နွေဈေးကွက် မပိတ်သိမ်းခင်မှာ ဂိုးသမားတစ်ဦးကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက လက်ရှိ ဂိုးသမား ဒေးဗစ်ဒဟေးယားရဲ့နောက် ဒုတိယ ဦးစားပေး ဂိုးသမားအဖြစ် ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အဲဗာတန် ဂိုးသမားကြီး အာဆမီဘီဂိုဗစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ဗြိတိန်သတင်းစာ The Telegraph က ဖော်ပြလာခဲ့ပါတယ်။

Tak Setuju Penghentian & Penundaan, Asmir Begovic Minta Liga Tetap Jalan  Walau Corona Mewabah | Goal.com Indonesia

Photo Credit : Goal

ယူနိုက်တက်အသင်းဟာ လိဒ်စ်ယူနိုက်တက် ဂိုးသမား အယ်လန်မယ်လီယေနဲ့ မိုချန်ဂလာဘတ် ဂိုးသမား ဆွန်းမားတို့ကို ခေါ်ယူသွားဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဂိုးသမားနှစ်ဦးလုံးက သက်ဆိုင်ရာ ကလပ်အသင်းတွေရဲ့ အရေးပါတဲ့ ကစားသမားတွေ ဖြစ်နေတာကြောင့် ယူနိုက်တက်ရဲ့ကြိုးပမ်းမှုတွေအပေါ် စိတ်မဝင်စားကြောင်း တုံ့ပြန်ထားခဲ့ပါတယ်။ ဒီလို အခြေအနေကြောင့် ယူနိုက်တက်က အဲဗာတန်အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမားကြီးဖြစ်တဲ့ ဘော့စနီးယား ဂိုးသမားကြီး ဘီဂိုဗစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

ASMIR BEGOVIC SIGNS FOR EVERTON | FIRST INTERVIEW WITH NEW BLUES GOALKEEPER  - YouTube

Photo Credit : Youtube

အသက်(၃၅)နှစ်အရွယ်ရှိ ဘော့စနီးယား ဝါရင့်ဂိုးသမားကြီး ဘီဂိုဗစ်ဟာ ပြီးခဲ့တဲ့နှစ် နွေဈေးကွက်ကမှ အဲဗာတန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။ ကစားသမားဘဝအတွင်း ပရီးမီးယားလိဂ်ပွဲပေါင်း (၂၅၅)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့တဲ့ ဘီဂိုဗစ်ဟာ လက်ရှိ အဲဗာတန်အသင်းမှာ အင်္ဂလန် ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့နောက် ဒုတိယ ဦးစားပေး ဂိုးသမားအဖြစ် ရှိနေတာဖြစ်ပြီး မနှစ်က ရာသီမှာတော့ အဲဗာတန်အတွက် ပြိုင်ပွဲစုံ (၇)ပွဲအထိ ပါဝင်ခွင့်ရထားခဲ့ပါတယ်။ အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်ကလည်း ဘီဂိုဗစ်လို အတွေ့အကြုံရင့် ဂိုးသမားတစ်ဦးကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားချင်နေသလို ဂိုးသမားတစ်ယောက် လိုအပ်နေတဲ့ ယူနိုက်တက်အသင်းကလည်း ချယ်လ်ဆီး အေစီမီလန် ဘုန်းမောက် စတုတ်စီးတီးတို့ရဲ့ ဂိုးသမားဟောင်းကို ခေါ်ယူသွားချင်နေပါတယ်။ ယူနိုက်တက်အနေနဲ့ အသင်းမှာ ဒဟေးယားနဲ့ တွမ်ဟီတန်တို့သာ အသင်းရဲ့ ဂိုးသမားတွေအဖြစ် ရှိနေရပြီး နောက်ထပ် ဂိုးသမားတစ်ဦးဖြစ်တဲ့ ဒင်းဟန်ဒါဆန်ကို နော်တင်ဟမ်ဖောရက်စ်အသင်းဆီ တစ်ရာသီ အငှားချခဲ့တာကြောင့် 2nd choice goalkeeper တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေရပြီး ဘီဂိုဗစ်ကို ပစ်မှတ်ထားလာခဲ့ရတာ ဖြစ်ပါတယ်။