မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ကတော့ Bleacher Football နဲ့ အမေးအဖြေ ပြုလုပ်ခဲ့တဲ့ အချိန်မှာ အသင်းဖော် တိုက်စစ်မှူး ဂရင်းဝုဒ်ကို သူ ဖြစ်ချင်တာ ဖြစ်နိုင်လောက်အောင် ကောင်းတယ်လို့ ပြောခဲ့ပြီး ဂရင်းဝုဒ်ကို (၁၀) ထဲက (၁၀) ကောင်းတယ်လို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။ မန်ယူ တိုက်စစ်မှူး ရက်ဖို့ဒ် နဲ့ ဂရင်းဝုဒ်တို့ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်ကြပြီး (၁၈) နှစ်အရွယ် တိုက်စစ်မှူး ဂရင်းဝုဒ်ကတော့ ပြီးခဲ့တဲ့ ရာသီက နည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ခြေစွမ်းပြ ကစားခဲ့တာကြောင့် အောင်မြင်ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: MEN

မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ နောက်ကျော ဒဏ်ရာ ရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက မန်ယူအသင်းအတွက် မကစားနိုင်ခဲ့တော့တာ ဖြစ်ပေမဲ့ လက်ရှိအချိန်မှာကတော့ ဒဏ်ရာကနေ ပြန်သက်သာလာပြီ ဖြစ်ပြီး မကြာခင် လေ့ကျင့်ရေး ပြန်ဆင်းနိုင်မှာ ဖြစ်ပါတယ်။ မန်ယူ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ပွဲ ကစားပြီးတဲ့ အချိန်မှာ သွင်းဂိုး (၅) ဂိုး သွင်းခဲ့ပြီး အသင်းဖော် တိုက်စစ်မှူး ရက်ချ်ဖို့ဒ်က ဂရင်းဝုဒ်ဟာ သူ ဖြစ်ချင်တာကို ဖြစ်နိုင်လောက်အောင် ကောင်းတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: MEN

တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ Bleacher Football နဲ့ အင်တာဂရမ်မှာ အမေးအဖြေ ပြုလုပ်ခဲ့ကြတဲ့ အချိန်မှာ သူက “ကျွန်တော့်အမြင်မှာတော့ ဂရင်းဝုဒ်က သူ ဖြစ်ချင်သလို ဖြစ်နိုင်လောက်အောင် ကောင်းပါတယ်။ သူက အမြင့်မားဆုံး ပုံစံကို ရရှိထားပြီး တိုက်စစ်မှူး ဖြစ်ဖို့ လိုအပ်တာမှန်သမျှ ပိုင်ဆိုင်ထားပါတယ်။ သူအနေနဲ့ သူ့ကိုယ်သူ တွန်းအားပေးနေဖို့ လိုအပ်ပါတယ်။ အပြင်က ပြောလာသမျှကို နားထောင်စရာ မလိုပါဘူး။ ကိုယ့်ကိုကိုယ် တိုးတတ်အောင် ပြုလုပ်နေရုံပါပဲ။ သူ ဘယ်လောက်အမြင့်ထိ သွားနိုင်မလဲ ဆိုတာကို ဘုရားပဲ သိပါတယ်”လို့ ပြောပြသွားခဲ့ပါတယ်။ ရက်ချ်ဖို့ဒ်ဟာ ဂရင်းဝုဒ်ရဲ့ အရည်အချင်းကို အမှတ်ပေးဖို့ အမေးခံရတဲ့ အချိန်မှာ “ဂရင်းဝုဒ်က (၁၀) ထဲက (၁၀) ပါပဲ။ သူ ကြိုးစားပြီး အကောင်းဆုံး ကစားနိုင်မှာပါ”လို့ ပြောပြသွားခဲ့ပါတယ်။