လီဗာပူးလ္ ေတာင္ပံ ကစားသမား မာေနးကေတာ့ ခ်န္ပီယံလိဂ္ဖလား နဲ႔ ပရီးမီးယားလိဂ္ဖလား ရရွိႏိုင္ဖို႔ ကိုယ္က်ိဳးစြန႔္မယ္လို႔ ေျပာဆိုခဲ့ၿပီး သေဘာကေတာ့ သူ႔ရဲ႕ ေအာင္ျမင္မႈထက္ အသင္းရဲ႕ ေအာင္ျမင္မႈကို ဦးစားေပးမယ္လို႔ ေျပာလိုက္တာပါပဲ။ လီဗာပူးလ္အသင္းဟာ (၂၀၁၉) ခုႏွစ္မွာ ခ်န္ပီယံလိဂ္၊ ယူအီအက္ဖ္ေအ စူပါဖလား နဲ႔ ကလပ္ကမာၻ႔ဖလားတို႔ကို ရရွိခဲ့ၿပီး မာေနးကေတာ့ ဒီႏွစ္မွာ မႏွစ္ကနဲ႔ မတူဘဲ ပရီးမီးယားလိဂ္ နဲ႔ ခ်န္ပီယံလိဂ္တို႔ကို ရခ်င္တယ္လို႔ ေျပာခဲ့ပါတယ္။

Photo Credit: Goal

လီဗာပူးလ္အသင္းဟာ ယေန႔ည (၂း၃၀) အခ်ိန္မွာ ဝုဗ္လ္အသင္းနဲ႔ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲစဥ္ ကစားရမွာ ျဖစ္ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ (၂၂) ပြဲ ကစားၿပီးတဲ့ အခ်ိန္မွာ ရမွတ္ (၆၄) မွတ္နဲ႔ ထိပ္ဆုံးမွာ ရပ္တည္လ်က္ပါ။ လီဗာပူးလ္ၾကယ္ပြင့္ မာေနးဟာ (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆု အဆင့္သတ္မွတ္ခ်က္မွာ အဆင့္ (၄) ေနရာ ရရွိခဲ့ၿပီး အလြန္ ျမင့္မားတဲ့ အဆင့္လို႔ ေျပာႏိုင္ေပမဲ့ အခ်ိဳ႕လူေတြက သူသာ (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆုကို ရသင့္တယ္လို႔ ေျပာခဲ့ၾကပါတယ္။

Photo Credit: Goal

မာေနးက “အသင္း မေအာင္ျမင္မခ်င္း၊ ကြၽန္ေတာ္လည္း မေအာင္ျမင္မခ်င္း၊ ကြၽန္ေတာ္ အသင္းအတြက္ ေပးဆပ္ႏိုင္သမွ် ကိုယ္က်ိဳးစြန႔္သြားပါမယ္။ ကြၽန္ေတာ့္ကိုေရာ ကစားသမားတိုင္းကိုေရာ ကိုယ္က်ိဳးစြန႔္မႈအတြက္ အသင္းက ျပန္ေပးမွာပါ။ ေသခ်ာတာက ကြၽန္ေတာ္တို႔ ေအာင္ျမင္မႈေတြ ရရွိခဲ့တယ္။ ကြၽန္ေတာ္တို႔ ပိုႀကီးမားတဲ့ ေအာင္ျမင္မႈ ရခ်င္ပါတယ္။ ပရီးမီးယားလိဂ္ နဲ႔ ခ်န္ပီယံလိဂ္ကို ရခ်င္ပါတယ္။ ဒါက လြယ္ေတာ့မလြယ္ပါဘူး။ ဒါကို လူတိုင္းသိပါတယ္”လို႔ ေျပာပါတယ္။

{Unicode}

လီဗာပူးလ် တောင်ပံ ကစားသမား မာနေးကတော့ ချန်ပီယံလိဂ်ဖလား နဲ့ ပရီးမီးယားလိဂ်ဖလား ရရှိနိုင်ဖို့ ကိုယ်ကျိုးစွန့်မယ်လို့ ပြောဆိုခဲ့ပြီး သဘောကတော့ သူ့ရဲ့ အောင်မြင်မှုထက် အသင်းရဲ့ အောင်မြင်မှုကို ဦးစားပေးမယ်လို့ ပြောလိုက်တာပါပဲ။ လီဗာပူးလ်အသင်းဟာ (၂၀၁၉) ခုနှစ်မှာ ချန်ပီယံလိဂ်၊ ယူအီအက်ဖ်အေ စူပါဖလား နဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ရရှိခဲ့ပြီး မာနေးကတော့ ဒီနှစ်မှာ မနှစ်ကနဲ့ မတူဘဲ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်တို့ကို ရချင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ ယနေ့ည (၂း၃၀) အချိန်မှာ ဝုဗ်လ်အသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် ကစားရမှာ ဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၂၂) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၆၄) မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်လျက်ပါ။ လီဗာပူးလ်ကြယ်ပွင့် မာနေးဟာ (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆု အဆင့်သတ်မှတ်ချက်မှာ အဆင့် (၄) နေရာ ရရှိခဲ့ပြီး အလွန် မြင့်မားတဲ့ အဆင့်လို့ ပြောနိုင်ပေမဲ့ အချို့လူတွေက သူသာ (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆုကို ရသင့်တယ်လို့ ပြောခဲ့ကြပါတယ်။

Photo Credit: Goal

မာနေးက “အသင်း မအောင်မြင်မချင်း၊ ကျွန်တော်လည်း မအောင်မြင်မချင်း၊ ကျွန်တော် အသင်းအတွက် ပေးဆပ်နိုင်သမျှ ကိုယ်ကျိုးစွန့်သွားပါမယ်။ ကျွန်တော့်ကိုရော ကစားသမားတိုင်းကိုရော ကိုယ်ကျိုးစွန့်မှုအတွက် အသင်းက ပြန်ပေးမှာပါ။ သေချာတာက ကျွန်တော်တို့ အောင်မြင်မှုတွေ ရရှိခဲ့တယ်။ ကျွန်တော်တို့ ပိုကြီးမားတဲ့ အောင်မြင်မှု ရချင်ပါတယ်။ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ကို ရချင်ပါတယ်။ ဒါက လွယ်တော့မလွယ်ပါဘူး။ ဒါကို လူတိုင်းသိပါတယ်”လို့ ပြောပါတယ်။