MySport Myanmar

နွေမှာ မြူးနစ်ကနေ စွန့်ခွာသွားကြတော့မယ့် မာနေး နဲ့ ကန်ဆယ်လို

ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်းတွေ ဖြစ်တဲ့ ဆာဒီယို မာနေး နဲ့ ဂျာအို ကန်ဆယ်လိုတို့ နှစ်ဦးလုံးဟာ လာမယ့် နွေရာသီမှာပဲ ဘိုင်ယန်မြူးနစ်အသင်းကနေ အသီးသီး ထွက်ခွာသွားကြတော့မယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက် (၃၁)နှစ်အရွယ် ဆီနီဂေါ စူပါစတား ကစားသမားကြီး မာနေးဟာ လီဗာပူးလ်အသင်းကနေ ဘိုင်ယန်မြူးနစ်ဆီကို ပေါင် (၂၇.၄)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် (၁၂)ဂိုး သွင်းယူထားနိုင်သလို ဒဏ်ရာ ပြသာနာတွေနဲ့ ရုန်းကန်နေရပါတယ်။ ပိုဆိုးတာကတော့ မန်စီးတီးကို (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီး သူ့အသင်းဖော် ဆာနေးနဲ့ပါ အချင်းများရင်း ကိုယ်ထိလက်ရောက် ပြုမှုတာကြောင့် အသင်းနဲ့ပါ အဆင်မပြေ ဖြစ်လာခဲ့ရသလို သူရဲ့ ဘိုင်ယန် အနာဂတ်ဟာလည်း မရေမရာ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

မာနေးလို ပရီးမီးယားလိဂ်မှာ ကျော်ကြားခဲ့သူ မာနေးနဲ့ ပြိုင်ဘက်တွေ အဖြစ်ပါ ထိပ်တိုက် တွေ့ဆုံခဲ့ဖူးသူ မန်စီးတီး နောက်ခံအစွန်လူ ကန်ဆယ်လိုက ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာပဲ မန်စီးတီးကနေ ဘိုင်ယန်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ပေါ်တူဂီ ညာနောက်ခံလူ ကန်ဆယ်လိုဟာ သူရဲ့ ဘိုင်ယန်ကစားသမားဘဝ အစပိုင်းမှာပဲ ဂိုးဖန်တီးမှုတွေ ဆက်တိုက် လုပ်ဆောင်နိုင်ခဲ့ပေမယ့် သူ့ကို ဘိုင်ယန်ဘက်က ယူရို သန်း(၇၀) တန်ကြေးရှိ အပြီးသတ် ခေါ်ယူခွင့်ကို အသုံးချဖွယ် မရှိပဲ အငှားစာချုပ် ပြည့်မြောက်ချိန်မှာပဲ မန်စီးတီးအသင်းဆီကိုသာ ပြန်ပို့ဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

မာနေးအတွက် ဘိုင်ယန်က တစ်နှစ် လုပ်ခ ယူရို သန်း(၂၀)အထိ ပေးချေနေရပြီး အသင်းအတွင်း အဆင်မပြေမှုတွေပါ ရှိနေတဲ့ မာနေးကို ရှင်းထုတ်ကာ တိုက်စစ်ပိုင်းအတွက် အရည်အသွေးမြင့် ကစားသမားတစ်ဦးကို ပြန်လည် ခေါ်ယူချင်နေပါတယ်။ ဒါ့အပြင် ကန်ဆယ်လိုကိုလည်း ယူရို သန်း(၇၀)နဲ့ အပြီးသတ် ခေါ်ယူဖို့အတွက် ဆန္ဒမရှိလို့ ဒီကစားသမား နှစ်ဦးလုံးကတော့ လာမယ့် နွေမှာပဲ ဘိုင်ယန်ကနေ အသီးသီး ထွက်ခွာကြရတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version