ဆီနီေဂါ ေတာင္ပံ ကစားသမား မာေနးဟာ ကလပ္အသင္းေဖာ္၊ အီဂ်စ္ တုိက္စစ္မွဴး ဆာလတ္ကုိ ေက်ာ္ၿပီး၊ (၂၀၁၉) ခုႏွစ္ အာဖရိက တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကုိ ရယူခဲ့ပါတယ္။ (၂၀၁၉) ခုႏွစ္ အာဖရိက တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆု စံကာတင္ (၃) ေယာက္မွာ မာေနး (ဆီနီေဂါ)၊ ဆာလတ္ (အီဂ်စ္) နဲ႔ မာရက္စ္ (အယ္ဂ်ီးရီးယား) စသျဖင့္ ျဖစ္ခဲ့ၾကပါတယ္။

Photo Credit: Allfootball

(၂၀၁၉) ခုႏွစ္ အာဖရိက တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုအတြက္ မဲ ရလဒ္ထြက္ေပၚလာေတာ့ မာေနးက (၄၇၇) မဲ၊ ဆာလတ္က (၃၂၅) မဲ နဲ႔ မာရက္စ္က (၂၆၇) မဲ ရရွိခဲ့ၾကပါတယ္။ ဆီနီေဂါ ၾကယ္ပြင့္ မာေနးဟာ မဲ (၄၇၇) နဲ႔ မဲအမ်ားဆုံး ရခဲ့တာေၾကာင့္ (၂၀၁၉) ခုႏွစ္ အာဖရိက တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကုိ မဲ အျပတ္အသတ္နဲ႔ သိမ္းပုိက္ခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Allfootball

မာေနးဟာ (၂၀၁၉) ခုႏွစ္မွာ လက္ေရြးစင္ ဆီနီေဂါအသင္း နဲ႔ ကလပ္ လီဗာပူးလ္အသင္းအတြက္ အခရာက်ခဲ့ၿပီး ဆီနီေဂါအသင္းကုိ အာဖရိက ႏုိင္ငံ ဖလား ၿပိဳင္ပဲြ ဗုိလ္လုပဲြကုိ ပုိ႔ေဆာင္ခဲ့ပါတယ္။ မာေနးဟာ အာဖရိက ႏုိင္ငံ ဖလား ၿပိဳင္ပဲြ (AFCON) မွာ ၿပိဳင္ပဲြ တစ္ေလွ်ာက္ (၃) ဂုိး သြင္းယူခဲ့ၿပီး ဗုိလ္လုပဲြကုိ ေရာက္ခဲ့ေပမဲ့ ဗုိလ္လုပဲြမွာ အယ္ဂ်ီးရီးယားအသင္းကုိ ရႈံးနိမ့္သြားခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Allfootball

မာေနးဟာ လက္ေရြးစင္ ဆီနီေဂါအသင္းအတြက္ အခရာ ကစားသမား ျဖစ္ရုံသာမကဘဲ ကလပ္ လီဗာပူးလ္အသင္းအတြက္လည္း အခရာ ကစားသမား ျဖစ္ၿပီး ခ်န္ပီယံလိဂ္ ဖလား ရရွိခဲ့ပါတယ္။ မာေနးဟာ ပရီးမီးယားလိဂ္ သြင္းဂုိး (၂၂) ဂုိး သြင္းယူခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကုိ ဆာလတ္၊ အူးဘာမိယန္းတုိ႔နဲ႔ ပူးတဲြ ရရွိခဲ့ၿပီး ျပိဳင္ပဲြစုံ သြင္းဂုိး (၃၉) ဂုိးေတာင္ သြင္းယူခဲ့ပါတယ္။

{Unicode}

ဆီနီဂေါ တောင်ပံ ကစားသမား မာနေးဟာ ကလပ်အသင်းဖော်၊ အီဂျစ် တိုက်စစ်မှူး ဆာလတ်ကို ကျော်ပြီး၊ (၂၀၁၉) ခုနှစ် အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရယူခဲ့ပါတယ်။ (၂၀၁၉) ခုနှစ် အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု စံကာတင် (၃) ယောက်မှာ မာနေး (ဆီနီဂေါ)၊ ဆာလတ် (အီဂျစ်) နဲ့ မာရက်စ် (အယ်ဂျီးရီးယား) စသဖြင့် ဖြစ်ခဲ့ကြပါတယ်။

Photo Credit: Allfootball

(၂၀၁၉) ခုနှစ် အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် မဲ ရလဒ်ထွက်ပေါ်လာတော့ မာနေးက (၄၇၇) မဲ၊ ဆာလတ်က (၃၂၅) မဲ နဲ့ မာရက်စ်က (၂၆၇) မဲ ရရှိခဲ့ကြပါတယ်။ ဆီနီဂေါ ကြယ်ပွင့် မာနေးဟာ မဲ (၄၇၇) နဲ့ မဲအများဆုံး ရခဲ့တာကြောင့် (၂၀၁၉) ခုနှစ် အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို မဲ အပြတ်အသတ်နဲ့ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Allfootball

မာနေးဟာ (၂၀၁၉) ခုနှစ်မှာ လက်ရွေးစင် ဆီနီဂေါအသင်း နဲ့ ကလပ် လီဗာပူးလ်အသင်းအတွက် အခရာကျခဲ့ပြီး ဆီနီဂေါအသင်းကို အာဖရိက နိုင်ငံ ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲကို ပို့ဆောင်ခဲ့ပါတယ်။ မာနေးဟာ အာဖရိက နိုင်ငံ ဖလား ပြိုင်ပွဲ (AFCON) မှာ ပြိုင်ပွဲ တစ်လျှောက် (၃) ဂိုး သွင်းယူခဲ့ပြီး ဗိုလ်လုပွဲကို ရောက်ခဲ့ပေမဲ့ ဗိုလ်လုပွဲမှာ အယ်ဂျီးရီးယားအသင်းကို ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Allfootball

မာနေးဟာ လက်ရွေးစင် ဆီနီဂေါအသင်းအတွက် အခရာ ကစားသမား ဖြစ်ရုံသာမကဘဲ ကလပ် လီဗာပူးလ်အသင်းအတွက်လည်း အခရာ ကစားသမား ဖြစ်ပြီး ချန်ပီယံလိဂ် ဖလား ရရှိခဲ့ပါတယ်။ မာနေးဟာ ပရီးမီးယားလိဂ် သွင်းဂိုး (၂၂) ဂိုး သွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဆာလတ်၊ အူးဘာမိယန်းတို့နဲ့ ပူးတွဲ ရရှိခဲ့ပြီး ပြိုင်ပွဲစုံ သွင်းဂိုး (၃၉) ဂိုးတောင် သွင်းယူခဲ့ပါတယ်။