မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိ အသင်းရဲ့ ဂိုးသမားတွေအဖြစ် ဒေးဗစ်ဒဟေးယား အရန်ဂိုးသမား တွမ်ဟီတန်နဲ့ နယူးကာဆယ်အသင်းကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူထားတဲ့ ဒူဗရက်ကာတို့ကို ပိုင်ဆိုင်ထားကြပေမယ့် အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ဂိုးသမားတစ်ဦး ထပ်မံ အားဖြည့်သွားချင်နေရာ အသင်းပစ်မှတ် ဖြစ်ခဲ့ဖူးတဲ့ ဂိုးသမား ယန်းဆွန်းမားကို လာမယ့်နွေမှာ ထပ်မံ ကြိုးပမ်းဖွယ် ရှိနိုင်တယ်လို့ Sky Sports သတင်းထောက်တစ်ဦးက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အင်္ဂလန် ဂိုးသမား ဒင်းဟန်ဒါဆန်ကို နော်တင်ဟမ်ဖောရက်စ်အသင်းဆီ အငှားချခဲ့ပြီးနောက်မှာ ဂိုးသမားတစ်ဦး ပြန်လည် ခေါ်ယူဖို့အတွက် စီစဉ်လာခဲ့ရာ အသင်းပစ်မှတ်ထဲမှာ မိုချန်ဂလာဘတ်ရဲ့ ဆွစ်ဂိုးသမား ဆွန်းမားလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ဆွန်းမားကို ခေါ်ယူဖို့ အဆင်မပြေခဲ့တာကြောင့် ဆွန်းမားအစား နယူးကာဆယ်ရဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ဆလိုဗက်ကီးယား ဝါရင့်ဂိုးသမား မာတင်ဒူဗရက်ကာကိုသာ အငှားနဲ့ ခေါ်ယူခဲ့ရပါတယ်။

Borussia Mönchengladbach goalkeeper Yann Sommer: Switzerland's man to stop  Cristiano Ronaldo and Portugal | Bundesliga

Photo Credit : Bundesliga

ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က အသင်းရဲ့ ဂိုးသမားအဖြစ် ဒဟေးယားကိုသာ ပွဲတိုင်းနီးပါး ပါဝင်စေခဲ့တာဖြစ်ပြီး ဒဟေးယားဟာလည်း တန်ဟက်ဂ် ကစားကွက်နဲ့ အံ့ဝင်နိုင်တဲ့ ဂိုးသမားမျိုး ဖြစ်မနေတာကြောင့် တန်ဟက်ဂ်က လာမယ့်နွေမှာပဲ အသင်းအတွက် နောက်ထပ် ဂိုးသမားတစ်ဦးကို ထပ်မံ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိ ၂၀၂၂ကာတာကမ္ဘာ့ဖလားမှာ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ပွဲထွက်ဂိုးသမား ဖြစ်နေရသူ ဒီယိုဂိုကော်စတာကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့် ပေါ်တိုအသင်းက ကော်စတာကို စာချုပ်သက်တမ်း တိုးမြှင့်လိုက်တာကြောင့် ခေါ်ယူဖို့က ခဲယဉ်းသွားခဲ့ရတာကြောင့် ပစ်မှတ်ဟောင်းဖြစ်သူ ဆွစ်ဂိုးသမား ဆွန်းမားကို ပြန်လည် ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။ မိုချန်ဂလာဘတ်နဲ့ ဆွစ်ဇာလန်အသင်းတို့ရဲ့ အဓိက ဂိုးသမား ဂိုးသမား ဆွန်းမားကတော့ လက်ရှိမှာ အသက်(၃၃)နှစ်အရွယ်ကို ရှိနေပြီဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ဂလာဘတ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ဆွန်းမားကို လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် ပြင်ဆင်လာခဲ့တာဖြစ်ပြီး အခြားကလပ်အသင်းတွေ အပြိုင်ကြိုးပမ်းရဖွယ် ရှိနိုင်ပါတယ်။