မန်ချက်စတာအခြေစိုက် မန်ချက်စတာယူန်ိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ သူတို့အသင်းတွေရဲ့ ကွင်းလယ်ပိုင်း လိုအပ်ချက်အတွက် ပစ်မှတ်ထားနေကြတဲ့ ကစားသမားချင်း တူညီနေတာဖြစ်လို့ ဒီကစားသမားတွေကို အရခေါ်ယူနိုင်ရေးအတွက် မြို့ခံအသင်း နှစ်သင်းကြားမှာ အပြိုင်ကမ်းလှမ်းမှုတွေ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

Man Utd-linked De Jong makes Ten Hag admission amid talk of summer transfer  from Barcelona | Goal.com

Photo Credit: Goal

မန်ချက်စတာနှစ်သင်း အလိုရှိနေတဲ့ ကွင်းလယ်ကစားသမားနှစ်ဦးက ဘာစီလိုနာအသင်းရဲ့ နယ်သာလန်ကွင်းလယ်လူ ဖရန့်ကီဒီဂျောင်နဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူ မာသီးယပ်စ်နူနက်စ်တို့ ဖြစ်ပါတယ်။ ဒီကစားသမားနှစ်ဦးလုံးကို ယူနိုက်တက်နဲ့စီးတီးတို့က ပစ်မှတ်ထားနေကြပြီး လတ်တလော အနေအထားတွေအရ ကွင်းလယ်လူနှစ်ဦးထဲမှ တစ်ဦးကို မဖြစ်မနေ အရခေါ်ယူသွားမယ့် အခြေအနေမျိုး ရှိနေကြပါတယ်။ လတ်တလော အခြေအနေတွေအရ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းက တန်ဟက်ဂ်တပည့်ဟောင်း ဒီဂျောင်ကို ခေါ်ယူဖို့ အခြေအနေကောင်းနေသလို ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက နူနက်စ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။

Matheus Nunes | Skills and Goals | Highlights - YouTube

Photo Credit : Youtube

မန်ချက်စတာနှစ်သင်းလုံးဟာ ကွင်းလယ်ပိုင်းမှာ ကစားသမားသစ် ဖြည့်တင်းသွားဖို့ လိုအပ်ချက်တွေ အသီးသီးရှိနေကြတာကြောင့် ဒီဂျောင် နူနက်စ်တို့လို ကွင်းလယ်လူတွေကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ရော စီးတီးရော နှစ်သင်းလုံးက world class ကွင်းလယ်လူလို့ သတ်မှတ်နိုင်တဲ့ ဒီဂျောင်ကို ပိုမိုအလိုရှိနေကြပြီး မာတစ်နဲ့ပေါ့ဘာတို့ကို လက်လွတ်ထားရတဲ့ ယူနိုက်တက်နဲ့ ဖာနန်ဒင်ဟိုကို လက်လွတ်ထားရပြီး ဂန်ဒိုဂန်ရဲ့ အနာဂတ် မသေချာတော့တဲ့ စီးတီးက ဒီဂျောင်ကိုသာ ဦးစားပေး ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီဂျောင်ကို ထဲထဲဝင်ဝင်နဲ့ အသေအချာ ကြိုးပမ်းနေတာက ယူနိုက်တက်အသင်းသာဖြစ်ပြီး မန်စီးတီးက ​လတ်တလောမှာ ဒီဂျောင်ထက် နူနက်စ်ကို ပိုမိုပတ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ဒီဂျောင်ကို ခေါ်ယူဖို့ ခဲယဥ်းလာခဲ့မယ်ဆိုရင် စီးတီးရဲ့ပစ်မှတ် နူနက်စ်ဘက်ကို ပြန်လည်ပစ်မှတ်ထားလာနိုင်လို့ ဒါက မန်ချက်စတာ အသင်းနှစ်သင်းကြား စိတ်ဝင်စားစဖွယ် ဖြစ်လာနိုင်ပါတယ်။ ယူနိုက်တက်နဲ့ စီးတီးအသင်းတို့ဟာ ဒီဂျောင် နူနက်စ်တို့လို ပြည်ပကွင်းလယ်လူတွေကိုသာမကပဲ လိဒ်စ်ယူနိုက်တက်ရဲ့ အဂ်လန်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကိုပါ အပြိုင်ကမ်းလှမ်းကြဖွယ် ရှိနေတယ်လို့ သိရပါတယ်။