ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းနဲ့ လတ်တလော သတင်းတွေ ထွက်ပေါ်နေတဲ့ ‘အမ်ဘာပေ ဟယ်ရီကိန်းတို့ကို ခေါ်ယူဖို့ထက် အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်သူ ဟွိုင်လန်းကိုသာ အာရုံစိုက်ထားတယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်း အားဖြည့်ဖို့ မဖြစ်မနေ လိုအပ်နေချိန်မှာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ပီအက်စ်ဂျီ တိုက်စစ် ကစားသမား ကီလီယန် အမ်ဘာပေတို့နဲ့ ကောလဟာလတွေ ထွက်ပေါ်နေပေမယ့်လည်း ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ကိုယ်တိုင်ကတော့ အသင်းတိုက်စစ် အတွက် ဟွိုင်လန်းကိုသာ ခေါ်ယူချင်နေပါတယ်။
Photo Credit : The Sun
မေဆန်မောင့် နဲ့ အိုနာနာတို့ကို ခေါ်ယူပြီးကတည်းက တိုက်စစ်ပိုင်း အားဖြည့်ဖို့အတွက် အတ္တလန်တာရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းကို ပစ်မှတ်ထားလာခဲ့တဲ့ ယူနိုက်တက်ဟာ အခုလည်း သူတို့ ပစ်မှတ်ကို ပီအက်စ်ဂျီက ကြားဖြတ် ခေါ်ယူဖို့ စီစဉ်နေပြီ ဖြစ်တာကြောင့် အခု တစ်ပတ်အတွင်းမှာပဲ ဟွိုင်လန်းအတွက် တရားဝင် ကမ်းလှမ်းချက် အမြန်ဆုံး လုပ်ဆောင်ဖို့ စီစဉ်လာခဲ့ပါတယ်။
ဒီအချိန်မှာပဲ သက်ဆိုင်ရာ အသင်းတွေနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့ပြီး သက်တမ်းတိုးဖို့ကိုလည်း ငြင်းဆိုထားကြတဲ့ ကိန်း ဘာပေတို့က ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ သူတို့ စီစဉ်ထားတဲ့အတိုင်း ဟွိုင်လန်းကို ခေါ်ယူနိုင်ရေးကိုသာ အာရုံစိုက်နေပါတယ်။
Photo Credit : Football Transfer
ယူနိုက်တက်က ဟွိုင်လန်းအတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ယူရို သန်း (၆၀)လောက်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပြီး အတ္တလန်တာက သူတို့ ကစားသမားအတွက် အနိမ့်ဆုံး ယူရို သန်း (၈၀)လောက် ဈေးခေါ်ထားပေမယ့်လည်း ယူနိုက်တက်ကတော့ အမြင့်ဆုံး ယူရို (၆၅)သန်းအထိသာ အသုံးပြုသွားဖို့ ရှိနေပါတယ်။
တကယ်လို့ ဟွိုင်လန်းကို ခေါ်ယူဖို့ အဆင်မပြေမှသာ နောက်ထပ် option အဖြစ် ဖရန့်ဖတ်အသင်းရဲ့ ပြင်သစ် တိုက်စစ် ကစားသမား ကိုလို မူအာနီကို ပြောင်းလဲ ကြိုးပမ်းဖွယ် ရှိနိုင်တယ်လို့ ရိုမာနိုက ဖော်ပြခဲ့ပါတယ်။