လီဂူးဝမ္း မိုနာကုိ ကြင္းလယ္ ကစားသမား ဖာဘရီဂတ္စ္ကေတာ့ သူ႔ရဲ႕ တြစ္တာ အေကာင့္မွာ မာေနးက လက္ရွိ ပရီးမီးယားလိဂ္ အေကာင္းဆုံး ကစားသမား ျဖစ္တယ္လုိ႔ ေရးသြားခဲ့ပါတယ္။ ကြင္းလယ္လူ ဖာဘရီဂတ္စ္ဟာ ပရီးမီးယားလိဂ္ ကလပ္ အာဆင္နယ္အသင္းမွာ ကစားခဲ့ဖူးၿပီး လက္ရွိမွာကေတာ့ လီဂူးဝမ္း ကလပ္ မုိနာကုိအသင္းအတြက္ ကစားေနလ်က္ ျဖစ္ပါတယ္။

Photo Credit: Metro

ဖာဘရီဂတ္စ္ဟာ အဂၤါေန႔ မနက္ပုိင္းက “ပရီးမီးယားလိဂ္မွာ အေကာင္းဆုံး ကစားသမား…?”လုိ႔ ေမးထားတာကုိ “ကြ်န္ေတ္ာ့အတြက္ကေတာ့ မာေနးပါ”လုိ႔ ျပန္ေျဖသြားခဲ့တာပဲ ျဖစ္ပါတယ္။ အာဆင္နယ္၊ ခ်ဲလ္ဆီး နဲ႔ ဘာစီလုိနာ ကြင္းလယ္ ကစားသမားေဟာင္း ျဖစ္သူ ဖာဘရီဂတ္စ္ဟာ ပရီးမီးယားလိဂ္ ကစားသမားေတြ မ်ားစြာထဲက မာေနးကုိ ေရြးခ်ယ္ၿပီး ေျဖခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Metro

မုိနာကုိ ကြင္းလယ္လူ ဖာဘရီဂတ္စ္လာ လက္ရွိရာသီ လီဂူးဝမ္း ပဲြစဥ္ (၁၁) ပဲြ ကစားၿပီးသြားတဲ့ အခ်ိန္မွာ (၁) ဂုိးမွ မသြင္းခဲ့ဘဲ ဂုိးဖန္တီးမႈ (၂) ႀကိမ္ ျပဳလုပ္ၿပီး အနီကဒ္ (၁) ႀကိမ္ ထိခဲ့ပါတယ္။ ဖာဘရီဂတ္စ္ဟာ အရင္ တစ္ခ်ိန္က သူ႔ရဲ႕ ေပးပုိ႔မႈ နဲ႔ ျဖတ္တင္မႈေၾကာင့္ နာမည္ရခဲ့ေပမဲ့လည္း လက္ရွိမွာေတာ့ သူ႔ရဲ႕ နာမည္က တစ္စထက္ တစ္စ ပုိမို က်ဆင္းလာေနလ်က္ ရွိေနပါတယ္။

{Unicode}

လီဂူးဝမ်း မိုနာကို ကွင်းလယ် ကစားသမား ဖာဘရီဂတ်စ်ကတော့ သူ့ရဲ့ တွစ်တာ အကောင့်မှာ မာနေးက လက်ရှိ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ရေးသွားခဲ့ပါတယ်။ ကွင်းလယ်လူ ဖာဘရီဂတ်စ်ဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်အသင်းမှာ ကစားခဲ့ဖူးပြီး လက်ရှိမှာကတော့ လီဂူးဝမ်း ကလပ် မိုနာကိုအသင်းအတွက် ကစားနေလျက် ဖြစ်ပါတယ်။

Photo Credit: Metro

ဖာဘရီဂတ်စ်ဟာ အင်္ဂါနေ့ မနက်ပိုင်းက “ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမား…?”လို့ မေးထားတာကို “ကျွန်တေ်ာ့အတွက်ကတော့ မာနေးပါ”လို့ ပြန်ဖြေသွားခဲ့တာပဲ ဖြစ်ပါတယ်။ အာဆင်နယ်၊ ချဲလ်ဆီး နဲ့ ဘာစီလိုနာ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ဖာဘရီဂတ်စ်ဟာ ပရီးမီးယားလိဂ် ကစားသမားတွေ များစွာထဲက မာနေးကို ရွေးချယ်ပြီး ဖြေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Metro

မိုနာကို ကွင်းလယ်လူ ဖာဘရီဂတ်စ်လာ လက်ရှိရာသီ လီဂူးဝမ်း ပွဲစဉ် (၁၁) ပွဲ ကစားပြီးသွားတဲ့ အချိန်မှာ (၁) ဂိုးမှ မသွင်းခဲ့ဘဲ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ပြီး အနီကဒ် (၁) ကြိမ် ထိခဲ့ပါတယ်။ ဖာဘရီဂတ်စ်ဟာ အရင် တစ်ချိန်က သူ့ရဲ့ ပေးပို့မှု နဲ့ ဖြတ်တင်မှုကြောင့် နာမည်ရခဲ့ပေမဲ့လည်း လက်ရှိမှာတော့ သူ့ရဲ့ နာမည်က တစ်စထက် တစ်စ ပိုမို ကျဆင်းလာနေလျက် ရှိနေပါတယ်။