MySport Myanmar

မန်ယူရဲ့ ပစ်မှတ် ဖြစ်ခဲ့သူ အနော်တိုဗစ်ကို ဂျုဗင်တပ်စ်ကပါ စိတ်ဝင်စားနေ

အီတလီစီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်ခဲ့သူ ဘိုလော့ဂ်နာ တိုက်စစ်ကစားသမား မာကိုအနော်တိုဗစ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ နာမည်ကျော် အီတလီလူမျိုး အားကစားသတင်းထောက် နီကိုလာစကီရာက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : The Sun

ဂျုဗင်တပ်စ်အသင်းဟာ အသင်းရဲ့ အထောင်တိုက်စစ်ပိုင်းမှာ ဒူဆန်ဗလာဟိုဗစ်နဲ့ မွိုက်စ်ကင်းတို့ နှစ်ဦးတည်းသာ ရှိနေပြီး အဲဗာတန်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကင်းသာ အငှားစာချုပ် မပြည့်ခင်မှာ အသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့မယ်ဆိုရင် အသင်းတိုက်စစ်ပိုင်းအတွက် သြစတြီးယား တိုက်စစ်ကစားသမား အနော်တိုဗစ်ကို ခေါ်ယူဖွယ် ရှိနိုင်တယ်လို့ သတင်းထောက်စကီရာက သတင်းဖော်ပြလာခဲ့ပါတယ်။ စကီရာက “ဂျုဗင်တပ်စ်အသင်းက မာကိုအနော်တိုဗစ်ကို စိတ်ဝင်စားနေတုန်းပါပဲ။ သူတို့အသင်းဒါရိုက်တာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ အနော်တိုဗစ်ရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်”

Photo Credit : The Sun

“တကယ်လို့ မွိုက်စ်ကင်းသာ ထွက်ခွာခဲ့မယ်ဆိုရင်တော့ ဂျှုဗင်တပ်စ်ဘက်က ဘိုလော့ဂ်နာ တိုက်စစ်မှူးကို ခေါ်ယူဖို့ ကြိုးစားမှာပါ” လို့ သူရဲ့ တွစ်တာစာမျက်နှာပေါ်ကနေ ဖော်ပြသွားခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိ သြစတြီးယားလက်ရွေးစင် တိုက်စစ်ကစားသမား အနော်တိုဗစ်ကို ဒီနွေဈေးကွက်အတွင်းမှာ နည်းပြအဲရစ်တန်ဟက်ဂ်က သူရဲ့ ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်သွားဖို့အတွက် အံ့အားသင့်ဖွယ် ပစ်မှတ်ထားလာခဲ့ပြီး ကနဦး ကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့ကြေး ပေါင်(၈.၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘိုလော့ဂ်နာဘက်ကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်က အနော်တိုဗစ်အတွက် ကမ်းလှမ်းမှုတွေ ထပ်မံပြုလုပ်လာခြင်း မရှိတော့ပဲ အနော်တိုဗစ်ကို ခေါ်ယူဖို့ လက်လျှော့သွားခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းအတွက် ကစားသမားဖြည့်တင်းဖို့ လိုအပ်နေတဲ့ ဂျုဗင်တပ်စ်အသင်းကတော့ အနော်တိုဗစ်ရဲ့အေးဂျင့်ကို ဆက်သွယ်မှုတွေ လုပ်ဆောင်ထားပြီး အသင်းဘက်က အလိုရှိနေတဲ့ တိုက်စစ်ကစားသမားတွေကလည်း ခေါ်ယူဖို့ ခဲယဉ်းနေတာကြောင့် ပေါင်(၁၅)သန်းဝန်းကျင်လောက်နဲ့ ခေါ်ယူလို့ရနိုင်မယ့် အနော်တိုဗစ်ကိုသာ ကမ်းလှမ်းဖွယ် ရှိနိုင်ပါတယ်။

Exit mobile version