MySport Myanmar

ပြင်သစ်လက်ရွေးစင် ကစားသမားဘဝကနေ အနားယူလိုက်တဲ့ ဗာရန်း

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဗဟိုနောက်ခံကစားသမား ရာဖယ်လ်ဗာရန်းဟာ ပြင်သစ်လက်ရွေးစင် ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

Photo Credit : The Mirror

လက်ရှိမှာ အသက်(၂၉)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ နောက်ခံလူ ဗာရန်းဟာ ကလပ်အသင်း ကစားသမားဘဝမှာတင်မကပဲ လက်ရွေးစင်အသင်းနဲ့ပါ အောင်မြင်မှုတွေ များစွာ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပေမယ့်လည်း သူ့အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေအတွင်း ကလပ်အသင်းအတွက်ရော လက်ရွေးစင်အသင်းအတွက်ပါ ပွဲတွေ အများကြီး ကစားခဲ့ရာကြောင့် ဒဏ်ရာပြသာနာတွေ မကြာခဏ ရရှိခဲ့လ်ို့ သူရဲ့ ကြံခိုင်မှုကို ပြန်လည် တည်ဆောက်ဖို့အတွက် အခုလို ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : The Athletic

ဗာရန်းဟာ ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ကမ္ဘာ့ဖလား ၂၀၂၀-၂၀၂၁ UEFA Nations League ဖလားတို့ကို ပိုင်ဆိုင်ခဲ့သလို ပြင်သစ်အသင်းအတွက်ကိုလည်း (၉၃)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ ဗာရန်းဟာ ပြင်သစ်အသင်းအတွက် ၂၀၁၃ခုနှစ်မှာ စတင်ပြီး ကစားခွင့်ရရှိခဲ့တာ ဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားမှာလည်း ဖိုင်နယ်ပွဲစဉ်အထိ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။

Exit mobile version