လီဗာပူးလ္အသင္းရဲ့ ယခုႏွစ္ ေဘာလုံးရာသီ စြမ္းေဆာင္မွုေတြက အရမ္းကို အံ့အားသင့္စရာ ေကာင္းလြန္းၿပီး ေလးစားစရာပါပဲ။ ဒဏၰာရီ ပုံျပင္တစ္ပုဒ္လို လွပေနတဲ့ လီဗာပူးလ္အသင္းရဲ့ ေျခစြမ္းေတြကို ယခုအခ်ိန္အထိ ရပ္တန႔္နိုင္တဲ့သူ မေပၚေသးပဲ ယေန႔မနက္မွာလည္း ပရီးမီးယားလိဂ္ရဲ့ အဝါေရာင္ဝံပုေလြေတြက သူတို႔ရဲ့ နယ္ေျမမွာ ႀကိဳးၾကာနီေတြကို လက္ေျမႇာက္ အရွုံးေပးခဲ့ရျပန္ပါတယ္။

Photo Credit: Metro.com

လီဗာပူးလ္အသင္းဟာ ယေန႔မနက္မွာ ဝုဗ္အသင္းနဲ႔ အေဝးကြင္းပြဲက်ပ္တစ္ပြဲကို ရင္ဆိုင္ခဲ့ရတာျဖစ္ေပမယ့္ အမွားအယြင္းကင္းတဲ့ ကစားပုံနဲ႔အတူ ႏွစ္ဂိုး တစ္ဂိုးဆိုတဲ့ ရလဒ္နဲ႔ အေဝးကြင္းမွာ နိုင္ပြဲတစ္ပြဲကို ထပ္မံရရွိခဲ့ပါတယ္။ အဆိုပါ ပြဲစဥ္မွာ လီဗာပူးလ္အသင္းအတြက္ အနိုင္ဂိုးေတြ သြင္းယူေပးခဲ့သူေတြက ဟန္ဒါဆန္နဲ႔ ဖာမီနိုတို႔ပဲ ျဖစ္ပါတယ္။

Photo Credit: Metro.com

ဝုဗ္အသင္းလို ကစားပုံမာေက်ာတဲ့ အသင္းရဲ့ အိမ္ကြင္းမွာ နိုင္ပြဲတစ္ပြဲရရွိခဲ့တာဟာ ခ်ိဳၿမိန္ေပမယ့္ လီဗာပူးလ္အသင္း ပရိသတ္ေတြ စိတ္ပူစရာ ျဖစ္ခဲ့တာကေတာ့ အသင္းရဲ့ အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ မာေနးရဲ့ ဒဏ္ရာ ျပႆနာပါပဲ။ မာေနးဟာ ပထမပိုင္း ပြဲခ်ိန္ အတြင္းမွာ ဆာလက္ေပးပို႔တဲ့ ေဘာလုံးကို လက္ခံရယူဖို႔ ေျပးသြားခ်ိန္မွာ ႂကြက္သားဒဏ္ရာ ရရွိခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ ၃၃မိနစ္မွာ မီနာမီနိုနဲ႔ လူစားလဲ ခံခဲ့ရသူပါ။

Photo Credit: Metro.com

မာေနးရဲ့ ဒဏ္ရာနဲ႔ပတ္သတ္ၿပီး ကေလာ့ပ္ က ” ဆာဒီယို(မာေနး) ဒဏ္ရာရခဲ့တာက တကယ့္ကို ဆိုးရြားပါတယ္။ သူ႔ရဲ့ ဒဏ္ရာက အရမ္း မျပင္းထန္ဖို႔နဲ႔ ႂကြက္သားနာက်င္မွုပဲ ျဖစ္ဖို႔ ကၽြန္ေတာ္တို႔ ေမၽွာ္လင့္ထားပါတယ္​။ အေၿဖ အတိအက်ကိုေတာ့ မနက္ျဖန္မွပဲ သိရမွာပါ။ သူက တံေကာက္ေၾကာနားမွာ နာက်င္မွု တခ်ိဳ႕ရခဲ့တာပဲ ျဖစ္ပါတယ္။ ဒဏ္ရာ အေနအထားကို အခုခ်ိန္အထိ ကၽြန္ေတာ္တို႔ မသိေသးပါဘူး ” လို႔ ဆိုသြားခဲ့ပါတယ္။

လီဗာပူးလ်အသင်းရဲ့ ယခုနှစ် ဘောလုံးရာသီ စွမ်းဆောင်မှုတွေက အရမ်းကို အံ့အားသင့်စရာ ကောင်းလွန်းပြီး လေးစားစရာပါပဲ။ ဒဏ္ဏာရီ ပုံပြင်တစ်ပုဒ်လို လှပနေတဲ့ လီဗာပူးလ်အသင်းရဲ့ ခြေစွမ်းတွေကို ယခုအချိန်အထိ ရပ်တန့်နိုင်တဲ့သူ မပေါ်သေးပဲ ယနေ့မနက်မှာလည်း ပရီးမီးယားလိဂ်ရဲ့ အဝါရောင်ဝံပုလွေတွေက သူတို့ရဲ့ နယ်မြေမှာ ကြိုးကြာနီတွေကို လက်မြှောက် အရှုံးပေးခဲ့ရပြန်ပါတယ်။

Photo Credit: Metro.com

 

လီဗာပူးလ်အသင်းဟာ ယနေ့မနက်မှာ ဝုဗ်အသင်းနဲ့ အဝေးကွင်းပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပေမယ့် အမှားအယွင်းကင်းတဲ့ ကစားပုံနဲ့အတူ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ နိုင်ပွဲတစ်ပွဲကို ထပ်မံရရှိခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးတွေ သွင်းယူပေးခဲ့သူတွေက ဟန်ဒါဆန်နဲ့ ဖာမီနိုတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

ဝုဗ်အသင်းလို ကစားပုံမာကျောတဲ့ အသင်းရဲ့ အိမ်ကွင်းမှာ နိုင်ပွဲတစ်ပွဲရရှိခဲ့တာဟာ ချိုမြိန်ပေမယ့် လီဗာပူးလ်အသင်း ပရိသတ်တွေ စိတ်ပူစရာ ဖြစ်ခဲ့တာကတော့ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ မာနေးရဲ့ ဒဏ်ရာ ပြဿနာပါပဲ။ မာနေးဟာ ပထမပိုင်း ပွဲချိန် အတွင်းမှာ ဆာလက်ပေးပို့တဲ့ ဘောလုံးကို လက်ခံရယူဖို့ ပြေးသွားချိန်မှာ ကြွက်သားဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ပွဲချိန် ၃၃မိနစ်မှာ မီနာမီနိုနဲ့ လူစားလဲ ခံခဲ့ရသူပါ။

Photo Credit: Metro.com

မာနေးရဲ့ ဒဏ်ရာနဲ့ပတ်သတ်ပြီး ကလော့ပ် က ” ဆာဒီယို(မာနေး) ဒဏ်ရာရခဲ့တာက တကယ့်ကို ဆိုးရွားပါတယ်။ သူ့ရဲ့ ဒဏ်ရာက အရမ်း မပြင်းထန်ဖို့နဲ့ ကြွက်သားနာကျင်မှုပဲ ဖြစ်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်​။ အဖြေ အတိအကျကိုတော့ မနက်ဖြန်မှပဲ သိရမှာပါ။ သူက တံကောက်ကြောနားမှာ နာကျင်မှု တချို့ရခဲ့တာပဲ ဖြစ်ပါတယ်။ ဒဏ်ရာ အနေအထားကို အခုချိန်အထိ ကျွန်တော်တို့ မသိသေးပါဘူး ” လို့ ဆိုသွားခဲ့ပါတယ်။