မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထွက် ဆယ်ကျော်သက်အရွှယ် တိုက်စစ်ကစားသမားလေး အန်ဆုဖာတီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့အပြင် ကစားသမားရဲ့အေးဂျင့်ဖြစ်သူကလည်း ယူနိုက်တက်နဲ့ ဖာတီတို့ကြားမှာ အပြောင်းအရွှေ့ဖြစ်ပေါ်လာအောင် ကြိုးပမ်းခဲ့တာကြောင့် ယူနိုက်တက်ဘက်ကနေ ဒီကစားသမားလေးအတွက် ပေါင်သန်းတစ်ရာနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဘာစီလိုနာဘက်ကတော့ သူတို့ရဲဲ့မျိုးဆက်သစ် ကြယ်ပွင့်ကစားသသမားကို ရောင်းချဖို့ ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၁၇)နှစ်သာရှိသေးတဲ့ စပိန်လူငယ်ကစားသမားလေးဖာတီဟာ ဒီနှစ်ဘောလုံးရာသီမှာမှ ဘာစီလိုနာစီနီယာအသင်းအတွက် ပထမဆုံး ပွဲဦးထွက်ခဲ့ရတာဖြစ်ပြီး ဒီရာသီထဲမှာ အသင်းအတွက် ပြိုင်ပွဲစုံ(၂၄)ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၅)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အသင်းအတွက် ပါဝင်ကစားခွင့်ရတဲ့ အချိန်တိုလေးအတွင်းမှာပဲ ဖာတီဟာ သူရဲ့အရည်အချင်း အစစ်အမှန်တွေကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီး အသင်းတော်တော်များများရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိလာခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းကတော့ ဒီကစားသမားလေးကို အသင်းရဲ့အနာဂတ်အတွက် ချိန်ရွှယ်ထားတာကြောင့် ကမ်းလှမ်းမှုတိုင်းကို ပယ်ချသွားဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

Photo Credit : Daily Mail

ဘာစီလိုနာအသင်းဟာ အန်ဆုဖာတီအတွက် စာချုပ်လျော်ကြေးကို ယူရိုသန်း(၁၇၀)တန် စာချုပ်လျော်ကြေး ချုပ်ဆိုထားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းရဲဲ့ဘဏ္ဍာရေးထိခိုက်နေချိန်မှာ ဖာတီရဲ့အေးဂျင့် ဂျော့မန်ဒက်စ်က ယူနိုက်တက်နဲ့ ဖာတီကို ချိတ်ဆက်ပေးခဲ့တာဖြစ်လို့ ယူနိုက်တက်ဘက်ကနေ အခုလို ကမ်းလှမ်းခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်မှာလည်း ဒေါ့မွန်က ဆန်ချိုကို ခေါ်ယူဖို့ ခက်ခဲလို့နေတာကြောင့် ဖာတီကိုပဲ ကမ်းလှမ်းဖို့ စီစဉ်လာခဲ့တာဖြစ်ပေမယ့် ဘာစီလိုနာ အသင်းဥက္ကဌဘာတိုမြူကတော့ ကမ်းလှမ်းမှုကို ချက်ချင်းငြင်းဆန်ပယ်ချခဲ့ပြီး ဖာတီဟာ လာမယ့်ရာသီမှာလည်း အသင်းရဲ့ အဓိက ကစားသမားအဖြစ် ဆက်လက်ရှိနေဦးမှာလို့ တုန့်ပြန်သွားခဲ့ပါတယ်။ တကယ်လို့ ဖာတီသာ လာမယ့်ဇူလိုင်လအထိ ဘာစီလိုနာအသင်းမှာပဲ ဆက်လက်ရှိနေဦးမယ်ဆိုရင် သူရဲ့စာချုပ်လျော်ကြေးတန်ဖိုးဟာလည်း အလွန်မြင့်မားလာတော့မှာဖြစ်ပြီး ယူရိုသန်း(၄၀၀)အထိပါ ရောက်ရှိတော့မှာဖြစ်လို့ ဘယ်အသင်းကမှ အနားကပ်လို့မရနိုင်တဲ့ အခြေအနေအထိ ဖြစ်သွားနိုင်ပါတယ်။