ၿပီးခဲ႔တဲ႔ေႏြေစ်းကြက္တုန္းက မန္ခ်က္စတာယူႏုိက္တက္ စပါးအသင္းတုိ႔နဲ႔ သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ သတင္းေတြ ထြက္ေပၚခဲ႔တဲ႔ စပုိ႔တင္းလစၥဘြန္းအသင္းရဲဲ႕ကြင္းလယ္တုိက္စစ္ကစားသမား ဘရူႏုိဖာနန္ဒက္စ္ဟာ လက္ရွိမွာေတာ့ ယူႏုိက္တက္အသင္းနဲ႔ သတင္းေတြ ထြက္ေပၚလာခဲ႔ျပန္ၿပီး အခုေဆာင္းရာသီေစ်းကြက္အတြင္း ယူႏုိက္တက္အသင္းဆီ ေျပာင္းေရႊ႕ကစားဖုိ႔အတြက္ အလြန္နီးစပ္လ်က္ရွိေနကာ အသင္းႏွစ္သင္းၾကား ညွိႏႈိင္းေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနၾကၿပီလုိ႔ သိရွိရပါတယ္။

Photo Credit : Getty Images

အသက္၂၅ႏွစ္အရႊယ္ရွိ ေပၚတူဂီလက္ေရြးစင္ ကြင္းလယ္တုိက္စစ္ကစားသမား ဘရူႏုိဖာနန္ဒက္စ္ဟာ မႏွစ္က ေဘာလုံးရာသီမွာ သူရဲ႕အေကာင္းဆုံးေျခစြမ္းေတြကုိ ျပသႏုိင္ခဲ႔ၿပီး ကြင္းလယ္ကေန သြင္းဂိုးမ်ားစြာကုိ ရယူႏုိင္ခဲ႔တာေၾကာင့္ ေပၚတူဂီလမ္းပတ္လုိ႔ပါ တင္စားေခၚဆုိလာခဲ႔ၾကသလုိ ဥေရာပထိပ္သီးအသင္းမ်ားစြာကေနလည္း အၿပိဳင္စိတ္ဝင္စားလာခဲ႔ရပါတယ္။ အဲ႔ဒီထဲမွာ ယူႏုိက္တက္အသင္းလည္း ပါဝင္လာခဲဲ႔ၿပီး ေျပာင္းေရႊ႕ေၾကးညိွႏႈိင္းတာ အဆင္မေျပလုိ႔သာ ေႏြေစ်းကြက္အတြင္းမွာ မေခၚယူႏုိင္ခဲ႔တာျဖစ္ပါတယ္။

Photo Credit : Getty Images

လက္ရွိမွာ ဖာနန္ဒက္စ္နဲ႔ သတင္းျပန္ထြက္လာခဲ႔တဲ႔ ယူႏုိက္တက္အသင္းဟာ လက္ရွိမွာ ေပါ့ဘာ တြမ္မီေနးတုိ႔လုိ အသင္းရဲ႕အဓိက ကြင္းလယ္ကစားသမားေတြ ဒဏ္ရာရေနခ်ိန္မုိ႔ ဖာနန္ဒက္စ္လုိ ကြင္းလယ္လူကုိ ေခၚယူဖုိ႔အတြက္ ျပန္လည္ႀကိဳးပမ္းလာခဲ႔တာျဖစ္ေပမယ့္လည္း သိပ္မၾကာေသးခင္မွ ဖာနန္ဒက္စ္နဲ႔ စပုိ႔တင္းအသင္းတုိ႔ စာခ်ဳပ္သက္တမ္းတုိးထားတာျဖစ္လုိ႔ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း၆၀ေလာက္အထိ ေပးေခ်ႏုိင္ပါတယ္။ ဒါေၾကာင့္မုိ႔ ယူႏုိက္တက္အသင္းက ေျပာင္းေရႊ႕ေၾကးအျပင္ အသင္းရဲ႕ကစားသမား(၂)ဦးေလာက္အထိ အလုိက္ေပးကမ္းလွမ္းသြားဖြယ္ရွိေနတယ္လုိ႔ သိရွိရပါတယ္။ ဘယ္ကစားသမားေတြကုိ အလုိက္ေပးကမ္းလွမ္းမလဲဆုိတာကုိ အေသးစိတ္ေဖာ္ျပထားျခင္းမရွိေပမယ့္လည္း အဲ႔ဒီကစားသမားထဲမွာေတာ့ အာဂ်င္တီးနားေနာက္ခံကစားသမား မားကုိ႔စ္ရုိဟုိ ပါဝင္လာဖြယ္ရွိတယ္လုိ႔ သိရပါတယ္။ အသင္းမွာ ေနရာေပ်ာက္ဆုံးလုိ႔ေနတဲ႔ ရုိဟုိဟာ ယူႏုိက္တက္အသင္းကုိ မေျပာင္းေရႊ႕ခင္တုန္းကပဲ စပုိ႔တင္းအသင္းမွာ ပါဝင္ကစားခဲ႔ဖူးၿပီး လက္ရွိရုိဟုိရဲ႕လစာပမာဏေၾကာင့္ စပုိ႔တင္းဘက္ကေန ဒီအလုိက္ေပးကမ္းလွမ္းကုိ လက္ခံဖြယ္ေတာ့ မရွိေလာက္ပါဘူး။

(Unicode)

ဖာနန်ဒက်စ်အတွက် အသင်းသား(၂)ဦးကို အလိုက်ပေးကမ်းလှမ်းသွားဖို့ရှိနေတဲ့ ယူနိုက်တက်

ပြီးခဲ့တဲ့နွေစျေးကွက်တုန်းက မန်ချက်စတာယူနိုက်တက် စပါးအသင်းတို့နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲဲ့ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိမှာတော့ ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပြီး အခုဆောင်းရာသီစျေးကွက်အတွင်း ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက် အလွန်နီးစပ်လျက်ရှိနေကာ အသင်းနှစ်သင်းကြား ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပြီလို့ သိရှိရပါတယ်။

Photo Credit : Getty Images

အသက်၂၅နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ မနှစ်က ဘောလုံးရာသီမှာ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ကွင်းလယ်ကနေ သွင်းဂိုးများစွာကို ရယူနိုင်ခဲ့တာကြောင့် ပေါ်တူဂီလမ်းပတ်လို့ပါ တင်စားခေါ်ဆိုလာခဲ့ကြသလို ဥရောပထိပ်သီးအသင်းများစွာကနေလည်း အပြိုင်စိတ်ဝင်စားလာခဲ့ရပါတယ်။ အဲ့ဒီထဲမှာ ယူနိုက်တက်အသင်းလည်း ပါဝင်လာခဲဲ့ပြီး ပြောင်းရွှေ့ကြေးညှိနှိုင်းတာ အဆင်မပြေလို့သာ နွေစျေးကွက်အတွင်းမှာ မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

လက်ရှိမှာ ဖာနန်ဒက်စ်နဲ့ သတင်းပြန်ထွက်လာခဲ့တဲ့ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ပေါ့ဘာ တွမ်မီနေးတို့လို အသင်းရဲ့အဓိက ကွင်းလယ်ကစားသမားတွေ ဒဏ်ရာရနေချိန်မို့ ဖာနန်ဒက်စ်လို ကွင်းလယ်လူကို ခေါ်ယူဖို့အတွက် ပြန်လည်ကြိုးပမ်းလာခဲ့တာဖြစ်ပေမယ့်လည်း သိပ်မကြာသေးခင်မှ ဖာနန်ဒက်စ်နဲ့ စပို့တင်းအသင်းတို့ စာချုပ်သက်တမ်းတိုးထားတာဖြစ်လို့ ပြောင်းရွှေ့ကြေး ပေါင်သန်း၆၀လောက်အထိ ပေးချေနိုင်ပါတယ်။ ဒါကြောင့်မို့ ယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေးအပြင် အသင်းရဲ့ကစားသမား(၂)ဦးလောက်အထိ အလိုက်ပေးကမ်းလှမ်းသွားဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။ ဘယ်ကစားသမားတွေကို အလိုက်ပေးကမ်းလှမ်းမလဲဆိုတာကို အသေးစိတ်ဖော်ပြထားခြင်းမရှိပေမယ့်လည်း အဲ့ဒီကစားသမားထဲမှာတော့ အာဂျင်တီးနားနောက်ခံကစားသမား မားကို့စ်ရိုဟို ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ အသင်းမှာ နေရာပျောက်ဆုံးလို့နေတဲ့ ရိုဟိုဟာ ယူနိုက်တက်အသင်းကို မပြောင်းရွှေ့ခင်တုန်းကပဲ စပို့တင်းအသင်းမှာ ပါဝင်ကစားခဲ့ဖူးပြီး လက်ရှိရိုဟိုရဲ့လစာပမာဏကြောင့် စပို့တင်းဘက်ကနေ ဒီအလိုက်ပေးကမ်းလှမ်းကို လက်ခံဖွယ်တော့ မရှိလောက်ပါဘူး။