ဒီနှစ် နွေဈေးကွက်ထဲမှာ ကစားသမားသစ်တွေ တစ်ဦးမှ မခေါ်ယူထားနိုင်သေးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာလည်း အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ပေါ်တိုအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား အီဗန်နူဆွန်ကို ကနဦး ကမ်းလှမ်းချက်အဖြစ် ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းထားရာ ပေါ်တိုဘက်က ပယ်ချခဲ့တဲ့အတွက် နောက်တစ်ကြိမ် ထပ်မံကမ်းလှမ်းသွားဦးမယ်လို့ သိရပါတယ်။

Evanilson Manchester United transfer offer prepared

Photo Credit : CaughtOffiside

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တ်ိုက်စစ်အတွက် ဥရုဂွေး တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ကို ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့်လည်း နူနက်ဇ်ကို လီဗာပူးလ်အသင်းက ကြားဖြတ်ခေါ်ယူသွားခဲ့တာကြောင့် နောက်ထပ် တိုက်စစ်ကစားသမားတွေကို ရှာဖွေလာခဲ့ပြီး တိုက်စစ်မှူး အများအပြားနဲ့လည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိမှာလည်း ယူနိုက်တက်ဟာ ပေါ်တိုအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား အီဗန်နူဆွန်ကို ခေါ်ယူဖို့ အသေအချာ ကြိုးစားလာခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်းနဲ့ပါ ပထမဆုံးအကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ဒီကမ်းလှမ်းချက်ကိုတော့ ပေါ်တိုဘက်က ပယ်ချသွားခဲ့ပါတယ်။

Evanilson linked with move to Manchester United

Photo Credit : United in Focus

အသက်(၂၂)နှစ်အရွယ်ရှိ ဘရာဇီးလ် ယူ-၂၃ ဘောလုံးသမားလေး အီဗန်နူဆွန်ဟာ ၂၀၂၀ခုနှစ်ကမှ ပေါ်တိုအသင်းဆီကို (၅)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပေါ်တိုအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၇၀) ပါဝင်ကစားထားခဲ့ရသလို သွင်းဂိုး(၂၅)ဂိုးပါ သွင်းယူထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ရာသီတည်းမှာပဲ ပေါ်တိုအတွက် (၂၁)ဂိုး သွင်းယူပြီး အသင်းကို အမှတ်ပေးဖလားနဲ့ ရှုံးထွက်ဖလားတွေ ရယူပေးနိုင်ခဲ့တဲ့ အီဗန်နူဆွန်ကို မန်ယူဘက်က အလိုရှိလာခဲ့ပြီး ကနဦး ကမ်းလှမ်းမှု အဆင်မပြေခဲ့ပေမယ့် နောက်တစ်ကြိမ် ကမ်းလှမ်းမှုတွေ ထပ်မံ ပြုလုပ်သွားလိမ့်မယ်လို့ ပေါ်တူဂီသတင်းစာ O Jogo ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီနွေဈေးကွက်ထဲမှာတော့ ဥရောပ ကလပ်အသင်းများစွာက ပေါ်တိုအသင်းရဲ့ ကစားသမား အများအပြားကို အတော်လေး စိတ်ဝင်စားနေကြပြီး လက်ရှိမှာတော့ ကွင်းလယ်လူ ဗီယာရာကို အာဆင်နယ်အသင်းဆီ ရောင်းချထားသလို နောက်ထပ် ကွင်းလယ်လူ ဗီတင်ညာမှာလည်း ပီအက်စ်ဂျီအသင်းကို ရောက်ရှိဖို့ နီးစပ်နေချိန် အီဗန်နူဆွန်ကပါ ယူနိုက်တက်ရဲ့ ပစ်မှတ်ဖြစ်လာခဲ့တာကြောင့် နောက်ထပ် အသင်းရဲ့ အဓိက ကစားသမားတစ်ဦးကို ထပ်မံဆုံးရှံးရနိုင်တဲ့ အခြေအနေမျိုးဖြစ်လို့ အီဗန်နူဆွန်ကို ပေါင်သန်း(၇၀)လောက်နဲ့ ကမ်းလှမ်းလာမှသာ အသင်းကနေ ရောင်းချသွားမယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်။