ဒီနေ့ညမှာတော့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲ ပထမကျော့ပွဲစဉ်များရဲ့ ဒုတိယမြောက်ရက်သတ္တပတ်ရဲ့ နောက်ဆုံးနေ့ရက်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒီနေ့မှာလည်း ဘောလုံးပရိသတ်အကြိုက် ပွဲကြီးပွဲကောင်းတွေ ပါဝင်ခဲ့ရာ ဒီပွဲတွေထဲမှ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကစားသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲမှာတော့ ဧည့်သည်မန်စီးတီးအသင်းက ၁ဂိုး၂ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်ရီးရဲလ်အသင်းရဲ့ လူစာရင်းမှာတော့ ဘန်ဇီမာ အစ္စကို မိုဒရစ် ဗင်နီဆီယပ်စ် ဗယ်ဗာဒီ ကတ်စ်မဲလ်ရိုး မန်ဒီ ဗာရန်း ရာမို့စ် ကာဗာဟယ်နဲ့ ကော်တိုအာတို့ ပါဝင်လာပြီး ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ ဧည့်သည်မန်စီးတီးအသင်းကလည်း ၄-၃-၃ ကစားကွက်ကိုပဲ သုံးစွဲလာခဲ့တာဖြစ်ကာ အသင်းရဲ့လူစာရင်းမှာတော့ အဂူရို စတာလင်းတို့ကို ချန်လှပ်ထားကာ ဂျေဆူး မာရက်ဇ် ဒီဘရိုင်း ဘာနာဒိုဆေးဗား ဂန်ဒိုဂန် ရိုဒရီဂို မန်ဒီ လာပေါ့တ် အော်တာမန်ဒီ ဝေါ်ကာ အီဒါဆန်တို့ ပါဝင်ခဲ့ပါတယ်။ ပထမပိုင်း ၄၅မိနစ်အတွင်းမှာ နှစ်သင်းလုံးရဲ့ ကစားပုံတွေ သိပ်ကွာဟချက်မရှိခဲ့ပေမယ့် ဧည့်သည်မန်စီးတီးအသင်းကတော့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပိုမိုပြုလုပ်ခဲ့ကာ ဂျေဆူးရဲ့အနီးကပ်ကန်ချက်နဲ့ ကို ရီးရဲလ်ဂိုးသမားကော်တိုအာ ကာကွယ်နိုင်ခဲ့ပါတယ်။ အိမ်ရှင်အသင်းကတော့ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့လို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရကာ ဗင်နီစီယပ်စ်ရဲ့အပိုင်အခွင့်အရေးကို အမိအရ အသုံးမချနိုင်မှုကလည်း ရီးရဲလ်အတွက် အတော်လေးနစ်နာခဲ့ရပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကသာ တိုက်စစ်ကို ပိုမိုလိုက်ပါကစားနိုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် လာပေါ့တ်ထွက်သွားပြီးနောက်မှာ ဖာနန်ဒင်ဟိုဝင်ရောက်လာခဲ့တဲ့ ခံစစ်ပိုင်းက စိတ်မချရတဲ့ အနေအထားမှာရှိခဲ့ရပြီး အမှားတစ်ခုကိုပါ ကျူးလွန်မိခဲ့ရာကနေ အစ္စကိုက ရီးရဲလ်အတွက် အဖွင့်ဂိုးအဖြစ် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီလို အရေးနိမ့်နေချိန်မှာ မန်စီးတီးဘက်ကနေ စတာလင်းကို ထည့်သွင်းလာခဲ့တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်သွားခဲ့ပြီး အသင်းတိုက်စစ် အရှိန်မြင့်လာခဲ့ကာ ရ၈မှာ ဂျေဆူးက ချေပဂိုးသွင်းယူခဲ့သလို ၈၃မိနစ်မှာလည်း စတာလင်းကြောင့် ပင်နယ်တီရခဲ့လို့ ပင်နယ်တီရခဲ့ပြီး ဒီဘရိုင်းက သွင်းယူနိုင်ခဲ့ပါတယ်။ ၈၆မိနစ်မှာလည်း တစ်ဦးတည်းလွတ်ထွက်သွားတဲ့ ဂျေဆူးကို ကစားပုံကြမ်းခဲ့တဲ့ ရာမို့စ်ကို ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။