်ယန်မြူးနစ်က မာသီးယပ်စ် တဲလ်တို့ နှစ်ဦးလုံးကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။

ဒီနွေမှ လန်းစ်ကနေ မာဆေးလ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဝါဟီဟာ အသင်းမှာ ပွဲကစားခွင့် သိပ်မရဘဲ အသင်းအတွက်လည်း သွင်းဂိုး (၃)ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ အခုတော့ ဝါဟီဟာ အိုမာ မာမွတ်ရှ်ကို မန်စီးတီးဆီ လက်လွတ်လိုက်ရတဲ့ ဖရန့်ဖတ်အသင်းဆီ ပြောင်းရွှေ့တော့မှာဖြစ်လို့ မာဆေးလ်က ဝါဟီနေရာအတွက် ကစားသမား ဖြည့်တင်းချင်လာပါတယ်။

Photo Credit : Sky Sports

ဒီလို တိုက်စစ်ကစားသမား လိုအပ်လာတဲ့ မာဆေးလ်က လတ်တလောမှာ မန်ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို မျက်စိကျလို့နေပြီး နည်းပြ ရောဘတ်တို ဒီဇာဘီကလည်း အသင်းဟောင်း ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ရတုန်းက ရပ်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းတွေကို မြင်တွေ့ထားခဲ့ပါသေးတယ်။

ယူနိုက်တက် အကယ်ဒမီထွက် အသက်(၂၇)နှစ်အရွယ် ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိ ယူနိုက်တက် နည်းပြသစ် ရူဘင် အမော်ရင်လက်ထက်မှာ ပွဲကစားခွင့်တွေ လုံးဝ ပျောက်ဆုံးနေရပြီး သူ့ကိုလည်း အသင်းဘက်က အခုဈေးကွက်အတွင်းမှာပဲ ရှင်းထုတ်သွားချင်နေပါတယ်။

Photo Credit : Dicodusport

လတ်တလောမှာတော့ ရပ်ရှ်ဖို့ဒ်ကို ဘာစီလိုနာ ဒေါ့မွန် မိုနာကိုနဲ့ မာဆေးလ်အသင်းတွေက စိတ်ဝင်စားနေကြပြီး ကစားသမားကိုယ်တိုင်ကတော့ ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေပေမယ့် ဘာစီလိုနာက အန်ဆူ ဖာတီရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ရပ်ရှ်ဖို့ဒ်ကို ကမ်းလှမ်းသင့်မသင့် ဆုံးဖြတ်သွားမှာ ဖြစ်သလို ရပ်ရှ်ဖို့ဒ်ရဲ့ လုပ်ခလစာကလည်း သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတိုင်းအတွက် အခက်အခဲ ဖြစ်နေစေရပါတယ်။

ဒါပေမယ့် ဒီနွေမှာ ယူနိုက်တက်ဆီကနေ ဂရင်းဝုဒ်ကို ခေါ်ယူထားတဲ့ မာဆေးလ်ဟာ အခုဆိုရင် ဂရင်းဝုဒ်က အသင်းအပေါ်မှာ မထင်ထားလောက်အောင် အကျိုးပြုနေတာကြောင့် ဂရင်းဝုဒ်ရဲ့ အသင်းဖော်ဟောင်း ရပ်ရှ်ဖို့ဒ်ကိုပါ ခေါ်ယူလိုက်မယ်ဆိုရင် ဒီကစားသမားနှစ်ယောက်အားနဲ့ အသင်းတိုက်စစ်မှာ ပိုပြီး အလုပ်ဖြစ်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Exit mobile version