မန်ချက်စတာယူနိုက်တက်အသင်းအပါအဝင် ဥရောပထိပ်သီး ကလပ်အသင်းများစွာ စိတ်ဝင်စားနေကြတဲ့ တိုက်စစ်ကစားသမား ရန်ဒယ်ကိုလိုမူအာနီ အခု ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ရောင်းထုတ်မှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက် ထားရှိသွားမယ်လို့ ဖရန့်ဖတ်အသင်းက ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : The Athletic

အသက်(၂၄)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား မူအာနီဟာ ၂၀၂၂ခုနှစ် နွေရာသီကမှ လီဂူးကလပ် နန့်စ်အသင်းကနေ ဖရန့်ဖတ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြင်သစ်အသင်းအတွက် ရွေးချယ်ခံခဲ့ရတဲ့အပြင် မော်ရိုကိုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆီမီးဖိုင်နယ်ပွဲမှာပါ ကမ္ဘာ့ဖလားသွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း ဖရန့်ဖတ်အသင်းအတွက် (၂၃)ပွဲကစား (၈)ဂိုး သွင်းယူထားနိုင်တဲ့ မူအာနီကို လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းက စိတ်ဝင်အစားဆုံး ဖြစ်နေပါတယ်။

who is Randal Kolo Muani, Bondy's other crack, called up for the World Cup  - UK Daily News

Photo Credit : UK Daily News

ယူနိုက်တက်အသင်းဟာ တိုက်စစ်ကစားသမား မူအာနီအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီဆိုတဲ့ သတင်းတွေ ဒီရက်သတ္တပတ်ထဲမှာပဲ ထွက်ပေါ်လာခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ ကမ်းလှမ်းမှု တစ်စုံတစ်ရာမှ မရှိသေးတဲ့အပြင် ဖရန့်ဖတ်အသင်းဘက်ကလည်း သူတို့ကစားသမားကို အနည်းဆုံးတော့ အခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ အသင်းမှာ ဆက်ထိန်းထားပြီးမှ လာမယ့်နွေမှသာ ရောင်းချဖွယ် ရှိနေပါတယ်။ နန့်စ်အသင်းကနေ free transfer နဲ့ ရရှိထားတဲ့ အရည်အသွေးမြင့် တိုက်စစ်ကစားသမား မူအာနီအတွက် ဖရန့်ဖတ်ဘက်က ပြောင်းကြေးရွှေ့အဖြစ် ယူရိုသန်း(၉၀)နဲ့သန်း(၁၀၀)ကြားလောက်အထိ အလိုရှိနေပြီး ကစားသမားလေးရဲ့ မူလတန်ကြေးက ယူရိုသန်း(၄၀)သာ ရှိနေပေမယ့်လည်း ဖရန့်ဖတ်နဲ့ စာချုပ်သက်တမ်းက ၂၀၂၇ခုနှစ်အထိ ရှိနေတာရယ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့်ရယ် တန်ကြေးကို လိုသလို ကစားလို့ရသွားတာ ဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်ကတော့ လာမယ့်နွေမှာ အသင်းပြောင်းဖို့ ဆန္ဒရှိနေပြီး ဘွန်ဒစ်လီဂါက ဘိုင်ယန် ဒါမှမဟုတ် ဒေါ့မွန်တို့ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ဆင်နွဲဖို့လည်း ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။