မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ငယ်မွေးခြံပေါက် တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်အသင်းမှာ တဖြည်းဖြည်းနဲ့ နေရာပျောက်ဆုံးလာမှု ပွဲကစားခွင့်တွေ အကန့်အသတ်နဲ့ ရရှိလာမှုတွေအပေါ် အနည်းငယ် စိတ်ပျက်လာခဲ့တာကြောင့် သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်စေချင်နေတယ်လို့ ဘောလုံးအပြောင်းအရွှေ့သတင်း အကျော်အမော် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Ralf Rangnick offers damning Marcus Rashford declaration with Manchester  derby decision - Mirror Online

Photo Credit : The Mirror

လက်ရှိမှာ အသက်(၂၄)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ မန်ချက်စတာမှာ မွေးဖွားခဲ့သူဖြစ်သလို အသက်ခပ်ငယ်ငယ်မှာပဲ ယူနိုက်တက် လူငယ်အကယ်ဒမီကို ရောက်ရှိနေခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၁၆ နှစ်စပိုင်းလောက်မှာပဲ ယူနိုက်တက် စီနီယာ ကစားသမားဘဝကို စတင်နိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ််ဟာ လက်ရှိမှာဆိုရင် အသင်းအတွက် ပွဲပေါင်း(၃၀၀)နီးပါးလောက်အထိ ပါဝင်ကစားထားနိုင်ပြီး သွင်းဂိုး (၉၃)ဂိုးကိုလည်း သွင်းယူထားနိုင်ခဲ့ပေမယ့် နောက်ပိုင်း အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၅)ပွဲအတွက် (၂)ပွဲကိုသာ မိနစ်(၈၀)နီးပါး ကစားထားခဲ့ရပေမယ့် (၃)ပွဲဆက်တိုက် မိနစ်အနည်းငယ်လေးသာ ကစားခွင့်ရခဲ့လို့ ဒီအခြေအနေကို ရပ်ရှ်ဖို့ဒ်ဘက်က စိတ်ပျက်လာခဲ့ရတာ ဖြစ်ပါတယ်။

Manchester United's Marcus Rashford 'contemplating his future' after derby  day snub - WOWBABYTOYS

Photo Credit : The Sun

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖာဘရီဇီယိုက ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိမှာ သူရဲ့အနာဂတ်ကို စဉ်းစားနေလျက်ရှိသလို အသင်းမှာလည်း ပွဲကစားခွင့်တွေ နည်းပါးလာတာနဲ့ပတ်သက်ပြီး စိုးရိမ်မိလာခဲ့တယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ လတ်တလောမှာ သူရဲ့ခြေစွမ်းပိုင်း ကျဆင်းနေမှု Body Language ပိုင်းမှာ အားရစရာ မရှိမှုတွေကြောင့် အသင်းပရိသတ်တွေနဲ့ အသင်းသားဟောင်းတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပေမယ့်လည်း သူကိုယ်တိုင်ကတော့ အသင်းအတွက် အမြဲတမ်း ပရော်ဖက်ရှင်နယ်ဆန်ဆန်သာ ပါဝင်ခဲ့တာဖြစ်သလို သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးတော့ကိုလည်း ရှင်းရှင်းလင်းလင်း သိရှိချင်နေတယ်လို့ ဖာဘရီဇီယိုက သူရဲ့တွစ်တာစာမျက်နှာပေါ်မှာ ဖော်ပြလို့ထားပါတယ်။ အင်္ဂလန် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကိူ ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လို့ထားဖူးပြီး အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကီလီယန်အမ်ဘာပေကိုသာ လက်လွတ်လိုက်ရမယ်ဆိုရင် ဘာပေရဲ့နေရာမှာ ရပ်ရှ်ဖို့ဒ်နဲ့ ပြန်လည်အစားထိုးဖွယ် ရှိနေပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး(၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ပြီး ဖေဖော်ဝါရီလကနေ စတင်ကာ အခုထိ အသင်းအတွက် သွင်းဂိုးတစ်ဂိုးမှကို သွင်းယူထားနိုင်ခြင်း မရှိသေးပါဘူး။ ရပ်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်အသင်းတို့ကြားက စာချုပ်သက်တမ်းကတော့ လာမယ့် ၂၀၂၃ခုနှစ် ဇွန်လတွင် ကုန်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။