ချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေအားလုံးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီနေ့ညမှာပဲ ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ လိုင်ယွန်အသင်းတို့က ရင်ဆိုင်ကစားခဲ့ကြပြီး လိုင်ယွန်အသင်းကလည်း အကောင်းဆုံးပုံစံနဲ့ ကစားပြခဲ့ကာ မန်စီးတီးကို (၃)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပထမပိုင်းပွဲကစားချိန် (၂၄)မိနစ်အတွင်းမှာ လိုင်ယွန်အသင်းအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့တဲ့ တိုက်စစ်ကစားသမား ကောနတ်ဟာ သူရဲ့ကစားသမားဘဝအတွင်း ချန်ပီယံလိဂ်သွင်းဂိုး (၆)ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီထဲကမှ (၄)ဂိုးကတော့ မန်စီးတီးအသင်းတစ်သင်းတည်းကိုပဲ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေဖြစ်ခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်မှာ မန်စီးတီးအသင်းနဲ့အတူ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား ရာဟင်စတာလင်ကတော့ ဒီပွဲဟာ သူရဲ့ကစားသမားဘဝအတွင်း ချန်ပီယံလိဂ်ပွဲ(၅၀)မြောက်တဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် စတာလင်ဟာ အသင်းအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုကိုတော့ ဖြုန်းတီးမိခဲ့ပါတယ်။

မန်စီးတီးကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တတ်လှမ်းခဲ့တဲ့ လိုင်ယွန်သင်းဟာ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီနောက်ပိုင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် ပြန်လည်တတ်လှမ်းနိုင်ခဲ့တာဖြစ်သလို အသင်းရဲ့သမိုင်းတလျှောက် ဒုတိယအကြိမ်အဖြစ် ဆီမီးဖိုင်နယ်ပွဲကို ဆင်နွဲရမှာဖြစ်ပါတယ်။

လိုင်ယွန်ဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့တာကြောင့် ဒါဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့သမိုင်းတလျှောက် ပြင်သစ်ကလပ်အသင်း(၂)သင်းက ဆီမီးဖိုင်နယ်ထိ ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းခဲ့ရခြင်း ဖြစ်လာခဲ့ရပါတယ်။

လိုင်ယွန်အသင်းဟာ (၂၁)ရာစုအတွင်း သူတို့ရဲ့တတိယမြောက် ဥရောပပြိုင်ပွဲကြီးတွေရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆင်နွဲရတော့မှာဖြစ်ပါတယ်။ အခု တတိယမတိုင်ခင်မှာ ၂၀၀၉-၂၀၁၀ တုန်းကလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ တတ်လှမ်းထားသလို ၂၀၁၆-၂၀၁၇ ရာသီမှာလည်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ထိ ရောက်ရှိထားတာမို့ (၂၁)ရာစုအတွင်း လီဂူးကလပ်တွေထဲမှာ ဥရောပပြိုင်ပွဲတွေရဲ့ဆီမီးဖိုင်နယ်အဆင့်ကို အကြိမ်ရေအများဆုံး တတ်လှမ်းခဲ့ဖူးတဲ့အသင်း ဖြစ်နေရပါတယ်။