မန်ချက်စတာယူနိုက်တက်အသင်းကတော့ မနေ့ညက ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)မှာ လီဗာပူးလ်အသင်းနဲ့ ပွဲကျပ်ကစားခဲ့ရပြီး အသင်းမှာ ရပ်ဖိုဒ့် ပေါ့ဘာ တွမ်မီနေးတို့လို အဓိက ကစားသမားတွေ ဒဏ်ရာကြောင့်လွဲချော်ခဲ့ရကာ အကောင်းဆုံးအနေအထားနဲ့ ကစားနိုင်ခြင်းမရှိပဲ လီဗာပူးလ်အသင်းကို အဝေးကွင်းမှာ ၂ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ တိုက်စစ်မှူးမားကပ်ရပ်ဖိုဒ့်ကို ဒဏ်ရာပြသာနာကြောင့် လက်လွတ်ခဲ့ရတဲ့အပြင် အခုနောက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေအရ ရပ်ဖိုဒ့်ဟာ သုံးလလောက်အထိကို ဘောလုံးကစားခြင်းကနေ အနားယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Planet Football

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ဂိုးအများဆုံးရယူထားခဲ့တဲ့ အင်္ဂလန်တိုက်စစ်ကစားမား ရပ်ဖိုဒ့်က ဝုလ်ဗ်နဲ့ ကစားခဲ့တဲ့ အက်အေဖလား တတိယအဆင့် ပြန်ကန်ပွဲမှာ လူစားလဲဝင်ရောက်လာရင်းနဲ့ ကျောဒဏ်ရာရရှိသွားခဲ့တာကြောင့် အခုလို လီဗာပူးလ်နဲ့ပွဲစဉ်ကိုပါ လွဲချော်ခဲ့ရတာဖြစ်ပြီး ဒဏ်ရာအခြေအနေက ထင်ထားတာထက်ကို ပိုမိုပြင်းထန်ဖွယ်ရှိနေတာကြောင့် ၃လတာလောက်အထိတောင် အနားယူရနိုုင်တယ်လို့ အားကစားမီဒီယာကြီးတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီသတင်းတွေသာ တကယ်ဟုတ်မှန်ခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်အနေနဲ့ ဒီဆောင်းရာသီစျေးကွက်မှာ တိုက်စစ်ကစားသမားသစ်တစ်ယောက်ကို မဖြစ်မနေ ခေါ်ယူသွားဖို့ လိုအပ်လာပါလိမ့်မယ်။

Photo Credit : talkSPORT

တကယ်တော့ ရပ်ဖိုဒ့်ဟာ ကျောဒဏ်ရာကို ကာလရှည်ခံစားနေရတာဖြစ်တယ်လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုထားပြီး ဒဏ်ရာရနေပါလျက်နဲ့ အသင်းအတွက် အရေးကြီးနေတဲ့အချိန် ဖြစ်နေတာမို့ ဝင်ရောက်ကစားပေးခဲ့တာဖြစ်ပြီး ဝုလ်ဗ်နဲ့ပွဲမှာတော့ သူရဲ့ဒဏ်ရာက ပိုဆိုးသွားတဲ့အတွက်ကြောင့် အင်္ဂလန်အနောက်မြောက်ဒါဘီပွဲကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ ဖေဖော်ဝါရီလ ၃ရက်နေ့ကနေ ၁၇ရက်နေ့အထိ အားလပ်ရက်ရထားတာဖြစ်လို့ အဲ့ဒီအချိန်ပြီးမှသာ ရပ်ဖိုဒ့်အနေနဲ့ အသင်းအတွက် ပြန်လည်ကစားနိုင်ဖွယ်ရှိနေပြီး ဒီထက်ပိုဆိုးမယ်ဆိုရင်တော့ မတ်လလောက်ထိပါ နားရနိုင်တာကြောင့် အခုစျေးကွက်မပိတ်ခင်မှာ တိုက်စစ်ပိုင်းအတွက် မဖြစ်မနေ အားဖြည့်တင်းထားသင့်ပါတယ်။ လက်ရှိမှာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် အားပါးတရ ကြိုးပမ်းနေချိန်မှာ အဆင်မပြေနိုင်တော့တဲ့ အနေအထားရောက်နေတာဖြစ်လို့ ဖာနန်ဒက်စ်ထက်စာရင် ကာဗာနီ သောမတ်စ်လူမာ ဒမ်ဘီလီတို့လို တိုက်စစ်ကစားသမားတွေကိုသာ ပြောင်းလဲကမ်းလှမ်းသင့်ပြီး ဒါမှမဟုတ် မီလန်မှာ နေရာပျောက်နေတဲ့ ပီယွန်တက်ခ်ကို ခေါ်ယူသင့်တယ်လို့ ထင်မိပါတယ်။

(Zawgyi)

ဒဏ္ရာျပသာနာေၾကာင့္ မေမွ်ာ္လင့္ပဲ လအတန္ၾကာေအာင္ အနားယူရႏုိင္တဲ႔ ရပ္ဖုိဒ့္

မန္ခ်က္စတာယူႏုိက္တက္အသင္းကေတာ့ မေန႔ညက ကစားခဲ႔ရတဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၂၃)မွာ လီဗာပူးလ္အသင္းနဲ႔ ပြဲက်ပ္ကစားခဲ႔ရၿပီး အသင္းမွာ ရပ္ဖုိဒ့္ ေပါ့ဘာ တြမ္မီေနးတုိ႔လုိ အဓိက ကစားသမားေတြ ဒဏ္ရာေၾကာင့္လြဲေခ်ာ္ခဲ႔ရကာ အေကာင္းဆုံးအေနအထားနဲ႔ ကစားႏုိင္ျခင္းမရွိပဲ လီဗာပူးလ္အသင္းကုိ အေဝးကြင္းမွာ ၂ဂုိးျပတ္နဲ႔ အေရးနိမ့္ခဲ႔ရပါတယ္။ ယူႏုိက္တက္အသင္းဟာ ဒီပြဲမွာ တုိက္စစ္မွဴးမားကပ္ရပ္ဖုိဒ့္ကုိ ဒဏ္ရာျပသာနာေၾကာင့္ လက္လြတ္ခဲ႔ရတဲ့အျပင္ အခုေနာက္ပုိင္းထြက္ေပၚလာတဲ႔ သတင္းေတြအရ ရပ္ဖုိဒ့္ဟာ သုံးလေလာက္အထိကုိ ေဘာလုံးကစားျခင္းကေန အနားယူရဖြယ္ရွိေနတယ္လုိ႔ သိရပါတယ္။

Photo Credit : Planet Football

ဒီရာသီမွာ ယူႏုိက္တက္အသင္းအတြက္ ဂုိးအမ်ားဆုံးရယူထားခဲ႔တဲ႔ အဂၤလန္တုိက္စစ္ကစားမား ရပ္ဖုိဒ့္က ဝုလ္ဗ္နဲ႔ ကစားခဲ႔တဲ႔ အက္ေအဖလား တတိယအဆင့္ ျပန္ကန္ပြဲမွာ လူစားလဲဝင္ေရာက္လာရင္းနဲ႔ ေက်ာဒဏ္ရာရရွိသြားခဲ႔တာေၾကာင့္ အခုလုိ လီဗာပူးလ္နဲ႔ပြဲစဥ္ကုိပါ လြဲေခ်ာ္ခဲ႔ရတာျဖစ္ၿပီး ဒဏ္ရာအေျခအေနက ထင္ထားတာထက္ကုိ ပုိမုိျပင္းထန္ဖြယ္ရွိေနတာေၾကာင့္ ၃လတာေလာက္အထိေတာင္ အနားယူရႏုိုင္တယ္လုိ႔ အားကစားမီဒီယာႀကီးေတြကေန ေဖာ္ျပလာခဲ႔ပါတယ္။ ဒီသတင္းေတြသာ တကယ္ဟုတ္မွန္ခဲ႔မယ္ဆုိရင္ေတာ့ ယူႏုိက္တက္အေနနဲ႔ ဒီေဆာင္းရာသီေစ်းကြက္မွာ တုိက္စစ္ကစားသမားသစ္တစ္ေယာက္ကုိ မျဖစ္မေန ေခၚယူသြားဖုိ႔ လုိအပ္လာပါလိမ့္မယ္။

Photo Credit : talkSPORT

တကယ္ေတာ့ ရပ္ဖုိဒ့္ဟာ ေက်ာဒဏ္ရာကုိ ကာလရွည္ခံစားေနရတာျဖစ္တယ္လုိ႔ ယူႏုိက္တက္နည္းျပဆုိးလ္ရွားက ထုတ္ေဖာ္ေျပာဆုိထားၿပီး ဒဏ္ရာရေနပါလ်က္နဲ႔ အသင္းအတြက္ အေရးႀကီးေနတဲ႔အခ်ိန္ ျဖစ္ေနတာမုိ႔ ဝင္ေရာက္ကစားေပးခဲ႔တာျဖစ္ၿပီး ဝုလ္ဗ္နဲ႔ပြဲမွာေတာ့ သူရဲ႕ဒဏ္ရာက ပုိဆုိးသြားတဲ႔အတြက္ေၾကာင့္ အဂၤလန္အေနာက္ေျမာက္ဒါဘီပြဲကုိ လြဲေခ်ာ္ခဲ႔ရတာျဖစ္ပါတယ္။ လတ္တေလာ ထြက္ေပၚေနတဲ႔ သတင္းေတြအရ ယူႏုိက္တက္ဟာ ေဖေဖာ္ဝါရီလ ၃ရက္ေန႔ကေန ၁၇ရက္ေန႔အထိ အားလပ္ရက္ရထားတာျဖစ္လုိ႔ အဲ႔ဒီအခ်ိန္ၿပီးမွသာ ရပ္ဖုိဒ့္အေနနဲ႔ အသင္းအတြက္ ျပန္လည္ကစားႏုိင္ဖြယ္ရွိေနၿပီး ဒီထက္ပုိဆုိးမယ္ဆုိရင္ေတာ့ မတ္လေလာက္ထိပါ နားရနုိင္တာေၾကာင့္ အခုေစ်းကြက္မပိတ္ခင္မွာ တုိက္စစ္ပုိင္းအတြက္ မျဖစ္မေန အားျဖည့္တင္းထားသင့္ပါတယ္။ လက္ရွိမွာ ဘရူႏုိဖာနန္ဒက္စ္ကုိ ေခၚယူဖုိ႔အတြက္ အားပါးတရ ႀကိဳးပမ္းေနခ်ိန္မွာ အဆင္မေျပႏုိင္ေတာ့တဲ႔ အေနအထားေရာက္ေနတာျဖစ္လို႔ ဖာနန္ဒက္စ္ထက္စာရင္ ကာဗာနီ ေသာမတ္စ္လူမာ ဒမ္ဘီလီတို႔လုိ တုိက္စစ္ကစားသမားေတြကုိသာ ေျပာင္းလဲကမ္းလွမ္းသင့္ၿပီး ဒါမွမဟုတ္ မီလန္မွာ ေနရာေပ်ာက္ေနတဲ႔ ပီယြန္တက္ခ္ကုိ ေခၚယူသင့္တယ္လုိ႔ ထင္မိပါတယ္။