လီဗာပူးလ္ ေတာင္ပံ ကစားသမား မားေနဟာ ဆာလတ္ နဲ႔ မာရက္စ္တုိ႔ကုိ ေက်ာ္ၿပီး အာဖရိက တစ္ႏွစ္တာ အေကာင္းဆုံးကုိ ပထမဆုံး အႀကိမ္ ရရွိခဲ့ပါတယ္။ ဆုရၿပီး မိန္႔ခြန္းေျပာတဲ့ အခါမွာ သူ႔ရဲ႕ လုပ္ႏုိင္စြမ္းကုိ တစ္ခုမွ ထည့္မေျပာခဲ့ဘဲ ေက်းဇူးတင္ေၾကာင္း နဲ႔ ဂုဏ္ယူူေၾကာင္းကုိသာ ေျပာခဲ့ၿပီး သူ႔ရဲ႕ မိန္႔ခြန္းကုိ အရုိးသားဆုံး မိန္႔ခြန္းလုိ႔ေတာင္ အခ်ဳိ႕ သတင္းက ခ်ီးက်ဴးခဲ့ပါတယ္။ သူ႔ရဲ႕ မိန္႔ခြန္း အျပည့္အဆုံကေတာ့…

Photo Credit: Givemesport

မာေနးက “အပြင့္လင္းဆုံး ေျပာရရင္ ကြ်န္ေတာ္ အေရးႀကီးတဲ့ လူေတြမ်ားစြာေရွ႕မွာ စကားေျပာရ တာထက္ ေဘာလုံး ကစားရတာ ပုိႀကိဳက္ပါတယ္။ ကြ်န္ေတာ့္ အလုပ္ကုိ ကြ်န္ေတာ္ ခ်စ္ပါတယ္။ ကြ်န္ေတာ္ အလြန္ ေပ်ာ္ၿပီး၊ တစ္ခ်ိန္တည္းမွာ အလြန္ ဂုဏ္ယူပါတယ္။ ကြ်န္ေတာ့္ရဲ႕ မိသားစုကုိ ေက်းဇူးတင္ပါတယ္။ အထူးသျဖင့္ ဒီပဲြမွာ ရွိေနၾကတဲ့ ကြ်န္ေတာ့္ဦးေလး နဲ႔ ကြ်န္ေတာ့္နည္းျပကုိ ေက်းဇူးတင္ပါတယ္။ လက္ေရြးစင္ အသင္းေဖာ္ေတြ၊ အသင္းဝန္ထမ္းေတြ၊ လီဗာပူးလ္ ေဘာလုံး အသင္း နဲ႔ ကလပ္အသင္းေဖာ္ေတြကုိလည္း ေက်းဇူးတင္ပါတယ္။ ကြ်န္ေတာ့္အတြက္ ဒီေန႔ဟာ ေန႔ထူးေန႔ရက္ပါ။ ကြ်န္ေတာ့္ကုိ မဲေပးခဲ့ၾကတဲ့ ဆီနီေဂါ လူမ်ဳိး အားလုံးကုိ ေက်းဇူးတင္ပါတယ္။ ကြ်န္ေတာ္က “ဘမ္ဘာလီ”လုိ႔ ေခၚတဲ့ ေက်းရြာက လာခဲ့တာပါ။ သူတုိ႔ေတြ ဒီည ကြ်န္ေတာ့္ကုိ ၾကည့္ေနၾကမွာ ေသခ်ာပါတယ္။ ထပ္ၿပီး တကယ္ ေက်းဇူးတင္ပါတယ္။ ဒီဆုကုိ ရရွိလုိ႔ အလြန္ ဂုဏ္ယူပါတယ္”လို႔ အာဖရိက တစ္ႏွစ္တာ အေကာင္းဆုံး ဆု ရရွိၿပီးေနာက္ ေျပာသြားခဲ့ပါတယ္။

Photo Credit: Givemesport

မာေနးဟာ (၂၀၁၉) ခုႏွစ္မွာ လီဗာပူးလ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ဖလား၊ စူပါဖလား နဲ႔ ကလပ္ ကမၻာ့ဖလားတုိ႔ကုိ ရရွိခဲ့သလုိ၊ ဆီနီေဂါအသင္းနဲ႔ အာဖရိက ႏုိင္ငံ ၿပိဳင္ပဲြ ဗုိလ္လုပဲြကုိ ေရာက္ရွိခဲ့ၿပီး ကလပ္အသင္း နဲ႔ ႏုိင္ငံအသင္းအတြက္ သြင္းဂိုးေတြ မ်ားစြာ သြင္းယူခဲ့တာေၾကာင့္ (၂၀၁၉) ခုႏွစ္ အာဖရိက တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကုိ (၄၇၇) မဲနဲ႔ ထုိက္ထုိက္တန္တန္ ရရွိသြားခဲ့ပါတယ္။

{Unicode}

လီဗာပူးလ် တောင်ပံ ကစားသမား မားနေဟာ ဆာလတ် နဲ့ မာရက်စ်တို့ကို ကျော်ပြီး အာဖရိက တစ်နှစ်တာ အကောင်းဆုံးကို ပထမဆုံး အကြိမ် ရရှိခဲ့ပါတယ်။ ဆုရပြီး မိန့်ခွန်းပြောတဲ့ အခါမှာ သူ့ရဲ့ လုပ်နိုင်စွမ်းကို တစ်ခုမှ ထည့်မပြောခဲ့ဘဲ ကျေးဇူးတင်ကြောင်း နဲ့ ဂုဏ်ယူူကြောင်းကိုသာ ပြောခဲ့ပြီး သူ့ရဲ့ မိန့်ခွန်းကို အရိုးသားဆုံး မိန့်ခွန်းလို့တောင် အချို့ သတင်းက ချီးကျူးခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်း အပြည့်အဆုံကတော့…

Photo Credit: Givemesport

မာနေးက “အပွင့်လင်းဆုံး ပြောရရင် ကျွန်တော် အရေးကြီးတဲ့ လူတွေများစွာရှေ့မှာ စကားပြောရ တာထက် ဘောလုံး ကစားရတာ ပိုကြိုက်ပါတယ်။ ကျွန်တော့် အလုပ်ကို ကျွန်တော် ချစ်ပါတယ်။ ကျွန်တော် အလွန် ပျော်ပြီး၊ တစ်ချိန်တည်းမှာ အလွန် ဂုဏ်ယူပါတယ်။ ကျွန်တော့်ရဲ့ မိသားစုကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဒီပွဲမှာ ရှိနေကြတဲ့ ကျွန်တော့်ဦးလေး နဲ့ ကျွန်တော့်နည်းပြကို ကျေးဇူးတင်ပါတယ်။ လက်ရွေးစင် အသင်းဖော်တွေ၊ အသင်းဝန်ထမ်းတွေ၊ လီဗာပူးလ် ဘောလုံး အသင်း နဲ့ ကလပ်အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် ဒီနေ့ဟာ နေ့ထူးနေ့ရက်ပါ။ ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့ ဆီနီဂေါ လူမျိုး အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က “ဘမ်ဘာလီ”လို့ ခေါ်တဲ့ ကျေးရွာက လာခဲ့တာပါ။ သူတို့တွေ ဒီည ကျွန်တော့်ကို ကြည့်နေကြမှာ သေချာပါတယ်။ ထပ်ပြီး တကယ် ကျေးဇူးတင်ပါတယ်။ ဒီဆုကို ရရှိလို့ အလွန် ဂုဏ်ယူပါတယ်”လို့ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ဆု ရရှိပြီးနောက် ပြောသွားခဲ့ပါတယ်။

Photo Credit: Givemesport

မာနေးဟာ (၂၀၁၉) ခုနှစ်မှာ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ဖလား၊ စူပါဖလား နဲ့ ကလပ် ကမ္ဘာ့ဖလားတို့ကို ရရှိခဲ့သလို၊ ဆီနီဂေါအသင်းနဲ့ အာဖရိက နိုင်ငံ ပြိုင်ပွဲ ဗိုလ်လုပွဲကို ရောက်ရှိခဲ့ပြီး ကလပ်အသင်း နဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုးတွေ များစွာ သွင်းယူခဲ့တာကြောင့် (၂၀၁၉) ခုနှစ် အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို (၄၇၇) မဲနဲ့ ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။