လီဗာပူးလ်အသင်းရဲ့နာမည်ကျော်သုံးဦးတွဲတိုက်စစ်မှာတစ်ဦးအပါအဝင်ဖြစ်တဲ့တောင်ပံတိုက်စစ်ကစားသမားမာနေးကတော့ပရီးမီးယားလိဂ်မှာဂုဏ်ယူစရာကောင်းတဲ့မှတ်တမ်းတစ်ခုကိုရရှိခဲ့တယ်လို့သိရပါတယ်။မာနေးရရှိခဲ့တဲ့စံချိန်မှတ်တမ်းကတော့လိဂ်သွင်းဂိုး၁၀၀ပြည့်မြောက်သွားတဲ့မှတ်တမ်းပါပဲ။

Photo Credit: Standard.com

     မနေ့ညကယှဉ်ပြိုင်ကစားသွားခဲ့တဲ့နောဝှစ်အသင်းနဲ့လီဗာပူးလ်အသင်းတို့ရဲ့ပွဲစဉ်မှာမာနေးဟာလီဗာပူးလ်အသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပေးခဲ့ပြီးဒါဟာမာနေးအတွက်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာသွင်းဂိုး၁၀၀ပြည့်မြောက်စေခဲ့တဲ့သွင်းဂိုးလို့လည်းသိရပါတယ်။

Photo Credit: Standrad.com

      ပရီးမီးယားလိဂ်ပြိုင်ပွဲမှာဆောက်သမ်တန်လီဗာပူးလ်အသင်းတို့နဲ့အတူကစားခဲ့ဖူးတဲ့မာနေးဟာသူ့ရဲ့ပရီးမီးယားလိဂ်သွင်းဂိုး၁၀၀ထဲကမှ၂၅ဂိုးကိုဆောက်သမ်တန်အသင်းအတွက်သွင်းယူပေးခဲ့တာဖြစ်ပြီးကျန်၇၅ဂိုးကိုတော့လီဗာပူးလ်အသင်းအတွက်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit: Standard.com

      မာနေးဟာယခုနှစ်ဘောလုံးရာသီမှာလီဗာပူးလ်အသင်းတွက်ပရီးမီးယားလိဂ်ပွဲစဉ်၂၃ပွဲကစားပေးထား​​ကာသွင်းဂိုး၁၂ဂိုးနဲ့ဂိုးဖန်တီးမှု၆ကြိမ်ပြုလုပ်ပေးထားနိုင်သူပါ။