မာရီရိုမန်ဇူကစ် ကတော့ မကြာခင်မှာပဲ ဘောလုံးလောက ထဲကို လျှင်လျှင်မြန်မြန် ရောက်ရှိလာတော့မာ ဖြစ်တယ်လို့ သိရပါတယ်။ မန်ဇူကစ် အနေနဲ့ လာလီဂါ ကလပ် ဆယ်လ်တာဗီဂို အသင်းကို ရောက်ရှိဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။ အသင်းနဲ့ ညှိနှိုင်းမှုတွေကလည်း နောက်ဆုံးအဆင့်မှာ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ မန်ဇူကစ် အနေနဲ့ အသင်းမဲ့ နေတာဟာ လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းက ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆယ်လ်တာဗီဂို အနေနဲ့ သူ့ရဲ့ ဘောလုံးအပါ်မှာ စိတ်အားထက်သန်မှုနဲ့ ဥရောပဘောလုံးလောက မှာ ထိပ်တန်းကစားသမား တစ်ဦးပြန်ဖြစ်ချင်တဲ့ စိတ်ကို ကြည့်ပြီးတော့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

ညှိနှိုင်းဆွေးနွေးမှုတွေဟာ အကောင်းလက္ခဏာကို ဆောင်နေတယ်လို့လည်း သိရပါတယ်။ မန်ဇူကစ် အနေနဲ့ အေးဂျင့်မရှိတာကြောင့် အသင်းကို အခုချက်ချင်းပဲ ပြောင်းရွှေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်၊ အက်တလက်တီကိုမက်ထရစ် နဲ့ ဂျုဗင်တပ် တို့ရဲ့ တိုက်စစ်ကစားသမား တစ်ဦးဖြစ်ခဲ့တဲ့ မန်ဇူကစ်ဟာ လွန်ခဲ့တဲ့ ၁၁ လ လာက်က ကာတာ ကိုသွားရောက်ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဥရောပကို ပြီးခဲ့တဲ့ နွေရာသီက ပြန်လာခဲ့ပါတယ်။ သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ ဆယ်လ်တာဗီဂို အတွက်တော့ မန်ဇူကစ် က အတော်လေး အလုပ်ဖြစ်နိုင်ချေရှိပါတယ်။ သဘောတူညီမှုကလည်း နောက် နာရီပိုင်းအတွင်း ပြီးဆုံးတော့မာ ဖြစ်ပါတယ်။ အံ့ဩဖို့ ကောင်းတာ တစ်ခုက ဆယ်လ်တာ အနေနဲ့ လွန်ခဲ့တဲ့ ၁ လ လောက်က ငွေကြေးဆိုင်ရာ ကန့်သတ်မှုတွေ ခံခဲ့ရပြီးတော့ အပြောင်းအရွှေ့ဈေးကွက်မှာလည်း ကစားသမားအ‌မြောက်များ ခေါ်ယူ‌ခွင့်မရရှိခဲ့တာ ဖြစ်ပါတယ်။ ဆယ်လ်တာ အနေနဲ့ မန်ဇူကစ်ကို ခေါ်ယူရတာဟာ အနည်းငယ် စွန့်စားတဲ့ လုပ်ရပ် တစ်ခုလို့ ဆိုရပါမယ်။

Photo Credit: Express

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မန်ဇူကစ်ဟာ သူ့ရဲ့ ဘောလုံးကစားသမား ဘဝ ပထမဆုံး ၆ နှစ်ကို မိခင် ခရိုအေးရှားနိုင်ငံမှာပဲ ကစားခဲ့ရတာ ဖြစ်ပါတယ်။ ထို့နောက် ၂၀၁၀ ခုနှစ်မှာတော့ ဂျာမန်ကလပ် ဝုဖ်စ်ဘတ်ဂ်ျ ကို ရောက်ရှိခဲ့ပြီးတော့ ၂ နှစ် ကစားခဲ့ပါတယ်။ ထို့နောက် ဘိုင်ယန်ကို ရောက်ရှိခဲ့ကာ နှစ်ရာသီ ကစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အက်တလီတီကို မှာ တစ်ရာသီ ကစားခဲ့ကာ ဂျုဗင်တပ်ကို ရောက်ရှိခဲ့ပါတယ်။ မန်ဇူကစ်ဟာ ဂျုဗင်တပ် အသင်းမှာတော့ လေးရာသီကြာအောင် ကစားပေးခဲ့ပါတယ်။ ကာတာမှာတော့ ၅ ပွဲသာ ကစားခဲ့တာ ဖြစ်ပါတယ်။ မန်ဇူကစ်ဟာ ခရိုအေးရှားနိုင်ငံ အသင်းအတွက်တော့ ၈၉ ပွဲကစားကာ ၃၃ ဂိုးသွင်းယူပေးထားပါတယ်။ ကလပ် အသင်းအနေနဲ့ကတော့ ပွဲပေါင်း ၄၉၇ ပွဲကစားကာ ၁၉၇ ဂိုးသွင်းယူထားနိုင်ပါတယ်။ တန်ဆင်းဇုံနဲ့ ကပ်လျက် အဆင့် ၁၇ မှာ ရှိနေတဲ့ ဆယ်လ်တာ အသင်းကတော့ ပြီးခဲ့တဲ့ ငါးပွဲမှာလည်း သုံးပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် မန်ဇူကစ် ရောက်ရှိလာရင် နိုင်ပွဲတွေ ပြန်လည် ရရှိနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။