MySport Myanmar

မန်ယူနိုက်တက်အသင်းရဲ့ လူစာရင်းထဲမှာ ပါဝင်လာခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်သူ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသေးစား ဒဏ်ရာမျိုး ရရှိခဲ့ပုံ ဖြစ်ခဲ့ပေမဲ့လည်း ဒီနေ့ည ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်မဲ့ နယူးကာဆယ်အသင်းနဲ့ လိဂ်ဖလား ဗိုလ်လုပွဲရဲ့ လူစာရင်းမှာတော့ ပါဝင်လာခဲ့လို့ Manchester Evening News ကနေ ဖော်ပြလာပါတယ်။

Photo Credit : Times Now

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် အတော်လေးကို ခြေစွမ်းပြသထားနိုင်သူ ရပ်ရှ်ဖို့ဒ်ဟာ အိုးထရက်ဖို့ဒ်မှာ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့အဆင့် ဒုတိယအကျော့ပွဲစဉ်ကို ပါဝင်ရင်း ပွဲအတွင်းမှာ ဒဏ်ရာရသွားသလို ဖြစ်ခဲ့တာကြောင့် ပွဲခါနီးလေးမှာပဲ လူစားလဲခဲ့ရပါတယ်။ ရပ်ရှ်ဖို့ဒ်လို ဒီရာသီအတွင်း (၂၄)ဂိုးအထိ သွင်းယူထားနိုင်တဲ့ ကစားသမားမျိုးကို ယူနိုက်တက်ဘက်က ပွဲတိုင်းနီးပါး အသုံးပြုသွားချင်မှာ သေချာသလို ဖိုင်နယ်ပွဲမျိုးဆိုရင်လည်း မဖြစ်မနေကို အသုံးပြုသွားချင်မှာ သေချာပါတယ်။

Photo Credit : The Sun

ဒီရာသီ နည်းပြ အဲရစ်တန်ဟက်ဂ် လက်ထက်မှာ ဂိုးသွင်းအား ကောင်းမွန်လာခဲ့သူ ရပ်ရှ်ဖို့ဒ်တစ်ယောက် နယူးကာဆယ်နဲ့ပွဲကို ပါဝင်နိုင်မနိုင်ဆိုတာ စနေနေ့ နေ့လယ်ခင်းလောက်အထိ တိကျ သေချာတဲ့ သတင်းမျိုး မထွက်ပေါ်သေးပဲ ညနေပိုင်းလောက်မှသာ ဖိုင်နယ်ပွဲစဉ်အတွက် လန်ဒန်မြို့ဆီ ထွက်ခွာမဲ့ ယူနိုက်တက် လူစာရင်းမှာ ရပ်ရှ်ဖို့ဒ် ပါဝင်နေတယ်လို့ M.E.N ကနေ ဖော်ပြထားပါတယ်။

Photo Credit : Twitter

ဂိုး – ဒဟေးယား ၊ ဟီတန် ၊ ဘတ်လန်း

ခံစစ် – ဒါလော့ ၊ ဘစ်ဆာခါ ၊ ဗာရန်း ၊ မာတီနက်ဇ် ၊ လင်ဒီလော့ ၊ မက်ဂွိုင်းရား ၊ လုခ်ရှော ၊ မာလာစီယာ

ကွင်းလယ် – ကက်စီမဲရိုး ၊ တွမ်မီနေး ၊ ဖရက်ဒ် ၊ ဆာဘစ်ဇာ ၊ ဖာနန်ဒက်စ်

တိုက်စစ် – ဆန်ချို ၊ ဂနာချို ၊ အန်တိုနီ ၊ ရပ်ရှ်ဖို့ဒ် ၊ ဗက်ဟို့စ် ၊ အီလန်ဂါ

Exit mobile version