မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ကတော့ နောက်ကျောဒဏ်ရာက (၁၀) ဆ သက်သာလာပါပြီလို့ ပြောခဲ့ပြီး လွန်ခဲ့တဲ့ (၁) လနဲ့ ယှဉ်မယ်ဆိုရင် အများကြီး သက်သာနေပြီလို့ ပြောသွားပါတယ်။ မန်ယူ လူငယ် တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက နောကျော ဒဏ်ရာ ရရှိခဲ့တဲ့ အတွက်ကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို အနည်း နဲ့ အများ လွဲချော်ခဲ့တာပဲ ဖြစ်ပါတယ်။ ရက်ချ်ဖို့ဒ်ဟာ နောက်ကျော ဒဏ်ရာကြောင့် လက်ရှိရာသီကုန်အထိ နားရမယ့် အနေအထား ဖြစ်ခဲ့ပေမဲ့လည်း လက်ရှိအချိန်မှာတော့ အများကြီး ပြန်လည် သက်သာလာပြီပဲ ဖြစ်ပါတယ်။

Photo Credit: Skysports

တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဒဏ်ရာ မရရှိခင်မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၈) ပွဲ ကစားထားရာကနေ သွင်းဂိုး (၇) ဂိုးအထိ သွင်းယူခဲ့ပြီး ခြေစွမ်းထက်မြက်ခဲ့ပါတယ်။ သူဟာ လက်ရှိအချိန်မှာတော့ ဒဏ်ရာကနေ ပြန်လည် သက်သာလာပေမဲ့ အသင်းဖော်တွေနဲ့ အတူ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖို့အတွက် အများကြီး အနားယူဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ကတော့ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖို့အတွက် ကြိုးစားသွားမှာ ဖြစ်ပြီး အသင်းအတွက် ပွဲစဉ်တွေ ပြန်ကစားပါမယ်လို့ အခိုင်အမာ ကတိပေး ပြောကြားသွားပါတယ်။

Photo Credit: Skysports

Sky Sports News မှာ ရက်ချ်ဖို့ဒ်က “ကျွန်တော် အများကြီး သက်သာလာနေပါပြီ။ ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဓါတ်မှတ်ရိုက်ခဲ့ပြီး ပို သန်မာလာပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၂) ပတ် ဒါမှမဟုတ် (၃) ပတ်နဲ့ ယှဉ်မယ်ဆိုရင် အများကြီး သက်သာလာပါပြီ။ ကျွန်တော် အခုအချိန်မှာ (၁၀) ဆ သက်သာလာနေပါပြီ။ ကျွန်တော် အခုအချိန်မှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖို့အတွက် အဆင်သင့် ဖြစ်အောင် ပြုလုပ်ရပါမယ်။ ပြီးရင် အသင်းအတွက် ပွဲစဉ်တွေကို ပြန်ကစားပါမယ်။ ကျွန်တော် အများကြီး ပို ကောင်းမွန်လာတဲ့ အခြေအနေမှာပါ။ လွန်ခဲ့တဲ့ (၁) လနဲ့ ယှဉ်လိုက်မယ် ဆိုရင် ကျွန်တော် အများကြီး ပို ပျော်ပါတယ်။ ကောင်းမွန်လာပါပြီ”လို့ ပြောကြားသွားပါတယ်။