မန္ခ်က္စတာယူႏုိက္တက္အသင္းကေတာ့ ဒီႏွစ္ေဘာလံုးရာသီမွာ အေျခအေနဆိုးေတြနဲ႔ ရင္ဆုိင္ေနရၿပီး ပရီးမီးယားလိဂ္ပြဲစဥ္အတြင္း ရွုံးပြဲက ၃ပြဲအထိကုိ ရွိလာခဲ႔ရၿပီး စုစုေပါင္းရမွတ္က ၉မွတ္သာရွိေနေသးတာေၾကာင့္ တန္းဆင္းဇုန္ထဲကုိ ေရာက္ရွိေနတဲ႔ အဲဗာတန္အသင္းနဲ႔တင္ ရမွတ္က၂မွတ္ပဲ ကြာဟလို႔ေနပါေတာ့တယ္။ ဒီလုိ အေျခအေနဆုိးေတြနဲ႔ ရင္ဆုိင္လုိ႔ေနရေပမယ့္လည္း လက္ရွိအသင္းရဲ႕ အေျခအေနေတြကုိေတာ့ သူရဲ႕ဘက္ကေန အေကာင္းဆုံးကုိင္တြယ္ေျဖရွင္းႏုိင္တယ္လုိ႔ ယူႏုိက္တက္ေတာင္ပံကစားသမား ဒင္နီရယ္ဂ်ိမ္းစ္က ထုတ္ေဖာ္ေျပာဆုိလာခဲ႔ပါတယ္။

Photo Credit : Getty Images

အသက္၂၁ႏွစ္အရႊယ္ ေဝးလ္လက္ေရြးစင္ ေတာင္ပံတုိက္စစ္ကစားသမား ဒင္နီရယ္ဂ်ိမ္းစ္ဟာ ဒီႏွစ္ေဘာလုံးရာသီအစမွာ ဆြမ္ဆီးကေန ယူႏုိက္တက္အသင္းဆီကုိ ေပါင္၁၅သန္းနဲ႔ ေရာက္ရွိလာခဲ႔တာျဖစ္ၿပီးေတာ့ အသင္းရဲ႕ အဖြင့္ပြဲစဥ္ေတြအတြင္းမွာေတာ့ သြင္းဂုိး၃ဂုိးရယူခဲ႔ၿပီး ေျခစြမ္းေကာင္းေတြကုိ ျပသႏုိင္ခဲ႔ေပမယ့္လည္း ေနာက္ပုိင္းပြဲေတြမွာေတာ့ ေျခစြမ္းျပသႏုိင္ဖုိ႔ ရုန္းကန္လာခဲ႔ရပါတယ္။ ဒါ့အျပင္ တျခားအသင္းသားေတြရဲ႕ ေျခစြမ္းေတြပါ က်ဆင္းလာခဲ့ၿပီး ယူႏုိက္တက္ရဲ႕ရလဒ္ေတြကလည္း တျဖည္းျဖည္းဆုိးရႊားလာခဲ႔ကာ အခုဆုိရင္ ပရီးမီးယားလိဂ္ရဲ႕ အဆင့္၁၂ထိေနရာေတာင္ ေရာက္ရွိေနရၿပီျဖစ္ပါတယ္။

Photo Credit : Getty Images

ဒီအေၾကာင္းအရာေတြနဲ႔ပတ္သက္ၿပီးေတာ့ ဒင္နီရယ္ဂ်ိမ္းစ္က “ေဘာလုံးေလာကအတြင္းမွာ အေၾကာင္းအရာေတြက အလ်င္အျမန္ျဖစ္ေနတာဆုိေတာ့ သင္အေနနဲ႔ ဒီအရာေတြအတြက္ အဆင္သင့္ျဖစ္ေနဖုိ႔ လုိအပ္ပါတယ္။ အေၾကာင္းတရားေတြ ဆုိးရႊားလာတဲ႔အခါ ဒါေတြကုိ ဘယ္လုိတုန္႔ျပန္ရမလဲဆုိတာ အရမ္းကုိ အေရးႀကီးပါတယ္။ ကြ်န္ေတာ္ကေတာ့ ဒီလုိအေၾကာင္းအရာေတြကုိ ဆြမ္ဆီးအသင္းမွာ ပါဝင္ကစားခဲ႔စဥ္အတြင္းမွာပဲ ရင္ဆုိင္ခဲ႔ဖူးပါတယ္။ ေကာင္းတာေတြ ျပန္ျဖစ္လာတဲ႔အခါမွာ အားလုံးအဆင္ေျပသြားႏုိင္တယ္ဆုိေပမယ့္ အခက္အခဲေတြနဲ႔ ႀကံဳေနရခ်ိန္မွာေတာ့ ဒါကုိ ဘယ္လုိကုိင္တြယ္ရမလဲဆုိတာ အရမ္းအေရးႀကီးပါတယ္”

Photo Credit : Getty Images

“ကြ်န္ေတာ့္အတြက္ကေတာ့ အေကာင္းဆုံးပြဲထြက္ျဖစ္ခဲ႔ပါတယ္။ ဒီမွာေဘာလုံးကစားရတာကုိလည္း သေဘာက်ပါတယ္။ အခုေတာ့ ေဝးလ္အသင္းအတြက္ကုိ အေကာင္းဆုံးအာရုံစုိက္ထားပါတယ္” လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။ ဒင္နီရယ္ဂ်ိမ္းစ္ဟာ လာမယ့္ ၁၁ရက္ေန႔နဲ႔ ၁၄ရက္ေန႔တုိ႔မွာ ဆလုိဗက္ကီးယားလက္ေရြးစင္အသင္း ခရိုေအးရွားလက္ေရြးစင္အသင္းေတြနဲ႔အတူ ယူရုိ-၂၀၂၀ ေျခစစ္ပြဲေတြကို ဆင္ႏြဲရဦးမွာျဖစ္ၿပီး လက္ရွိမွာ ေဝးလ္အသင္းက အုပ္စု E ရဲ႕ အဆင့္၄ေနရာမွာ ရပ္တည္ေနတာျဖစ္လုိ႔ ေျခစစ္ပြဲေအာင္ဖုိ႔အတြက္ လက္က်န္ပြဲေတြကုိ မျဖစ္မေန အႏုိင္ကစားဖုိ႔ လုိအပ္ေနပါတယ္။

(Unicode)

ယူနိုက်တက်ရဲ့ လက်ရှိအခြေအနေကို အကောင်းဆုံးကိုင်တွယ်နိုင်တယ်လို့ ဒင်နီရယ်ဂျိမ်းစ်ပြောဆို

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ရှုံးပွဲက ၃ပွဲအထိကို ရှိလာခဲ့ရပြီး စုစုပေါင်းရမှတ်က ၉မှတ်သာရှိနေသေးတာကြောင့် တန်းဆင်းဇုန်ထဲကို ရောက်ရှိနေတဲ့ အဲဗာတန်အသင်းနဲ့တင် ရမှတ်က၂မှတ်ပဲ ကွာဟလို့နေပါတော့တယ်။ ဒီလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်လို့နေရပေမယ့်လည်း လက်ရှိအသင်းရဲ့ အခြေအနေတွေကိုတော့ သူရဲ့ဘက်ကနေ အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ယူနိုက်တက်တောင်ပံကစားသမား ဒင်နီရယ်ဂျိမ်းစ်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၂၁နှစ်အရွှယ် ဝေးလ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဒင်နီရယ်ဂျိမ်းစ်ဟာ ဒီနှစ်ဘောလုံးရာသီအစမှာ ဆွမ်ဆီးကနေ ယူနိုက်တက်အသင်းဆီကို ပေါင်၁၅သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ အသင်းရဲ့ အဖွင့်ပွဲစဉ်တွေအတွင်းမှာတော့ သွင်းဂိုး၃ဂိုးရယူခဲ့ပြီး ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းပွဲတွေမှာတော့ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်လာခဲ့ရပါတယ်။ ဒါ့အပြင် တခြားအသင်းသားတွေရဲ့ ခြေစွမ်းတွေပါ ကျဆင်းလာခဲ့ပြီး ယူနိုက်တက်ရဲ့ရလဒ်တွေကလည်း တဖြည်းဖြည်းဆိုးရွှားလာခဲ့ကာ အခုဆိုရင် ပရီးမီးယားလိဂ်ရဲ့ အဆင့်၁၂ထိနေရာတောင် ရောက်ရှိနေရပြီဖြစ်ပါတယ်။

Photo Credit : Getty Images

ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ ဒင်နီရယ်ဂျိမ်းစ်က “ဘောလုံးလောကအတွင်းမှာ အကြောင်းအရာတွေက အလျင်အမြန်ဖြစ်နေတာဆိုတော့ သင်အနေနဲ့ ဒီအရာတွေအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ အကြောင်းတရားတွေ ဆိုးရွှားလာတဲ့အခါ ဒါတွေကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ အရမ်းကို အရေးကြီးပါတယ်။ ကျွန်တော်ကတော့ ဒီလိုအကြောင်းအရာတွေကို ဆွမ်ဆီးအသင်းမှာ ပါဝင်ကစားခဲ့စဉ်အတွင်းမှာပဲ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ကောင်းတာတွေ ပြန်ဖြစ်လာတဲ့အခါမှာ အားလုံးအဆင်ပြေသွားနိုင်တယ်ဆိုပေမယ့် အခက်အခဲတွေနဲ့ ကြုံနေရချိန်မှာတော့ ဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အရမ်းအရေးကြီးပါတယ်”

Photo Credit : Getty Images

“ကျွန်တော့်အတွက်ကတော့ အကောင်းဆုံးပွဲထွက်ဖြစ်ခဲ့ပါတယ်။ ဒီမှာဘောလုံးကစားရတာကိုလည်း သဘောကျပါတယ်။ အခုတော့ ဝေးလ်အသင်းအတွက်ကို အကောင်းဆုံးအာရုံစိုက်ထားပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒင်နီရယ်ဂျိမ်းစ်ဟာ လာမယ့် ၁၁ရက်နေ့နဲ့ ၁၄ရက်နေ့တို့မှာ ဆလိုဗက်ကီးယားလက်ရွေးစင်အသင်း ခရိုအေးရှားလက်ရွေးစင်အသင်းတွေနဲ့အတူ ယူရို-၂၀၂၀ ခြေစစ်ပွဲတွေကို ဆင်နွဲရဦးမှာဖြစ်ပြီး လက်ရှိမှာ ဝေးလ်အသင်းက အုပ်စု E ရဲ့ အဆင့်၄နေရာမှာ ရပ်တည်နေတာဖြစ်လို့ ခြေစစ်ပွဲအောင်ဖို့အတွက် လက်ကျန်ပွဲတွေကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။