နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ အဝေးကွင်းမှာ LASK အသင်းနဲ့ ယူရိုပါလိဂ် (၁၆) သင်း အဆင့် ပထမ အကျော့ ပွဲစဉ်ကို ပရိသတ်တွေ မပါဘဲ တံခါးပိတ် ကစားသွားရမှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပြီး လက်မှတ် (၉၀၀) နီးပါးခန့် ရောင်းချခဲ့ပြီ ဖြစ်တာကြောင့် လက်မှတ်ခတွေကို ပြန်ပေးသွားရတော့မှာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ယခုအပတ် ကြာသပတေးနေ့ည၊ သောကြာနေ့ နံနက် (၂း၃၀) အချိန်မှာ LASK အသင်းနဲ့ ယူရိုပါလိဂ် (၁၆) သင်းအဆင့် ပထမ အကျော့ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

Photo Credit: Dialymail

သြစတေးလျနိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီးက လူ (၅၀၀) ကျော် ပါဝင်တဲ့ အပြင်ပွဲတွေ နှင့် လူ (၁၀၀) ကျော် ပါဝင်တဲ့ အတွင်းပွဲတွေကို ဖျက်သိမ်းရမှာ ဖြစ်တယ်လို့ ကြေညာသွားခဲ့ပါတယ်။ အပြင်ပွဲ (Outdoor) ဟာ အပြင်မှာ အကာအရံ မရှိဘဲ လူတွေ စုံရုံးပြီး ပြုလုပ်တဲ့ ပွဲတွေ ဖြစ်ပြီး အတွင်းပွဲကတော့ အခန်းထဲမှာ ဒါမှမဟုတ် အလုံခန်းထဲမှာ ပြုလုပ်တဲ့ ပွဲတွေ ဖြစ်ပါတယ်။ သြစတေးလျ လိဂ် ပြိုင်ပွဲတွေကို လက်ရှိမှာ ဖျက်သိမ်းနေပြီ ဖြစ်တယ်လို့ သတင်း ထွက်နေပြီး LASK အသင်း နဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ တံခါးပိတ် ကစားသွားကြမှာ ဖြစ်ပါတယ်။

Photo Credit: Dialymail

မန်ယူ ပရိသတ် (၁,၀၀၀) ကျော်ဟာ သြစတေးလျနိုင်ငံကို သွားရောက်ဖို့အတွက် လက်မှတ် နဲ့ ဟိုတယ်ခန်းတွေကို ကြိုတင် မှာယူခဲ့ကြပြီး လက်မှတ် (၉၀၀) နီးပါးကို ဝယ်ယူခဲ့ကြပါတယ်။ မန်ယူအသင်းဟာ လက်မှတ် ရောင်းချပြီးသား လက်မှတ် (၉၀၀) အတွက် လက်မှတ်ခတွေကို ပြန်ပေးသွားမှာ ဖြစ်ပြီး မန်ယူပရိသတ်တွေအနေနဲ့ အိမ်ကနေ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ မန်ယူကစားသမားတွေဟာ ပုံမှန်အတိုင်း အင်္ဂါနေ့ မနက်က ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရေး ဆင်းခဲ့ကြပြီး ဗုဒ္စဟူးနေ့မှာ သြစတေးလျနိုင်ငံကို ခရီး ထွက်ကြမှာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိရာသီမှာ ယူရိုပါလိဂ် ပြိုင်ပွဲ နဲ့ FA ဖလား ပြိုင်ပွဲ၊ ပြိုင်ပွဲ (၂) ခုမှာ ယှဉ်ပြိုင်နေဆဲ ဖြစ်ပြီး ဘယ်လောက်ထိ ရောက်သွားမလဲ စောင့်ကြည့်ရမှာပါ။