ကမ္ဘာ့ဘောလုံးလောက ကြီး တစ်ခုလုံးရဲ့ ဂန္တဝင်တစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ ဒီယေဂို မာရာဒိုနာ ဟာ ဗုဒ္ဓဟူးနေ့ က သူ့ရဲ့ နေအိမ်မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန် သွားခဲ့ရပါတယ်။ အဆိုပါ သတင်းဟာ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ ဘောလုံး ပရိသတ်‌တွေ အဖို့တော့ ဝမ်းနည်းစရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပြီး မာရာဒိုနာ ရဲ့ နောက်ဆုံး ခရီးစဉ်မှာ အာဂျင်တီးနားပြည်သူပေါင်း ထောင်ပေါင်းများစွာက လိုက်လံ ပို့ဆောင်ခဲ့ကြပါတယ်။ ထိုကဲ့သို့ တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံးက ဝမ်းနည်းနေကြတဲ့ အချိန်မှာ စိတ်ပျက်စရာ ကောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒါကတော့ အသုဘ အလုပ်သမား တစ်ဦးက မာရာဒိုနာ ရဲ့ ခေါင်းတလား ဖွင့်ထားတဲ့ အလောင်းနဲ့ အတူ လက်မထောင်ပြီးတော့ ဆဲဖီလ် ရိုက်ကူးခဲ့ပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ အဆိုပါ ကိစ္စကို သိသိချင်းမှာပဲ အဆိုပါ အလုပ်သမား ကို အလုပ်က ဖြုတ်ပစ်ခဲ့ပါတယ်။

Photo Credit: Metro

ဒီယေဂို မာရာဒိုနာ ရဲ့ အေးဂျင့်နဲ့ ရှေ့နေဖြစ်သူ မာတီးရက်ဇ် မောလာ ကတော့ အဆိုပါ အလုပ်သမား အနေနဲ့ တရားဥပဒေအရ ရင်ဆိုင်သွားရမာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ “ ကျွန်တော့် သူငယ်ချင်းရဲ့ အခုလို အမှတ်တရနေ့မျိုးမှာ၊ သူ့ရဲ့ ယုတ်ညံ့တဲ့ အပြုအမူ အတွက် သူ ပြန်မပေးမဆပ်ရမခြင်း ကျွန်တော် လုပ်ဆောင်သွားမာပါ ” လို့ ပြောဆိုခဲ့ပါတယ်။ လက်မထောင်ပြီးရိုက်ကူးခဲ့တဲ့ အလုပ်သမား အပြင် နောက်ထပ် အလုပ်သမားနှစ်ယောက် ဖြစ်တဲ့ သားအဖနှစ်ယောက်ကလည်း မာရာဒိုနာ ရဲ့ ပွင့်နေတဲ့ ခေါင်းတလား နဲ့ ဓါတ်ပုံ တွဲရိုက်ခဲ့ပါသေးတယ်။ ဒေသတွင်း သတင်းဌာနတွေ အရ သူတို့ နှစ်ဦးကိုပါ အလုပ်ဖြုတ်ပစ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သားအဖ နှစ်ဦး ရဲ့ နာမည်တွေ ကတော့ ကလော်ဒီယို ဖာနန်ဒက်ဇ် နဲ့ အစ်စမေးရဲလ် တို့ပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးကတော့ သူတို့ရဲ့ လုပ်ရပ်အတွက် အာဂျင်တီးနားပြည်သူတွေကို ပြန်လည်တောင်းပန်ထားပါတယ်။

Photo Credit: Metro

“ ကျွန်တော် လူတိုင်းကို ခွင့်ပြုပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်က မာရာဒိုနာ ရဲ့ ဖခင်ဖြစ်သူနဲ့ ယောက်ဖ အတွက် အလုပ် လုပ်ပေးနေသူ တစ်ယောက်ပါ။ ကျွန်တော် ဒီယေဂို အသက်ရှိစဉ် အခါကလည်း သူနဲ့ နီးနီးကပ်ကပ် ရှိဖူးပါတယ်။ ကျွန်တော် သူ့ အပေါ်မှာ မလေးမစား မလုပ်ဝံ့ပါဘူး။ ဘာလို့လဲဆိုရင် သူက ကျွန်တော် လေးစားအားကျရတဲ့ သူမို့ပါ။ ကျွန်တော် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ရပါဘူး။ လူတော်တော် များများက ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြမယ်ဆိုတာ ကျွန်တော်သိပါတယ်။ အဲ့ဒီ လုပ်ရပ်က သူတို့ အတွက် ဒေါသ ထွက်စေတယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ အားလုံးကို ခွင့်လွှတ်ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ် ” ဆိုပြီး တောင်းပန်စကား ပြောဆိုထားပါတယ်။