အွန်းလိုင်းမီဒီယာ မပေါ်ခင် သတင်းစာ ဂျာနယ်ခေတ်အခါက အားကစား ဂျာနယ်တိုင်းလိုလိုရဲ့ နောက်ကျေဘက်ကို နေရာအပြည့် ယူထားလေ့ရှိတဲ့ တင်းနစ်မယ် မာရီယာ ရှာရာဗိုဗာကတော့ တင်းနစ် ကစားသမားဘဝက အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ မာရီယာ ရှာရာဗိုဗာဟာ ဒဏ်ရာပြဿနာတွေနဲ့ လုံပန်းနေခဲ့ရတာကြောင့် တင်းနစ်ကို ဆက်လက် မကစားနိုင်တော့တာ ဖြစ်ပြီး သူမရဲ့ အသက် (၃၂) နှစ်အရွယ် တင်းနစ် ကစားသမားဘဝကနေ အနားယူသွားခဲ့ပါတယ်။

Photo Credit: DailyMail

အသက် (၃၂) နှစ်အရွယ် မာရီယာ ရှာရာဗိုဗာဟာ တင်းနစ် ကစားသမားဘဝမှာ ဂရမ်း စလင်း (Gram Slam) ချန်ပီယံဆုကို (၅) ကြိမ် ရရှိနိုင်ခဲ့တာကြောင့် လေးစားဖွယ် ကောင်းလှပါတယ်။ ရှာရာဗိုဗာဟာ သူမရဲ့ အဓိက နိုင်ပွဲ ဖလားတွေ၊ အားပါလွန်းတဲ့ သူမရဲ့ ရိုက်ချက်တွေကြောင့် သတိရနေကြတော့မှာ ဖြစ်ပေမဲ့ ကံဆိုးစွာနဲ့ သူမရဲ့ ဘဝမှာ အမည်းစက် တစ်ခု ရှိခဲ့ဖူးပါတယ်။ ရှာရာဗိုဗာဟာ လွန်ခဲ့တဲ့ (၂၀၁၆) ခုနှစ်က သြစတေးလျ အိုးပင်း (Australian Open) ပြိုင်ပွဲမှာေ ဆးစစ်မှု ခံယူလိုက်တဲ့ အချိန်မှာ ဆေးစစ်မှု မအောင်မြင်ခဲ့ဘဲ မကစားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: DailyMail

အနားယူမယ့် အကြောင်းကို ရုရှား တင်းနစ်မယ် ရှာရာဗိုဗာက “ကျွန်မက ဒါနဲ့ ပက်သက်လာရင် အသစ်ပါပဲ။ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွတ်ပေးကြပါ။ တင်းနစ်ရေ ကျွန်မအနေနဲ့ နှုတ်ဆက်ပါတယ်။ ကျွန်မ အနားယူမယ့် အကြောင်းကို ပြောတာက အသနားခံချင်တာကြောင့် မဟုတ်ဘဲ ကျွန်မရဲ့ စစ်မှန်မှု တစ်ခုကြောင့်ပါ။ ကျွန်မရဲ့ ခန္စကိုယ်က စိတ်အနှောင့်အယှက်ကိုြ ဖစ်လာပါပြီ။ ကျွန်မရဲ့ တင်းနစ် ကစားသမား ဘဝ တစ်လျှောက်မှာ ကျွန်မ တင်းနစ် ကစားလို့ ထိုက်တန်သလား။ ဒီမေးခွန်းက မေးခွန်းတောင် မဟုတ်ပါဘူး။ နောက်ဆုံးတော့ ထာဝရ အမြဲ ထိုက်တန်နေမှာပါ”လို့ ပြောသွားခဲ့ပါတယ်။ ရှာရာဗိုဗာဟာ အသက် (၁၇) နှစ်အရွယ်မှာတော့ြ ပိုင်ဘက် ဆာရီနာ ဝီလီယံစ် (Serena Williams) အနိုင်ကစားပြီး (၂၀၁၄) ခုနှစ် ဝင်ဘလီဒန် (Wimbledon) ပြိုင်ပွဲမှာ အနိုင်ရကတည်းက အောင်မြင်မှုတွေကို ဆက်တိုက် ရရှိခဲ့ပါတယ်။