ဒီနေ့ဇွန်လ(၂၄)ရက်နေ့ ည(၁၁)နာရီခွဲအချိန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၁)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့ ပွဲစဉ်အတွင်းမှာ အိမ်ရှင်ယူနိုက်တက်အသင်းက သူတို့ရဲ့ ဥရောပဝင်ခွင့်ပြိုင်ဘက် ရှက်ဖီးအသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူသွားခဲ့ပါတယ်။

Photo Credit : Getty Image

၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ အိမ်ရှင်ယူနိုက်တက်အသင်းဟာ မာစီယဲလ် ရပ်ဖိုဒ့် ဂရင်းဝုဒ် မာတစ် ပေါ့ဘာ ဖာနန်ဒက်စ် လုခ်ရှော ဝမ်ဘစ်ဆာခါ မက်ဂွိုင်းယား လင်ဒီလော့ ဒီဂီယာတို့ကို အသုံးပြုလာခဲ့ပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားကလည်း အသင်းရဲ့ကွင်းလယ်မှာ အားလုံးစိတ်ဝင်စားနေကြတဲ့ ပေါ့ဘာ ဖာနန်ဒက်စ်အတွဲကို ပွဲထွက်အသုံးပြုထားပါတယ်။ ပွဲအစပိုင်းကတည်းက ရှက်ဖီးဘက်ကို ဖိအားပေးခဲ့တဲ့ အိမ်ရှင်အသင်းဟာ (၆)မိနစ်မှာပဲ မာစီယဲလ်ရဲ့သွင်းဂိုးနဲ့ စောစောစီးစီးပဲ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၂၂)မိနစ်မှာလည်း နောက်ခံလူမက်ဂွိုင်းယားက ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပြစ်ဒဏ်ဘောအဖြစ်ပဲ သတ်မှတ်ခံပါတယ်။ ပထမပိုင်းပြီးခါနီးမှာတော့ အဖွင့်ဂိုးကို သွင်းယူထားတဲ့ မာစီယဲလ်ကပဲ ဘစ်ဆာခါရဲ့ပေးပို့မှုကနေ နောက်ထပ်သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ရှက်ဖီးဘက်က လူစားလဲမှု (၂)ကြိမ်ကို လုပ်ဆောင်ခဲ့ပေမယ့် ယူနိုက်တက်ကတော့ ဒီလူနဲ့ပဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ကာ ဖိအားလည်း ဆက်တိုက်ပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှုအသာရထားပေမယ့် တိုက်စစ်ဆင်မှုမှာတော့ သိပ်ထိထိရောက်ရောက် မရှိတော့ပဲ နောက်ပွဲတွေအတွက် ကစားအားချွေတာသလို ထိန်းကစားလာခဲ့ပါတယ်။ (၇၄)မိနစ်မှာတော့ မာစီယဲလ်က သူရဲ့ဟက်ထရစ်မြောက်ဂိုးကို သွင်းယူခဲ့ပြီး ယူနိုက်တက်လည်း ဂိုးပြတ်နိုင်ပွဲ ပိုင်ဆိုင်သွားခဲ့ရပါတယ်။