ကွင်းလယ် တိုက်စစ်မှူးဟောင်း မာရာဒိုနာကတော့ အာဂျင်တီးနား နိုင်ငံချင်းတူတဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီအနေနဲ့ သူ လုပ်ခဲ့တာတွေကို လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ မာရာဒိုနာက မက်ဆီအနေနဲ့ သူ လုပ်ခဲ့တာတွေကို လုပ်နိုင်မှာ မဟုတ်ပေမဲ့ မက်ဆီကို သူ့ရဲ့ အသင်းဟောင်း နာပိုလီအသင်းမှာ သွားရောက်ကစားစေချင်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ မာရာဒိုနာဟာ ကစားသမားဘဝတုန်းက နာပိုလီအသင်းမှာ အကြာဆုံး ကစားခဲ့ပြီး (၁၉၈၄) ခုနှစ်ကနေ (၁၉၉၁) ခုနှစ်အထိ၊ (၆) နှစ်ခွဲကျော် ကစားခဲ့ရာမှာ (၁၁၅) ဂိုး သွင်းယူခဲ့ပါတယ်။

Photo Credit: Allfootball

တိုက်စစ်မှူး မာရာဒိုနာဟာ လွန်ခဲ့တဲ့ (၁၉၈၆) ခုနှစ်မှာ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ဖီဖာ ကမ္ဘာ့ဖလား ရရှိခဲ့ဖူးပြီး မက်ဆီကတော့ လက်ရှိအချိန်အထိ မရနိုင်သေးတာ ဖြစ်ပါတယ်။ မက်ဆီဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆု၊ ဘလွန်းဒီအော်ဆုကို အများဆုံး (၆) ကြိမ် ရခဲ့ပြီး ကလပ်အသင်းနဲ့ အလွန် အောင်မြင်ပေမဲ့ နိုင်ငံအသင်းနဲ့ အောင်မြင်မှု နည်းပါးနေပါတယ်။ မာရာဒိုနာကတော့ လက်ရှိမှာ အာဂျင်တီးနား အခြေစိုက် ဂျင်းနာစီယာ (Gimnasia) အသင်းကို နည်းပြနေပြီး မက်ဆီအနေနဲ့ သူ့ကို မှီနိုင်မှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

Photo Credit: Allfootball

မာရာဒိုနာက “ကျွန်တော် နာပိုလီအသင်းမှာ ကစားခဲ့စဉ်က မက်ဆီနဲ့ ယှဉ်ကစားလို့ ရခဲ့မယ် ဆိုရင် ယှဉ်ကစားချင်ပါတယ်။ သူက နာပိုလီအသင်း ကျဆင်းလာပြီဖြစ်တဲ့ အချိန်မှာ နာပိုလီအသင်းကို ကစားဖို့ ရောက်ရှိလာခဲ့ပါတယ်။ မက်ဆီက ကျွန်တော် ကြုံတွေ့ခဲ့ရသလိုမျိုး ဘယ်တော့မှ မနေထိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူ နာပိုလီအသင်းမှာ လုံခြုံစွာ ကစားနိုင်ခဲ့ပါတယ်။ မက်ဆီအနေနဲ့ ကျွန်တော် လုပ်ခဲ့တာတွေကို လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါက ရှင်းလိုက်တာပါ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ နာပိုလီအသင်းမှာ မက်ဆီ ကစားရင် ကြိုက်မှာပါ”လို့ ပြောပါတယ်။ မက်ဆီရဲ့ ဘာစီလိုနာအသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ပထမအကျော့ အဝေးကွင်း ပွဲစဉ်မှာ နာပိုလီအသင်းနဲ့ (၁-၁) သရေ ကျခဲ့တာပဲ ဖြစ်ပါတယ်။