MySport Myanmar

ဟန်ဒါဆန်ကို လက်လွတ်ပြီး တူရကီ ဂိုးသမားကို ပြန်ခေါ်သွားမယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းရဲ့ ဂိုးသမား ဒင်း ဟန်ဒါဆန်ကို လက်လွတ်ပြီး ဖီနာဘာချီအသင်းရဲ့ တူရကီ ဂိုးသမား ဘယင်ဒါကို ပြန်လည် အစားထိုးဖို့ ခေါ်ယူသွားဖို့ နီးစပ်နေပြီပဲ ဖြစ်ပါတယ်။

အင်္ဂလန် ဂိုးသမား ဒင်း ဟန်ဒါဆန်က လက်ရှိမှာ ခရစ္စတယ် ပဲလေ့စ်အသင်းဆီ တစ်ရာသီ အငှား + အပြီးသတ် ပြောင်းရွှေ့ခွင့်တို့နဲ့ ပြောင်းရွှေ့သွားတော့မှာဖြစ်ပြီး သူ့နေရာအတွက် တူရကီ ဂိုးသမား ဘယင်ဒါကို ပြန်လည် အလိုရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Football Talk

ယူနိုက်တက်အသင်းဟာ အင်တာမီလန်ရဲ့ ကင်မရွန်း ဂိုးသမား အန်ဒရေ အိုနာနာကို ခေါ်ယူထားခဲ့ပြီးနောက် အိုနာနာရဲ့ အရန်နေရာအတွက် ဂျပန် ဂိုးသမား ဇီယွန် ဆူဇူကီးကို ခေါ်ယူချင်ပေမယ့်လည်း ဒီကစားသမားလေးက ပုံမှန် နေရာအတွက် ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်ထားခဲ့ပါတယ်။

ဒါကြောင့် ယူနိုက်တက်က အသက် (၂၅)နှစ်အရွယ် ဖီနာဘာချီ ဂိုးသမား ဘာယင်ဒါကို ခေါ်ယူဖို့ အလျင်အမြန် လှုပ်ရှားလာခဲ့ပြီး ဘာယင်ဒါက ဂရိနိုင်ငံ အေသင်မြို့မှာပါ ယူနိုက်တက်အသင်းရဲ့ ဝန်ထမ်းတွေနဲ့ တွေ့ဆုံရင်း ဆေးစစ်မှုတွေပါ ခံယူခဲ့တယ်လို့ ဓါတ်ပုံသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

ယူနိုက်တက်က လက်ရှိမှာ အသင်းရဲ့ အရန် ဂိုးသမားတစ်ဦးဖြစ်သူ ကိုဗာကိုပါ လေဗာကူဆင်အသင်းဆီ ရောင်းချလိုက်ပြီးနောက် နောက်ထပ် အရန် ဂိုးသမား ဒင်း ဟန်ဒါဆန်ကိုလည်း ပဲလေ့စ်အသင်းဆီ လက်လွတ်သွားဖို့လည်း အဆင့်သင့် ရှိနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် အသင်းမှာ အိုနာနာ တွမ်ဟီတန်ုတို့သာ အသင်းရဲ့ စီနီယာ ဂိုးသမားတွေအဖြစ် ကျန်ရှိသွားတော့မှာဖြစ်လို့ ဘယင်ဒါကို ခုလို ကြိုးပမ်းလာခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာပဲ ပေါင် (၄)သန်းနဲ့ အပြောင်းအရွှေ့က အပြီးသတ်နိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version