မၾကာေသးခင္ကမွ ဒူးဒဏ္ရာေရာ အဖ်ားေရာဂါပါ ျပန္လည္သက္သာလာၿပီျဖစ္လုိ႔ ဝက္ဖုိဒ့္ နယူးကာဆဲလ္အသင္းနဲဲ႔  ပရီးမီးယားလိဂ္ပြဲစဥ္ေတြအတြင္း ဒုတိယပုိင္းမပြဲကစားခ်ိန္ေတြမွာ ပါဝင္ကစားခဲ႔ရေပမယ့္ သူရဲ႕ဒဏ္ရာ အကင္းေသမေပ်ာက္ကင္းေသးလုိ႔ဆုိတဲ႔ အေၾကာင္းျပခ်က္နဲ႔ ဘန္ေလနဲ႔ပြဲမွာ ပါဝင္ျခင္းမရွိခဲ႔တဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာက ဒီေန႔ညမွာ ကစားရမယ့္ အာဆင္နယ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ကုိလည္း ဆက္လက္လြဲေခ်ာ္ရဦးမယ္လုိ႔ Manchester Evening News(MEN) ကေန ေဖာ္ျပလာခဲ႔ပါတယ္။

Photo Credit : Getty Images

အသက္၂၆ႏွစ္အရႊယ္ရွိ ျပင္သစ္လက္ေရြးစင္ ကြင္းလယ္ကစားသမား ေပါ့ဘာက အာဆင္နယ္အသင္းနဲ႔ ကစားခဲ႔ရတဲ႔ ပထမအေက်ာ့ပြဲစဥ္မွာကတည္းက ဒဏ္ရာျပသာနာကုိ စတင္ခံစားခဲ့ရၿပီး ဒီဇင္ဘာလေႏွာင္းပုိင္းမွသာ အသင္းအတြက္ ျပန္လည္ကစားခြင့္ရခဲ႔တာျဖစ္ပါတယ္။ ၁၂ပတ္ေလာက္အထိ အနားယူခဲဲ႔ရတဲ႔ ေပါ့ဘာဟာ သိပ္မၾကာေသးခင္ကမွ ယူႏုိက္တက္အတြက္ ျပန္လည္ကစားႏုိင္ခဲ႔ေပမယ့္လည္း ဘန္ေလကုိ အႏုိင္ရတဲ႔ပြဲမွာ လုံးဝကစားႏုိင္ျခင္းမရွိသလုိ အာဆင္နယ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲက်ပ္ပြဲစဥ္ကုိပါ ဆက္လက္လြဲေခ်ာ္ရဦးမွာျဖစ္တယ္လုိ႔ MEN သတင္းဝက္ဆုိဒ္ကေန ေဖာ္ျပလာတဲ႔ ယူႏုိက္တက္ရဲ႕လူစာရင္းအရ သိရွိရပါတယ္။

Photo Credit : Getty Images

ဂုိးသမား – ဒီဂီယာ ၊ ရုိမဲလ္ရုိး ၊ လီဂရန္႔

ေနာက္တန္း – ဝမ္ဘစ္ဆာခါ ၊ မက္ဂြိဳင္းယား ၊ လင္ဒီေလာ့ ၊ ဖီးလ္ဂ်ံဳး ၊ ဝီလီယံစ္ ၊ အက္ရွ္ေလယန္း ၊ လုခ္ေရွာ

အလယ္ – မာတစ္ ၊ ဖရက္ဒ္ ၊ ပရဲရား ၊ လင္ဂတ္ ၊ ဒင္နီရယ္ဂ်ိမ္းစ္ ၊ မာတာ

ေရွ႕တန္း – ရပ္ဖုိဒ့္ ၊ မာစီယဲလ္ ၊ ဂရင္းဝုဒ္ ၊ တာဟစ္ေခ်ာင္ ၊ အိန္ဂ်ယ္ဂုိးမက္ဇ္

လူစာရင္းအရေတာ့ ယူႏုိက္တက္ကြင္းလယ္မွာ ေပါ့ဘာနဲ႔တြမ္မီေနးတုိ႔ ဆက္လက္ပါဝင္ႏုိင္ျခင္းမရွိပဲ မာတစ္နဲ႔ဖရက္ဒ္တုိ႔ အတြဲအဖက္ကုိပဲ ဆက္လက္ျမင္ေတြ႕ရႏုိင္ၿပီး ပရဲရားကုိေတာ့ နံပါတ္၁၀ေနရာမွာ ဆက္လက္ျမင္ေတြ႕လာရႏုိင္ပါတယ္။ က်န္တဲ႔ေနရာေတြမွာေတာ့ သိပ္အေျပာင္းအလဲမရွိပဲ အိမ္ရွင္အာဆင္နယ္အသင္းကုိ ရင္ဆုိင္လာဖြယ္ရွိေနပါတယ္။

(Unicode)

အာဆင်နယ်အသင်းနဲ့ပွဲစဉ်ကို ဆက်လက်လွဲချော်ရတော့မယ့် ယူနိုက်တက်ကြယ်ပွင့်ပေါ့ဘာ

မကြာသေးခင်ကမှ ဒူးဒဏ်ရာရော အဖျားရောဂါပါ ပြန်လည်သက်သာလာပြီဖြစ်လို့ ဝက်ဖိုဒ့် နယူးကာဆဲလ်အသင်းနဲဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွင်း ဒုတိယပိုင်းမပွဲကစားချိန်တွေမှာ ပါဝင်ကစားခဲ့ရပေမယ့် သူရဲ့ဒဏ်ရာ အကင်းသေမပျောက်ကင်းသေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘန်လေနဲ့ပွဲမှာ ပါဝင်ခြင်းမရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာက ဒီနေ့ညမှာ ကစားရမယ့် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း ဆက်လက်လွဲချော်ရဦးမယ်လို့ Manchester Evening News(MEN) ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၂၆နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာက အာဆင်နယ်အသင်းနဲ့ ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်မှာကတည်းက ဒဏ်ရာပြသာနာကို စတင်ခံစားခဲ့ရပြီး ဒီဇင်ဘာလနှောင်းပိုင်းမှသာ အသင်းအတွက် ပြန်လည်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ၁၂ပတ်လောက်အထိ အနားယူခဲဲ့ရတဲ့ ပေါ့ဘာဟာ သိပ်မကြာသေးခင်ကမှ ယူနိုက်တက်အတွက် ပြန်လည်ကစားနိုင်ခဲ့ပေမယ့်လည်း ဘန်လေကို အနိုင်ရတဲ့ပွဲမှာ လုံးဝကစားနိုင်ခြင်းမရှိသလို အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲကျပ်ပွဲစဉ်ကိုပါ ဆက်လက်လွဲချော်ရဦးမှာဖြစ်တယ်လို့ MEN သတင်းဝက်ဆိုဒ်ကနေ ဖော်ပြလာတဲ့ ယူနိုက်တက်ရဲ့လူစာရင်းအရ သိရှိရပါတယ်။

Photo Credit : Getty Images

ဂိုးသမား – ဒီဂီယာ ၊ ရိုမဲလ်ရိုး ၊ လီဂရန့်
နောက်တန်း – ဝမ်ဘစ်ဆာခါ ၊ မက်ဂွိုင်းယား ၊ လင်ဒီလော့ ၊ ဖီးလ်ဂျုံး ၊ ဝီလီယံစ် ၊ အက်ရှ်လေယန်း ၊ လုခ်ရှော
အလယ် – မာတစ် ၊ ဖရက်ဒ် ၊ ပရဲရား ၊ လင်ဂတ် ၊ ဒင်နီရယ်ဂျိမ်းစ် ၊ မာတာ
ရှေ့တန်း – ရပ်ဖိုဒ့် ၊ မာစီယဲလ် ၊ ဂရင်းဝုဒ် ၊ တာဟစ်ချောင် ၊ အိန်ဂျယ်ဂိုးမက်ဇ်
လူစာရင်းအရတော့ ယူနိုက်တက်ကွင်းလယ်မှာ ပေါ့ဘာနဲ့တွမ်မီနေးတို့ ဆက်လက်ပါဝင်နိုင်ခြင်းမရှိပဲ မာတစ်နဲ့ဖရက်ဒ်တို့ အတွဲအဖက်ကိုပဲ ဆက်လက်မြင်တွေ့ရနိုင်ပြီး ပရဲရားကိုတော့ နံပါတ်၁၀နေရာမှာ ဆက်လက်မြင်တွေ့လာရနိုင်ပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ သိပ်အပြောင်းအလဲမရှိပဲ အိမ်ရှင်အာဆင်နယ်အသင်းကို ရင်ဆိုင်လာဖွယ်ရှိနေပါတယ်။