MySport Myanmar

ဆာနေးကို လက်သီးစာ ကျွေးမိခဲ့တဲ့ အကြောင်း မာနေး ပြန်လည် ဖွင့်ဟ

ပြီးခဲ့တဲ့ ဘောလုံးရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အပြီး ဘိုင်ယန်မြူးနစ် အသင်းဖော်တွေဖြစ်တဲ့ ဆာဒီယို မာနေး နဲ့ လီရွိုင်း ဆာနေးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး မာနေးက စိတ်မထိန်းနိင်ပဲ ဆာနေး မျက်နှာကို ဆွဲထိုးမိခဲ့လို့ ပြစ်ဒဏ်ပါ ချမှတ်ခံခဲ့ရပါတယ်။

Photo Credit : Daily Mail

လီဗာပူးလ်ကနေ ဘိုင်ယန်ဆီကို ပြောင်းရွှေ့လာခဲ့ပြီး ပြီးခဲ့တဲ့ ရာသီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ စိတ်အပျက်ရဆုံး ကစားသမားအဖြစ်ပါ ရွေးချယ်ခံခဲ့ရသူ မာနေးဟာ မန်စီးတီးကို (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အပြီးမှာ ဆာနေးနဲ့ အချင်းများခဲ့ရင်း ကိုယ်ထိလက်ရောက်ပါ ကျူးလွန်မိခဲ့လို့ အသင်းဘက်က ဒဏ်ရိုက်တာ ခံခဲ့ရတဲ့အပြင် မာနေးရဲ့ အနာဂတ်ပါ လှုပ်ခတ်သွားခဲ့ရပါတယ်။ ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး မာနေးက –

Photo Credit : Daily Mail

“ဒီလို ကိစ္စရပ်မျိုးတွေဆိုတာ ဖြစ်ပေါ်လာနိုင်တတ်ပါတယ်။ ဖြစ်လည်း ဖြစ်ခဲ့ပါတယ်။ ဒီပြသာနာလေးကို ကျွန်တော်တို့ ဖြေရှင်းနိုင်ခဲ့ပါတယ်။ တစ်ခါတစ်လေမှာ ပြသာနာတွေကို ဖြေရှင်းရတာ ကောင်းတယ် ဆိုပေမယ့်လည်း ဒီလို နည်းလမ်းမျိုးနဲ့တော့ မဖြေရှင်းတာတော့ ပိုကောင်းတာပေါ့။ အခုတော့ ဒီကိစ္စက ကျွန်တော်တို့အတွက်တော့ ပြီးဆုံးသွားပါပြီ။ လာမယ့် ဘောလုံးရာသီမှာ အသင်းရဲ့ ရည်မှန်းချက်တွေ ရယူသွားဖို့ နဲ့ ကလပ်အသင်းကို ကူညီသွားဖို့အတွက်သာ အတူတကွ ကြိုးစားသွားကြမှာပါ။ ပြီးခဲ့တဲ့ရာသီက အလွန်ကို ရှုပ်ထွေးတဲ့ ရာသီတစ်ခု ဖြစ်ခဲ့တယ်။”

Photo Credit : Daily Mail

“ဒါပေမယ့် ကျွန်တော် ဒီကို မလာခင်ကတည်းက ဒီလို ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာမို့ သိပ်တော့ အံ့သြစရာ မရှိပါဘူး။ ဒါက ပုံမှန်ပါပဲ။ အခုတော့ ကျွန်တော် မိသားစုနဲ့ အပန်းဖြေ ခရီး ထွက်နေပါတယ်။ ကျွန်တော်က စိန်ခေါ်မှုတွေကို နှစ်သက်ပြီး ဘိုင်ယန်မြူးနစ်ကလည်း ကျွန်တော့်အတွက် စိန်ခေါ်မှုကြီးပါ။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့နဲ့ အရာအားလုံးကို လုပ်ဆောင်ဖို့က ကျွန်တော့်အပေါ်မှာပဲ မူတည်နေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version