မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ ဗဟိုခံစစ် နေရာအတွက် ကစားသမားသစ်တစ်ဦးကို ဦးစားပေး ခေါ်ယူသွားလိမ့်မယ်လို့ Daily Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ဒီနွေမှ ခံစစ်နေရာအတွက် ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို စပါးကနေ အငှားနဲ့ ခေါ်ယူထားပြီး ကစားသမားဟောင်း ဂျွန်နီ အီဗန်စ်ကိုလည်း ကာလတို စာချုပ်နဲ့အတူ အလွတ် ခေါ်ယူထားခဲ့ပါတယ်။

Photo Credit : Naija News

တကယ်တော့ ယူနိုက်တက်ဟာ နွေတုန်းက ကင်မင်ဂျေး ပါဗတ် တိုဒီဘိုတို့လို ဗဟိုခံစစ်မှူးတွေကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း မက်ဂွိုင်းယား အသင်းမပြောင်းဖြစ်တာကြောင့် မခေါ်ယူနိုင်ခဲ့ပဲ အီဗန်စ်လို အသက်အရွယ် ကြီးရင့်လွန်းတဲ့ ခံစစ်မှူးကိုသာ အသင်းအတွက် ရေတို ခေါ်ယူခဲ့ရပါတယ်။

ဒါပေမယ့် လီဆန်ဒရို မာတီနက်ဇ် ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရတာ မက်ဂွိုင်းယား ခြေမှန်လာပေမယ့် ဗာရန်း နဲ့ လင်ဒီလော့ဖ်တို့ ဒဏ်ရာ ခဏခဏ ရရှိနေတာတွေက ယူနိုက်တက် ခံစစ်ပိုင်းအတွက် အားနည်းချက်တွေ ဖြစ်လာစေပါတယ်။

Photo Credit : Sky Sports

ဒီလို အခြေအနေတွေကြောင့် ယူနိုက်တက်အနေနဲ့ ဆောင်းဈေးကွက် ဖွင့်လှစ်လာချိန်မှာ ဗဟိုခံစစ် နေရာအတွက် နွေတုန်းက ပစ်မှတ်ထားခဲ့တဲ့ နိုက်စ် နောက်ခံလူ တိုဒီဘို နဲ့ စပို့တင်း လစ္စဘွန်း ပေါ်တူဂီ ခံစစ်မှူးလေး အင်နာစီယိုတို့ကို ဦးစားပေး ပစ်မှတ်ထားလာနိုင်ပါတယ်။

တခြားသော CB ကစားသမားတွေလည်း ယူနိုက်တက်နဲ့ အသံတွေ ထွက်နေပေမယ့် ယူနိုက်တက်ကတော့ ဘာစီလိုနာ ကစားသမားဟောင်းဖြစ်တဲ့ ပြင်သစ်သား တိုဒီဘိုကိုသာ ဦးစားပေး ကမ်းလှမ်းသွားဖွယ် ရှိနေပြီး ဒီအပြောင်းအရွှေ့ဟာလည်း စောင့်ကြည့်ချင်စရာ အနေအထား ဖြစ်လာနိုင်ပါတယ်။