မန်ချက်စတာယူနိုက်တက်အသင်းက အိုင်းယတ်စ်အသင်းရဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ယူရိုသန်း(၁၀၀)နဲ့ ခေါ်ယူလိုက်နိုင်ပြီးနောက်မှာ ဈေးကွက်မပိတ်ခင် နောက်ထပ် ကစားသမားသစ်တွေကို ထပ်မံ ခေါ်ယူသွားဖို့ စဉ်းစားနေတယ်လို့ The Telegraph ရဲ့ ဂျာနယ်လစ် Jason Burt က ဖော်ပြလာခဲ့ပါတယ်။

Antony - Welcome To Manchester United - Full Season Show - 2022ᴴᴰ - YouTube

Photo Credit : Youtube

ယူနိုက်တက်အသင်းဟာ ဒီနှစ် နွေဈေးကွက်အတွင်းမှာ ဘယ်နောက်ခံလူ မာလာစီယာ ကွင်းလယ်လူ အဲရစ်ဆင် ဗဟိုနောက်ခံလူ မာတီနက်ဇ်နဲ့ ကွင်းလယ်ခံစစ်ကစားသမား ကက်စီမီရိုတို့ကို ခေါ်ယူထားခဲ့ပြီး မနေ့ကပဲ တိုက်စစ်ပိုင်းအတွက် တောင်ပံကစားသမား အန်တိုနီကို ထပ်မံ ခေါ်ယူနိုင်ခဲ့ပြန်ပါတယ်။ နည်းပြသစ် အဲရစ်တန်ဟက်ဂ်လက်ထက် အသင်းကို ပြန်လည် တည်ဆောက်နေတဲ့ ယူနိုက်တက်ဟာ နွေဈေးကွက်ထဲမှာပါ ကစားသမားသစ်တွေ အသေအချာ ဖြည့်တင်းထားခဲ့သလို အခု ဈေးကွက်မပိတ်ခင်မှာလည်း နောက်ထပ် ကစားသမားတွေကိုပါ ထပ်မံ ခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

Martin Dubravka ○ Welcome to Man United 🔴 Super Saves! - YouTube

Photo Credit : Youtube

Jason Burt ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဈေးကွက်မပိတ်ခငင်မှာပဲ ညာနောက်ခံလူတစ်ဦး ဒါမှမဟုတ် ကွင်းလယ်လူတစ်ဦး ဒါမှမဟုတ် နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦးက်ိုပါ ထပ်မံ ခေါ်ယူသွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ဂိုးသမားတစ်ဦး ခေါ်ယူဖို့ပါ စီစဉ်လျက် ရှိနေပြီး လက်ရှိမှာတော့ နယူးကာဆယ် ဝါရင့်ဂိုးမသမား ဒူဗရက်ကာကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားတယ်လို့ သတင်းထွက်ပေါ်ထားခဲ့ပါတယ်။ ဒီလို ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ဖို့ ရှိနေတဲ့ ယူနိုက်တက်ဟာ အသင်းက ကစားသမားတချို့ကိုပါ လက်လွတ်သွားဖွယ်ပါ ရှိနေပါတယ်။ လက်ရှိ အခြေအနေတွေအရတော့ အသင်းရဲ့ ညာနောက်ခံကစားသမား ဝမ်ဘစ်ဆာခါကို ရောင်းချ (သို့) အငှားချခြင်း ပြုလုပ်ခဲ့မယ်ဆိုရင် ဒီနေရာအတွက် ကစားသမား ပြန်ဖြည့်တင်းဖို့အတွက် ဆာဂျီညိုဒက်စ်နဲ့ ဒမ်ဖရိုင်းစ်တို့ကို ပစ်မှတ်ထားနေသလို အသင်းရဲ့ အဓိက ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒို ထွက်ခွာသွားမယ်ဆိုရင်လည်း တိုက်စစ်ပိုင်းအတွက် အထောင်တိုက်စစ် ကစားသမားတစ်ဦးကိုပါ ခေါ်ယူသွားဖို့ ဆန္ဒရှိနေတာကြောင့် ဈေးကွက် နောက်ဆုံးချိန်အထိ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။