ဂျုဗင်တပ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း မာချီစီယိုကတော့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂျုဗင်တပ်အသင်းကနေ ထွက်နိုင်ချေ ရှိတယ်လို့ သတင်းတွေ ထက်နေပေမယ့် ဂျုဗင်တပ်အသင်းက မထွက်ဘဲ ဆက်နေဖို့ မျှော်လင့်ပါတယ်လို့ ပြောကြားသွားလိုက်ပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် အပြောင်းအရွေ့မှာ ရီးရဲလ်အသင်းကနေ ဂျုဗင်တပ်အသင်းကို ယူရို သန်း (၁၀၀) နဲ့ ပြောင်းရွေ့လာခဲ့ပြီး သူ့ရဲ့ ပထမရာသီမှာ အီတလီစီးရီးအေ ဂျုဗင်တပ်အသင်းနဲ့ အတူ စီးရီးအေ ဆုဖလားကို ထိုက်ထိုက်တန်တန် ရရှိနိုင်ခဲ့ပါတယ်။

Photo Credit: Yahoosports

အသက် (၃၅) နှစ်အရွယ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကိုရိုနာ ဗိုင်းရပ်ကြောင့် ပြိုင်ပွဲ မရပ်ရခင် စီးရီးအေ ပွဲစဉ် (၂၂) ပွဲ ကစားထားရာမှာ သွင်းဂိုး (၂၁) ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဂျုဗင်တပ်အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိက မောင်နှင် ဦးဆောင်နေတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂျုဗင်တပ်အသင်းကနေ ထွက်ပြီး ပီအက်စ်ဂျီအသင်း ဒါမှမဟုတ် အသင်းဟောင်း ရီးရဲလ်အသင်းကို ပြန်သွားနိုင်ချေရှိတယ်လို့ သတင်းတွေ ထွက်လာတာကြောင့် မာချီစီယိုက ရော်နယ်ဒိုကို ဂျုဗင်တပ်အသင်းမှာ ဆက်နေစေချင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Yahoosports

မာချီစီယိုက “ရော်နယ်ဒိုက ဂျုဗင်တပ်အသင်းနဲ့ စာချုပ် မချုပ်ခင် နှစ်တွေမှာ ကျွန်တော်တို့ နှစ်ဦးသား အကြိမ်ကြိမ် တွေ့ခဲ့ကြတယ်။ သူက ပြိုင်ဘက် ကစားသမားကို ဒုက္ခပေးနိုင်ပါတယ်။ သူ အခု တိုးတတ်နေဆဲပါပဲ။ အံ့ဝင်ခွင်ကျအောင် ထိန်းချင်တဲ့ သူ့ရဲ့ စိတ်ကို လေးစားမိပါတယ်။ တစ်ခါတစ်လေ စိတ်ဓါတ် ပြင်းပြရင်တောင် လမ်းကြောင်းမှာ လာပိတ်တာတွေ ရှိနေတတ်တယ်။ သူက အမြဲတမ်း ဓိတ်ဓါတ် မြင့်မားနေပြီး နံပါတ်တစ် ကစားသမား ဖြစ်ဖို့ ဘယ်လောက် ကြိုးစားနေလဲ ဆိုတာကို ပြသနေတယ်။ သူက ဂျုဗင်တပ်အသင်းကနေ ထွက်သွားမလား။ ကျွန်တော်ကတော့ မသိဘူး။ ဒါပေမယ့် သူ မထွက်သွားဖို့ မျှော်လင့်ပါတယ်။ သူအနေနဲ့ ဂျုဗင်တပ်အသင်းအတွက် နဲ့ စီးရီးအေ ပြိုင်ပွဲအတွက် ပေးဆပ်နေတယ်။ သူ ဆက်နေဖို့ မျှော်လင့်ပါတယ်”လို့ ဆိုပါတယ်။