အသင်းရဲ့ ကစားသမားဘဝဟောင်းဘဝကနေ အသင်းရဲ့နည်းပြအဖြစ် တာဝန်ယူဆောင်ရွှက်လာခဲ့ရတဲ့ ဆိုးလ်ရှားနဲ့လမ်းပတ်တို့ဟာ ဒီနှစ်ဘောလုံးရာသီကနေစတင်ပြီး အသွင်မတူတဲ့ ပြိုင်ဘက်တွေအဖြစ် စတင်စီးချင်းထိုးခဲ့ရာ (၃)ကြိမ်တိုက်ပွဲအတွင်းမှာတော့ ဆိုးလ်ရှားက အပြတ်အသတ်ကို အသာရထားခဲ့ပါတယ်။ အခု(၄)ကြိမ်မြောက်အဖြစ် အက်အေဖလား ဆီမီးဖိုင်နယ်မှာ တွေ့ဆုံလို့နေပြီး ဒီတိုက်ပွဲပြီးသွားရင်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပရီးမီးယားလိဂ်မှာ တိုက်ပွဲဝင်ရဦးမယ့် ဒီနည်းပြ(၂)ယောက်ရဲ့ကြား အသင်း(၂)သင်းရဲ့ကြားက မဆုံးသေးတဲ့တိုက်ပွဲတွေဟာ စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။ အရင်ဆုံးတော့ (၄)ကြိမ်မြောက်တိုက်ပွဲဖြစ်မယ့် အက်အေဖလားအကြောင်းလေးကို သုံးသပ်ချင်ပါတယ်။

Photo Credit : Getty Image

ယူနိုက်တက်က ဒီရာသီမှာ ချယ်လ်ဆီးအသင်းနဲ့ (၃)ကြိမ်တိုင်တိုင် ဆုံတွေ့ထားခဲ့ပြီး အဲ့ဒီ(၃)ကြိမ်လုံးကို အနိုင်ရယူထားခဲ့ပါတယ်။ လက်ရှိမှာလည်း ယူနိုက်တက်ရဲ့Form က အကောင်းဆုံးအခြေအနေမှာ ရှိနေတယ်လို့ ဆိုနိုင်ပေမယ့် ပွဲစဉ်(၆)ပွဲလောက် အပြောင်းအလဲနည်းလှတဲ့ လူစာရင်းကိုပဲ ပုံသေသုံးစွဲလာခဲ့ခြင်းကြောင့် ပွဲပန်းမှုဒဏ်တွေကို ခံစားနေရတဲ့အပြင် ကစားသမားတချို့မှာလည်း ကြံခိုင်မှုမပြည့်ဝတာတွေ ဖြစ်နေရပါတယ်။ ဒီပွဲမှာတော့ အရန်ကစားသမားတချို့ ပွဲထွက်လာနိုင်ပြီး ရိုမဲရိုး ဒန်နီရယ်ဂျိမ်းစ် အီဂါလိုတို့ ပါဝင်လာနိုင်ပါတယ်။

Photo Credit : Getty Image

ချယ်လ်ဆီးကတော့ ဒီရာသီမှာ ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တဲ့ ပွဲတိုင်းကို အရေးနိမ့်ထားသလို (၃)ပွဲမှာ သွင်းဂိုး(၁)သာပဲ ပြန်သွင်းနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးက နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း(၃)ပွဲလုံးမှာလည်း ရုန်းကန်ခဲ့ရသလို (၂)ပွဲရှံးပြီး (၁)ပွဲကိုလည်း နိုင်အောင်မနည်းကစားခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၁၈ခုနှစ် မေလနောက်ပိုင်းကစပြီး ယူနိုက်တက်ကို အနိုင်မယူနိုင်ခဲ့တာဆိုရင်လည်း (၆)ပွဲအထိကို ရှိလာခဲ့ပါပြီ။ ချယ်လ်ဆီးလည်း အရန်ကစားသမားတချို့ကို ထုတ်သုံးလာနိုင်ပြီး ကွင်းလယ်လူကန်တေကတော့ ဒီပွဲကို ပါဝင်ဖို့ မသေချာနိုင်သေးပါဘူး။

Photo Credit : Sky Sports

လတ်တလော အနေအထားတွေအရ ယူနိုက်တက်က ချယ်လ်ဆီးထက် ဖိုင်နယ်ကို တတ်ရောက်သွားဖို့ ပိုုမိုရေပန်းစားနေတာဆိုပေမယ့် မနေ့ကပွဲမှာလည်း ရေပန်းစားသွားတဲ့ မန်စီးတီးကို အာဆင်နယ်တို့ ဖြုတ်ချသွားခဲ့တာ မေ့ထားလို့မရပါဘူး။ ဆိုတော့ အက်အေဖလားဖိုင်နယ်က လန်ဒန်နဲ့မန်ချက်စတာလုပွဲ ဖြစ်လာမလား မကြာခဏ ဖြစ်ပေါ်လေ့ရှိတဲ့ လန်ဒန်ဒါဘီလုပွဲပဲ ဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါ။ (၂)သင်းလုံးက တိုက်စစ်အားကောင်းပြီး ခံစစ်ပိုင်းမှာတော့ အားနည်းချက်ကိုယ်စီ ရှိနေပါတယ်။ ကွင်းလယ်ကတော့ ကန်တီမပါနိုင်ရင် ချယ်လ်ဆီးဘက်က ယူနိုက်တက်ရဲ့ ပေါ့ဘာ ဖာနန်ဒက်ဇ် မာတစ်တို့ရဲ့ ကွင်းလယ်ကို ယှဉ်ရခက်နိုင်ပါတယ်။ မိနစ်(၉၀)အတွင်း သရေကျနိုင်ပြီး ယူနိုက်တက်ပဲ ဖိုင်နယ်တတ်သွားနိုင်ပါတယ်။