MySport Myanmar

လီဗာပူးလ်ကို ငြင်းဆန်မိခဲ့တဲ့အတွက် နောင်တရမိခဲ့တယ်လို့ ဂေ့ါဇီ ဝန်ခံပြောဆို

တချိန်တုန်းက ဂျာမနီအသင်းမှာ လျှမ်းလျှမ်းတောက် ခြေစွမ်းပြခဲ့ဖူးပြီး ကမ္ဘာ့ဖလားချန်ပီယံပါ တစ်ကြိမ်ဖြစ်ခဲ့ဖူးသလို ဘွန်ဒစ်လီဂါရဲ့ ထိပ်တန်းအသင်းကြီး (၂)သင်းဖြစ်တဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့မှာပါ ပါဝင်ကစားခဲ့ဖူးတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မာရီယိုဂေါ့ဇီဟာ အခုဆိုရင် နယ်သာလန်ကလပ် PSV အသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး ဒီနေ့ညမှာ ယှဉ်ပြိိုင်သွားရမယ့် ယူရိုပါကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပရီးမီးယားလိဂ် ကလပ်အသင်း လက်စတာနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

အသက်(၂၉)နှစ်သာ ရှိနေသေးတဲ့ ဂေါ့ဇီဟာ ညာတောင်ပံနေရာ ကွင်းလယ်တိုက်စစ်နေရာတို့အပြင် လိုအပ်ရင် false 9 ပုံစံထိပါ ကျွမ်းကျင်ပိုင်နိုင်စွာ ကစားတတ်သူ ဖြစ်ပေမယ့်လည်း ဒဏ်ရာပြသာနာဆိုးတွေက သူရဲ့ခြေစွမ်းပိုင်းရော သူရဲ့ကစားသမားဘဝကိုပါ ထိခိုက်စေခဲ့ရပြီး ၂၀၂ဝခုနှစ် အောက်တိုဘာမှာပဲ ဂေါ့ဇီဟာ PSV အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ရပါတယ်။ ဂေါ့ဇီဟာ လက်ရှိ ဘောလုံးလောကရဲ့ အကျော်အမော် နည်းပြနှစ်ဦးဖြစ်တဲ့ ယာဂန်ကလော့ပ်နဲ့ ပတ်ဂွာဒီယိုလာတို့လက်အောက်မှာ အလုပ်လုပ်ဖူးခဲ့သူ ဖြစ်သလို ကလော့ပ်နဲ့ပါ လီဗာပူးလ်အသင်းမှာ ထပ်မံလက်တွဲရဖို့ အကြောင်းဖန်လာခဲ့ပေမယ့် ပယ်ချခဲ့ဖူးတာကြောင့် နောင်တရမိတယ်လို့ ဂေါ့ဇီကိုယ်တိုင် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

လီဗာပူးလ်အသင်းနဲ့ပတ်သက်ပြီး ဂေါ့ဇီက “ကျွန်တော်နဲ့ ကလော့ပ်တို့ အဆက်အသွယ် ရှိနေခဲ့ပြီးတော့ ကျွန်တော် လီဗာပူးလ်အသင်းဆီကို လာရောက်ဖို့အကြောင်းတွေ ပြောဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ဒါက ကျွန်တော် စဉ်းစားနိုင်တဲ့ အနေအထားမှာ ရှိမနေခဲ့ဘူး။ အဲ့ဒါကြောင့် အပြောင်းအရွှေ့က ဖြစ်မလာခဲ့ရဘူး။ ဒီ့အတွက် ကျွန်တော် နောင်တရလားဆိုတော့ ဒါက ပြန်တွေးတောကြည့်ဖို့ အမြဲတမ်း ခက်ခဲနေမယ့်အရာ ဆိုပေမယ့်လည်း အခု ခင်ဗျားမေးတုန်း ဖြေရမယ်ဆိုရင် ဟုတ်ပါတယ်။ နောင်တရစရာပါ။ ကျွန်တော် လီဗာပူးလ်အသင်းဆီကို သေချာပေါက် ရောက်ခဲ့သင့်တယ်။ ကျွန်တော်ရဲ့ဆုံးဖြတ်ချက် မှားသွားခဲ့ပြီး နောင်တရစရာမျိုး မဟုတ်ခဲ့ပေမယ့် အခုချိန်တွေးမိရင် နောင်တရစရာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဂေါ့ဇီဟာ PSV အသင်းအတွက် နှစ်ရာသီအတွင်း ပွဲပေါင်း (၇၀) ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး (၁၇)ဂိုး သွင်းယူထားသလို ဒီရာသီမှာပဲ သွင်းဂိုး (၁၁)ဂိုးနဲ့ ဂိုးဖန်တီးမှုပေါင်း (၁၀)ကြိမ်ထိကို ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Exit mobile version