မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ပရိသတ္ေတြကေတာ့ ဒီရာသီ ယူႏုိက္တက္အသင္းရဲ႕ ကစားဟန္နဲ႔ပတ္သက္ၿပီး စိတ္ပ်က္လ်က္ရွိေနၾကသလုိ နည္းျပဆုိးလ္ရွားဘက္ကေန အသုံးျပဳေနတဲ႔ လူစာရင္းေတြအေပၚမွာလည္း စိတ္တုိင္းမက်တာေတြ ျဖစ္ေပၚေနပါတယ္။ ပြဲအစပုိင္းေတြမွာ အသင္းရဲ႕ လူစာရင္းအတြင္း အသင္းကုိ လုံးဝအက်ိဳးမျပဳႏုိင္ခဲ႔တဲ႔ ဂ်က္ဆီလင္ဂတ္ကုိ ပြဲေတာ္ေတာ္မ်ားမ်ားမွာ ထည့္သြင္းအသုံးျပဳခဲ႔တဲ့အေပၚ ေဝဖန္ခံေနရသလုိ လူမွန္ေနရာမွန္ အသုံးမျပဳျခင္းေတြနဲ႔ ကစားသမားလူစားထုိးမႈေတြ မမွန္ကန္မႈေတြေၾကာင့္ ရလဒ္ေတြ မတည္မၿငိမ္ ျဖစ္ေနရၿပီး ရမွတ္၅မွတ္သာ ရွိေနပါေသးတယ္။

Photo Credit : Getty Images

ယူႏုိက္တက္က လာမယ့္စေနေန႔မွာေတာ့ လက္စတာအသင္းနဲ႔ ပြဲက်ပ္တစ္ပြဲကုိ ရင္ဆုိင္ရေတာ့မွာျဖစ္ၿပီး အဆုိပါ ပြဲအတြင္းမွာ အသင္းအေနနဲ႔ အကယ္ဒမီထြက္ လူငယ္ၾကယ္ပြင့္ကစားသမားေလးျဖစ္တဲ႔ အိန္ဂ်ယ္ဂုိးမက္စ္ကုိ ပြဲထြက္ကစားသမားအျဖစ္ အသုံးျပဳသြားဖုိ႔ ယူႏုိက္တက္ပရိသတ္မ်ား လူမႈကြန္ယက္ေတြေပၚကေန ေတာင္းဆုိလာခဲ႔ၾကပါတယ္။ The United Stand ကေနၿပီး “အိန္ဂ်ယ္ဂုိးမက္စ္ဟာ ယူႏုိက္တက္ ယူ-၂၃အသင္းအတြက္ အရမ္းကုိ ေကာင္းလြန္းေနပါတယ္။ အုိလီအေနနဲ႔ ဂုိးမက္စ္ကုိ ပြဲထြက္ကစားသမားအျဖစ္ အျမန္ဆုံး အသုံးျပဳေစခ်င္ပါတယ္။ မဟုတ္ရင္ေတာ့ သူ႔ကုိ ဆုံးရွုံးရႏုိင္ပါတယ္”

Photo Credit : Getty Images

“ဘာေၾကာင့္လဲဆုိေတာ့ သူသာအခု ဘာစီလုိနာတုိ႔ မန္စီးတီးအသင္းတုိ႔မွာ ပါဝင္ေနရမယ္ဆုိရင္ အနည္းနဲ႔အမ်ား ပြဲထြက္ကစားခြင့္ေတြ ပုိင္ဆုိင္ရမွာ” လုိ႔ တြစ္တာေပၚကေန ေရးသားေဖာ္ျပသြားခဲ႔ပါတယ္။ ယူႏုိက္တက္ပရိသတ္မ်ားစြာက ကြင္းလယ္ပုိင္းမွာ လင္ဂတ္ကုိ အသုံးျပဳေနမယ့္အစား Number 10 Role မွာ ေဘာလုံးဖန္တီးမႈေကာင္းမြန္တဲ႔ ဂုိးမက္စ္ကုိ အသုံးျပဳေစခ်င္ေနတာျဖစ္ပါတယ္။ ယူႏုိက္တက္ဆုိးလ္ရွားကေတာ့ ဂရင္းဝုဒ္ တာဟစ္ေခ်ာင္ ဂုိးမက္စ္နဲ႔ ဂတ္ဒ္နာတုိ႔ကုိ အသင္းႀကီးဆီ ေခၚေဆာင္ခဲ့ေပမယ့္လည္း ကစားသမားတစ္ေယာက္မွေတာ့ ပြဲထြက္ကစားခြင့္ မရၾကေသးပါဘူး။

Photo Credit : Getty Images

အသက္၁၉ႏွစ္အရႊယ္ရွိၿပီျဖစ္တဲ႔ အဂၤလန္ႏုိင္ငံသား ကြင္းလယ္ဖန္တီးရွင္ အိန္ဂ်ယ္ဂုိးမက္စ္ဟာ လြန္ခဲ႔တဲ႔ ၂၀၁၇ခုႏွစ္ ေမလမွာ က်င္းပခဲ႔တဲ႔ ယူႏိုက္တက္အသင္းရဲ႕ ၂၀၁၆-၂၀၁၇ ေဘာလုံးရာသီ ရာသီပိတ္ပိတ္ပြဲမွာ ဝိန္းရြန္းနီရဲ႕ ေနရာမွာ လူစားဝင္ကစားရင္းနဲ႔ စတင္ပါဝင္ခြင့္ ရခဲ႔သူျဖစ္ပါတယ္။ လြန္ခဲ့တဲ႔ ၂ႏွစ္ေလာက္ကတည္းက ယူႏိုက္တက္စီနီယာအသင္းအတြက္ စကစားခြင့္ရခဲ႔တဲ႔ ဂုိးမက္စ္ဟာ ဒီၾကားထဲမွာ ပရီးမီးယားလိဂ္ပြဲ၂ပြဲသာ ကစားခဲ႔ရၿပီး ပြဲထြက္ကစားခြင့္ အလြန္နည္းပါးခဲ႔ပါတယ္။ ဒါေပမယ့္ ယူ-၂၃အသင္းမွာ အၿမဲတမ္းေျခစြမ္းျပေနသူျဖစ္တဲ႔ ဂိုးမက္စ္ကုိ ယူႏုိက္တက္ပရိသတ္ေတြက ပြဲထြက္ကစားသမားအျဖစ္ ျမင္ေတြ႔ခ်င္ေနၿပီျဖစ္တာေၾကာင့္ လာမယ့္လက္စတာအသင္းနဲ႔ပြဲမွာမ်ား ပါဝင္လာႏုိင္မလားဆုိတာ ေစာင့္ၾကည့္သြားရပါလိမ့္မယ္။

(Unicode)

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေကတော့ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ကစားဟန်နဲ့ပတ်သက်ပြီး စိတ်ပျက်လျက်ရှိနေကြသလို နည်းပြဆိုးလ်ရှားဘက်ကနေ အသုံးပြုနေတဲ့ လူစာရင်းတွေအပေါ်မှာလည်း စိတ်တိုင်းမကျတာတွေ ဖြစ်ပေါ်နေပါတယ်။ ပွဲအစပိုင်းတွေမှာ အသင်းရဲ့ လူစာရင်းအတွင်း အသင်းကို လုံးဝအကျိုးမပြုနိုင်ခဲ့တဲ့ ဂျက်ဆီလင်ဂတ်ကို ပွဲတော်တော်များများမှာ ထည့်သွင်းအသုံးပြုခဲ့တဲ့အပေါ် ဝေဖန်ခံနေရသလို လူမှန်နေရာမှန် အသုံးမပြုခြင်းတွေနဲ့ ကစားသမားလူစားထိုးမှုတွေ မမှန်ကန်မှုတွေကြောင့် ရလဒ်တွေ မတည်မငြိမ် ဖြစ်နေရပြီး ရမှတ်၅မှတ်သာ ရှိနေပါသေးတယ်။

Photo Credit : Getty Images

ယူနိုက်တက်က လာမယ့်စနေနေ့မှာတော့ လက်စတာအသင်းနဲ့ ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ရတော့မှာဖြစ်ပြီး အဆိုပါ ပွဲအတွင်းမှာ အသင်းအနေနဲ့ အကယ်ဒမီထွက် လူငယ်ကြယ်ပွင့်ကစားသမားလေးဖြစ်တဲ့ အိန်ဂျယ်ဂိုးမက်စ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားဖို့ ယူနိုက်တက်ပရိသတ်များ လူမှုကွန်ယက်တွေပေါ်ကနေ တောင်းဆိုလာခဲ့ကြပါတယ်။ The United Stand ကနေပြီး “အိန်ဂျယ်ဂိုးမက်စ်ဟာ ယူနိုက်တက် ယူ-၂၃အသင်းအတွက် အရမ်းကို ကောင်းလွန်းနေပါတယ်။ အိုလီအနေနဲ့ ဂိုးမက်စ်ကို ပွဲထွက်ကစားသမားအဖြစ် အမြန်ဆုံး အသုံးပြုစေချင်ပါတယ်။ မဟုတ်ရင်တော့ သူ့ကို ဆုံးရှုံးရနိုင်ပါတယ်”

Photo Credit : Getty Images

“ဘာကြောင့်လဲဆိုတော့ သူသာအခု ဘာစီလိုနာတို့ မန်စီးတီးအသင်းတို့မှာ ပါဝင်နေရမယ်ဆိုရင် အနည်းနဲ့အများ ပွဲထွက်ကစားခွင့်တွေ ပိုင်ဆိုင်ရမှာ” လို့ တွစ်တာပေါ်ကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်များစွာက ကွင်းလယ်ပိုင်းမှာ လင်ဂတ်ကို အသုံးပြုနေမယ့်အစား Number 10 Role မှာ ဘောလုံးဖန်တီးမှုကောင်းမွန်တဲ့ ဂိုးမက်စ်ကို အသုံးပြုစေချင်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ဆိုးလ်ရှားကတော့ ဂရင်းဝုဒ် တာဟစ်ချောင် ဂိုးမက်စ်နဲ့ ဂတ်ဒ်နာတို့ကို အသင်းကြီးဆီ ခေါ်ဆောင်ခဲ့ပေမယ့်လည်း ကစားသမားတစ်ယောက်မှတော့ ပွဲထွက်ကစားခွင့် မရကြသေးပါဘူး။

Photo Credit : Getty Images

အသက်၁၉နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်နိုင်ငံသား ကွင်းလယ်ဖန်တီးရှင် အိန်ဂျယ်ဂိုးမက်စ်ဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ ရာသီပိတ်ပိတ်ပွဲမှာ ဝိန်းရွန်းနီရဲ့ နေရာမှာ လူစားဝင်ကစားရင်းနဲ့ စတင်ပါဝင်ခွင့် ရခဲ့သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ယူနိုက်တက်စီနီယာအသင်းအတွက် စကစားခွင့်ရခဲ့တဲ့ ဂိုးမက်စ်ဟာ ဒီကြားထဲမှာ ပရီးမီးယားလိဂ်ပွဲ၂ပွဲသာ ကစားခဲ့ရပြီး ပွဲထွက်ကစားခွင့် အလွန်နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် ယူ-၂၃အသင်းမှာ အမြဲတမ်းခြေစွမ်းပြနေသူဖြစ်တဲ့ ဂိုးမက်စ်ကို ယူနိုက်တက်ပရိသတ်တွေက ပွဲထွက်ကစားသမားအဖြစ် မြင်တွေ့ချင်နေပြီဖြစ်တာကြောင့် လာမယ့်လက်စတာအသင်းနဲ့ပွဲမှာများ ပါဝင်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။